မိမိခင်ပွန်း/ဇနီး အပေါ်သစ္စာရှိပါ
unicode
မယားရှိ ယောက်င်္ကျားတွေ၊ လင်ရှိတဲ့ မယားတွေအသေချာ ဖတ်ကြည့်သွားကြပါ
လင်ရှိတဲ့ မယားတွေ မယားရှိတဲ့ ဖွန်ရူးတွေ သေချာဖတ်ပါ။ ဒူးနဲ့မျက်ရည်သုတ်ရတဲ့ ဘဝမရောက်ခင် ပြင်သင့်တာကိုပြင်ပါ။သက္ခာ အကြောက်တရား မရှိရင်ဆက်လုပ်ချင်ရာလုပ်ကြပါ။
သူတော်စဉ် ယောင်ယောင် လူကြီး လူကောင်း ယောင်ယောင်နဲ့ ကြောင်သူတော် ကြွက်သခိုးမလုပ်ကြပါနဲ့ …။Online သုံးပြီး အရွံဆုံးက လင်ရှာမယားရှာ လင်ရူးဖွန်ရူး တွေပဲ။
အိမ်ကညီမ အမနဲ့ဇနီမယားကို လူများတွေကြည့်မှာကို ကြောက်တဲ့လူ သဝန်တိုတတ်တဲ့လူ သူများ သားမယားကိုကြတော့ ဘာလို့အချောင်နှိက်ချင်နေကြတာလဲ …?
တိုက်ဆိုင်လို့ စိတ်ဆိုးရင် တစ်ခါတည်း Block သွားပါ အမှန်တရားက အမှန်တရားပါပဲ …။ “အိမ်ထောင်ရှင်နှင့် On Line အန္တရာယ် ခေတ်ကာလ ပြောင်းလာသည်နှင့်အမျှ (ပြစ်မူ့)ကျူးလွန်မှု့များသည် ပို၍ပို၍ လွယ်ကူလှပါတယ် …။
ရှေးယခင်ချစ်သူရည်းစားထားဖို့ခက်ခဲကောင်း.ခက်ခဲပါလိမ့်မယ်။ ယခုခေတ် ကာလတွင် ” Online Chatting”ပြုခြင်း စသ ည်များပေါများလာပါတယ်။ ဖုံးနှင့်လက်ညိုးထိရုံဖြင့် ရည်းစားဖြစ်သွားကြပါတယ် …။
အိမ်တွင်းပုန်းများ သိက္ခာရှင်အမျိုးသမီးများ ယောက်ျားတယော က်နှင့် ပြင်ပ၌စကားပြောဖို့ ကြောက်ရွံ့သူများပင် အမျိုးသားများစွာဖြင့်” chat box” မှာ သာယာနေကြပါတယ် …။
Facebook,Bee-Talk,WeChat “စသည့်နေရာများ၌ အပျိုအအို အိမ်ထောင်သည် လူငယ်လူကြီးများစွာဖြင့် ပြည့်နှက်နေပါတယ် …။
အပျိုလူပျိူကဏ္ဍထက် အိမ်ထောင်သည်ယောက်ျား မိန်းမများလည်း ” online”မိတ်ဆွေများထားရှိကြပါတယ် …။ အချို့အချို့လည်း စည်းရှိကြတယ်။
ထိုသူတို့ အသုံးပြုခြင်းဟာ ဘာသာရေး၊လူမှုရေး၊ သတင်းဆိုင်ရာဗဟုသုတများအတွက် သာဖြစ်ပါတယ် …။ သို့သော်အချို့အိမ် ထောင်သည် အမျိုးသမီးများသည် ခင်ပွန်းသည် အိမ်မှာမရှိခိုက်” online” ပေါ်မှ ယောက်ျားကလေးများဖြင့် ပြောဆိုရင်းနှီး ကျွ မ်းဝင်ကြပါတယ် …။
မိမိပုံ ph number စသည့် ကိုယ်ရေး အချက်များပင်ပေးပို့ ၍ပျော်ရွှင်နေတတ်ကြပါတယ် …။ အချို့ ယောက်ျားများသည် ဘာလာလာ down မည်ဆိုသလို လင်မရှိမယားမှန်းသိသိရဲ့ သူတောင်ရောသေးတာဘဲ ကိုယ်လဲ Q မှာပေါ့ စသဖြင့် တဆင့်တဆင့် ရှေ့သို့တိုးလာကြပါတယ် …။
ဤကဲ့သို့ပင် အချို့ အိမ်ထောင်ရှင် ယောက်ျားများ သည်လည်း online” ပေါ်မှမိန်းကလေးများအား အပြင်၌ ချိန်းဆိုခြင်း ချစ် ကြိုက် ပါသည်ဟု ပြောဆိုခြင်း စည်းသစ္စာဖောက်မှု့များ ကျူးလွ န်လာကြပါတယ် …။
အချို့မိန်းကလေးများသည် ချစ်မိသည့်အခါ အိမ်ထောင်သည်ဖြစ်နေပါစေ ရယူလိုကြသည်။ အိမ်ထောင်ရှိ အမျိုးသားသည် လူပျိုယောက်ျားလေးထက် အမျိုးသမီးအပေါ် သာယာမှု့ ပိုပေးတတ်သောကြောင့် နောက်ဆုံး လွန်ကြူးမိကြသည့် အခါကြီးမားသောပြဿနာရပ်များ ပေါ်ပေါက်ကြရသည်။
ဘာမှမဟုတ်ပါဘူး ဒီလောက်လည်း မဆိုးရွားလောက်ပါ အပျော်ဘဲဆိုသည့် Hi တလုံးမှစတင်ကာ အိမ်ထောင်ကွဲမှု့များအထိ ဖြစ် လာတတ်ပါတယ် …။
စာတကြောင်း call လေးတခုကြောင့် သွားလာဟူသည်များဖြစ် လာတတ်ပါတယ် ကာမပိုင်ဇနီးခင်ပွန်းမဆိုနှင့် ချစ်သူရည်းစားများသည်ပင် မိမိချစ်သူ သူစိမ်းသူနှင့် ပြောဆို ဆက်ဆံနေသည်ကို နှ လုံးသားရှိသူ အဘယ်သူ လိုလားအံ့နည်း။
ဤကဲ့သို့ ကိစ္စရပ်များ ပြသနာများဝမ်းနည်းဖွယ်ဖြစ်ရပ် များသည် တစစနှင့်အင်မတန်များပြားလာလျက်ရှိပါတယ်။ ထိန်းသိမ်းကြပါ။အိမ်ထောင်သည် များသည် မိမိခင်ပွန်း/ဇနီး အပေါ်သစ္စာရှိပါ။
Onlineအသုံးပြုသူများအနေနှင့် သူစိမ်းအမျိုးသား/သမီး များနှင့် အရေးတစုံတရာမှလွဲ၍ ပြောဆိုဆက်ဆံမှု့မှ ရှောင်ပါ။မိမိစိတ်ကိုထိန်းသိမ်းပါ …။
ဤကဲ့သို့ပင် လူပျိုအပျိုများသည်လည်း စည်းထားပါ။ကိုယ်ချင်းစာကျပါ”ငါသာ ထိုယောက်ျား/မိန်းမ၏ အမျိုးသား/အမျိုးသမီး ဖြစ်လျှင် ဘယ်လိုနေမလဲ။ခရက်ဒစ်
(Visited 9 times, 1 visits today)