ဘုရားျပဳျပင္မြန္းမံဖို့အတြက္ အႏုပညာေၾကးေတြကို လွူဒါန္းသြားမယ့္ သရုပ္ေဆာင္အံ့မင္းညိဳ

ဘုရားျပဳျပင္မြန္းမံဖို့ အတြက္ အႏုပညာေၾကးေတြကို လွူဒါန္းသြားမယ့္ အံ့မင္းညိဳ

အံမင္းညိဳကေတာ့ လက္ရွိ ေၾကာ္ျငာရိုက္ကူးေရးကေန ရရွိလာမယ့္ အ ႏုပညာေၾကးအားလုံးကို ကုသိုလ္အလွူျပဳသြားမယ္ လို့ ဆိုပါတယ္။အံ့မင္းညိဳကေတာ့ မတၱရာၿမိဳ့နယ္ ေရြးစု ေက်းရြာမွာရွိတဲ့ ေက်ာက္အိုးေစတီတာ္ႀကီး ျပဳျပင္မြမ္းမံဖို့ အတြက္ လက္ရွိ ေၾကာ္ျငာ ရိုက္ကူးေရးကေနရရွိလာမယ့္ အႏုပညာေၾကးေတြကို အကုန္လွူမယ္လို့ သူကေျပာပါတယ္

“မတၱရာၿမိဳ့နယ္၊ ေရြးစုေက်းရြာမွာရွိတဲ့ ေက်ာက္အိုးေစတီေတာ္အတြက္ ကိုယ့္ အႏုပညာ အလုပ္ေတြ အားတဲ့ အခ်ိန္မွာ ဘုရား သန႔္ရွင္းေရးေတြ လုပ္ေနတယ္။ ၿပီးေတာ့ ေစတီေတာ္ ရင္ျပင္မွာ လိုအပ္ေနတဲ့ ေႂကြျပားေတြကို ပိုက္ဆံ ပိုရင္ ပို သလို ေႂကြျပားေတြ ခင္းၿပီး ကုသိုလ္ယူမယ္။ လက္ရွိမွာေတာ့ ကၽြန္ေတာ္က ေၾကာ္ျငာေလး တစ္ခုကို မတၱရာၿမိဳ့မွာ ရိုက္မယ္။

အဲဒီက ရတဲ့ ေၾကာ္ျငာခ အကုန္လုံးကို ေက်ာက္အိုးေစတီေတာ္ ျပဳျပင္တဲ့ အထဲကို ကၽြန္ေတာ့္ရဲ့ အႏုပညာေၾကး အကုန္လုံး ထည့္မွာပါ” ဆိုၿပီးေတာ့ ေအာက္တိုဘာလ ၅ ရက္ေန႔ ေန႔လယ္(၁၁)နာရီေက်ာ္က သူ႔ ရဲ့ ေဖ့စ္ဘြတ္မွာ Live လႊင့္ရင္း ေျပာဆိုခဲ့တာပါ။

အံ့မင္းညိဳဟာ ေစတီေတာ္ ျပဳျပင္မြမ္းမံဖို့ အတြက္သာမက႐ုပ္ရွင္ရိုက္ကူူးေရးေတြ နားတဲ့အခ်ိန္မွာ ေစတီေတာ္ အနီးပတ္ဝန္းက်င္မွာရွိတဲ့ လမ္း၊ တံတားေတြကိုလည္း ျပဳျပင္တည္ေဆာက္ေပးလၽွက္ရွိတယ္လို့ သူ က ေျပာပါတယ္။

“ ဒီေစတီမွာ သီတင္းသုံးေနတဲ့ ဥဴးဇင္းတစ္ပါးက ဆြမ္းခံႂကြရင္ ေရထဲကေန ျဖတ္လာရတာျဖစ္လို့ ေခ်ာ္လဲတဲ့ အခါက်ရင္ ဘုန္းဘုန္းက အျမဲတမ္း ဆြမ္းမစားလိုက္ရတာေတြ မ်ားတယ္။ ဒါေၾကာင့္ အခုဆိုရင္ ကၽြန္ေတာ္နဲ႔ သူငယ္ခ်င္းေတြက တံတား ထိုးေပးၿပီးပါၿပီ။

ေစတီေတာ္ ဝန္းက်င္မွာ လမ္းမရွိေသးတဲ့ အတြက္ လမ္းခင္းေပးဦးမွာပါ။ ဘုရားေစတီေတာ္ႀကီးကို ျပဳျပင္ၿပီးသြားရင္ ေစတီေတာ္ေလး တစ္ဆူကိုလည္း ထပ္မံ ျပဳျပင္ မႊန္းမံသြားဖို့ ႀကိဳးစားမွာပါ။တတ္နိုင္သေလာက္ ေဆာင္ရြက္ခြင့္ရတဲ့ ပရဟိတေပါ့ခင္ဗ်ာ” လို့ ဆက္လက္ ေျပာဆိုလာပါတယ္။

အံ့မင္းညိဳကိုေတာ့ ဗီဒီယို ဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြ သိလာခဲ့တာ ျဖစ္ပါတယ္။ သူဟာ သမီးေလးရဲ့ က်န္းမာေရး အေျခအေနေၾကာင့္ အႏုပညာအလုပ္ေတြကို ခဏတာ ရပ္နားခဲ့ရာမွ ၂၀၁၉ ခုႏွစ္က စၿပီး သ႐ုပ္ေဆာင္ အလုပ္ကို ျပန္လည္ လုပ္ကိုင္ လာတာ ေတြ႕ရပါတယ္။ လက္ရွိမွာလည္း ေၾကာ္ျငာရိုက္ကူးေရးေတြ အနည္းငယ္ ရိုက္ကူးေနရတယ္လို့ သိရပါတယ္။

unicode . . .

ဘုရားပြုပြင်မွန်းမံဖို့ အတွက် အနုပညာကြေးတွေကို လှူဒါန်းသွားမယ့် အံ့မင်းညို

အံမင်းညိုကတော့ လက်ရှိ ကြော်ငြာရိုက်ကူးရေးကနေ ရရှိလာမ ယ့် အ နုပညာကြေးအားလုံးကို ကုသိုလ်အလှူပြုသွားမယ် လို့ ဆိုပါတယ်။အံ့မင်းညိုကတော့ မတ္တရာမြို့နယ် ရွေးစု ကျေးရွာမှာရှိတဲ့ ကျောက်အိုးစေတီတာ်ကြီး ပြုပြင်မွမ်းမံဖို့အတွက် လက်ရှိ ကြော် ငြာ ရိုက်ကူးရေးကနေရရှိလာမယ့် အနုပညာကြေးတွေကို အကုန်လှူမယ်လို့ သူကပြောပါတယ်

“မတ္တရာမြို့နယ်၊ ရွေးစုကျေးရွာမှာရှိတဲ့ ကျောက်အိုးစေတီတော်အတွက် ကိုယ့် အနုပညာ အလုပ်တွေ အားတဲ့ အချိန်မှာ ဘုရား သန့်ရှင်းရေးတွေ လုပ်နေတယ်။ ပြီးတော့ စေတီတော် ရင်ပြင်မှာ လိုအပ်နေတဲ့ ကြွေပြားတွေကို ပိုက်ဆံ ပိုရင် ပို သလို ကြွေပြားတွေခင်းပြီး ကုသိုလ်ယူမယ်။လက်ရှိမှာတော့ ကျွန်တော်က ကြော် ငြာလေး တစ်ခုကို မတ္တရာမြို့မှာ ရိုက်မယ်။

အဲဒီက ရတဲ့ ကြော်ငြာခ အကုန်လုံးကို ကျောက်အိုး စေတီတော် ပြုပြင်တဲ့ အထဲကို ကျွန်တော့်ရဲ့ အနုပညာကြေး အကုန်လုံး ထည့်မှာပါ” ဆိုပြီးတော့ အောက်တိုဘာလ ၅ ရက်နေ့ နေ့လယ်(၁၁) နာ ရီကျော်က သူ့ ရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ရင်း ပြောဆိုခဲ့တာပါ။

အံ့မင်းညိုဟာ စေတီတော် ပြုပြင်မွမ်းမံဖို့ အတွက်သာမကရုပ်ရှင်ရိုက်ကူူးရေးတွေ နားတဲ့အချိန်မှာ စေတီတော် အနီးပတ်ဝန်းကျင်မှာရှိတဲ့ လမ်း၊ တံတားတွေကိုလည်း ပြုပြင်တည်ဆောက်ပေးလျှက်ရှိတယ်လို့ သူ က ပြောပါတယ်။

“ ဒီစေတီမှာ သီတင်းသုံးနေတဲ့ ဥူးဇင်းတစ်ပါးက ဆွမ်းခံကြွရင် ရေထဲကနေ ဖြတ်လာရတာဖြစ်လို့ ချော်လဲတဲ့ အခါကျရင် ဘုန်းဘုန်းက အမြဲတမ်း ဆွမ်းမစားလိုက်ရတာတွေ များတယ်။ ဒါကြောင့် အခုဆိုရင် ကျွန်တော်နဲ့ သူငယ်ချင်းတွေက တံတား ထိုးပေးပြီးပါပြီ။

စေတီတော် ဝန်းကျင်မှာ လမ်းမရှိသေးတဲ့ အတွက် လမ်းခင်းပေးဦးမှာပါ။ ဘုရားစေတီတော်ကြီးကို ပြုပြင်ပြီးသွားရင် စေတီတော်လေး တစ်ဆူကိုလည်း ထပ်မံ ပြုပြင် မွှန်းမံသွားဖို့ ကြိုးစားမှာပါ။တတ်နိုင်သလောက် ဆောင်ရွက်ခွင့်ရတဲ့ ပရဟိတပေါ့ခင်ဗျာ” လို့ ဆက်လက် ပြောဆိုလာပါတယ်။

အံ့မင်းညိုကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ သိလာခဲ့တာ ဖြစ်ပါတယ်။ သူဟာ သမီးလေးရဲ့ ကျန်းမာရေး အခြေအနေကြောင့် အနုပညာအလုပ်တွေကို ခဏတာ ရပ်နားခဲ့ရာမှ ၂၀၁၉ ခုနှစ်က စပြီး သရုပ်ဆောင် အလုပ်ကို ပြန်လည် လုပ်ကို င် လာတာ တွေ့ရပါတယ်။ လက်ရှိမှာလည်း ကြော်ငြာရိုက်ကူးရေးတွေ အနည်းငယ် ရိုက်ကူးနေရတယ်လို့ သိရပါတယ်။source : Duwun Cele Yatkwat

(Visited 9 times, 1 visits today)