unicode . . .
နှစ်(၂၅၀၀)က ရှေးဟောင်းမံမီတွေကို ဖွင့်ကြည့်ချိန်မှာ ထူးဆန်းမှုတွေ ဆက်တိုက်ကြုံခဲ့ရ
လွန်ခဲ့တဲ့နှစ်ပေါင်း (၂၅၀၀)က စီမံခဲ့တဲ့ ရှေးဟောင်းမံမီတွေကို သက်ဆိုင်ရာ ရှေးဟောင်းသုတေသနပညာရှင်တွေက ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ ထူးဆန်းမှုတွေ ဆက်တိုက် ကြုံခဲ့ရပါတယ်။
မံမီဆိုတာ အီဂျစ်တွေရဲ့ ရိုးရာသင်္ဂြိုဟ်ခြင်း အတတ်ပညာနဲ့ မပုပ်သိုးအောင် စီမံထားတဲ့ရုပ်အလောင်းတွေကို ဆိုလိုတာဖြစ်ပါတယ်။၏အဆိုပါ ရုပ်မံမီတွေကို လေ့လာခြင်းဖြင့် ရှေးယခင်က လူတွေ ဘယ်လိုနေထိုင်၊ စားသောက်၊ ဝတ်စားခဲ့တယ်ဆိုတာ မြင်သာစေနိုင်ပါတယ်။
အခုလည်း လွန်ခဲ့တဲ့နှစ်ပေါင်း(၂၅၀၀)လောက်က ရှေးဟောင်းမံမီတွေကို ဖွင့်ကြည့်တဲ့အခါမှာ ထင်မှတ်မထားတဲ့ ထူးဆန်းမှုတွေကို ကြုံခဲ့ရပါတယ်။ ဂီဇာရှေးဟောင်းနယ်မြေမှာ တူူးဖော်မှုတွေပြု လုပ်နေတဲ့ ရှေးဟာင်း သုတေသန ပညာရှင်တွေဟာ လုံးဝ မတို့ရ မထိရသေးတဲ့ မံမီ (၅၉)ခုကို တွေ့ခဲ့ရပါတယ်။
ဆေးခြယ်ထားတဲ့ ခေါင်းတလားတွေနဲ့ စီမံထားတာဖြစ်ပြီး၊ အော က်တိုဘာ (၃)ရက်ကမှ တွေ့ရှိခဲ့တာပါ။ အဆိုပါ မံမီတွေကို ဖွင့်ကြည့်တဲ့အ ခါ ဦးနှောက်တွေကို ဖွင့်ထုတ်ဖယ်ရှားခံထားရတာကို တွေ့ရပါတယ်။
ဒီမံမီတွေရဲ့ သမိုင်းကြောင်းကို အတိအကျ ခန့်မှန်းဖို့ ခက်သော် လည်း ဦးနှောက်တွေကို ဖယ်ထုတ်ထားတဲ့ ဖြစ်စဉ်ဟာ-အတော်ထူးဆန်းနေပါတယ်။ မြေအနက် (၃၆)ပေမှာ ပြီးခဲ့တဲ့နှစ်လက တူးဖော်နိုင်ခဲ့တဲ့ မံမီ(၁၃)ခုမှာလည်း ဘာသာရေး ခေါင်းဆောင်ကြီးတွေ ဖြစ်ပုံရပါတယ်။
သုတေသန ပညာရှင်တွေဟာ အနက် (၃၂)ပေနဲ့ (၃၉) ပေကြားအထိ ထပ်မံတူးချဲ့ခဲ့ရာ၊ မံမီ (၅၉)ခုကို ဆက်လက်တွေ့ရှိခဲ့ပါတ ယ်။ ရှေးဟောင်းနယ်မြေနဲ့ (၁၀)မိုင်အထိ ဝေးတဲ့နေရာဖြစ်ပြီး၊ မံမီတွေမှာ ဦးနှောက်တွေ ဖယ်ရှားခံထားရရုံမက-သူတို့ရဲ့နှာခေါင်းကိုလည်း ငါးများချိတ်ပုံစံ သံချိတ်ကြီးတွေနဲ့ ထိုးဖောက်ထားတာကို တွေ့ရပါတယ်။
အပြစ်ပေးခံရတဲ့ ရာဇဝတ်သားတွေ ဖြစ်ပုံရပါတယ်။ တစ်ဖက်က တွေးကြည့်ရင် နှားခေါင်းကနေ ဦးနှောက်ဆံကို သံတံကျင်လျှိုပြီး စီရင်ခံခဲ့ရပုံပါဘဲ။ ဒီမံမီတွေကို Grand Egyptian ပြတိုက်မှာ ပြသထားမယ်လို့လည်း သိရပါတယ်။ ဘာကြောင့် ဒီလိုပုံစံနဲ့ သင်္ဂြိုဟ်ခဲ့တာလည်းဆိုတာကိုတော့ တိတိကျကျ မသိနိုင်သေးပါဘူး။မူရင်းဘာသာပြန်ဆိုသအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။
(Visited 6 times, 1 visits today)