အသက်(၉၉) နှစ်မှာ လူကြီးရောဂါနဲ့ဆုံးပါးသွားတာဖြစ်ပြီး အခုလို ကိုဗစ်ကာလကြီးမှာ အနုပညာမောင်နှမဖြစ်သူ မမို့ရဲ့အမေနောက်ဆုံးခရီးကို လိုက်ပါမပို့ဆောင်နိုင်တဲ့အပေါ် ရန်အောင်ကတော့ ဝမ်းနည်းကြောင်းစကား ဆိုခဲ့ပါတယ်။
unicode . . .
မမို့ ရဲ့အမေ နောက်ဆုံးခရီးအတွက် ဝတ္တရားမကျေသလိုခံစားရကြောင်း ပြောလာတဲ့ ရန်အောင်
ပရိသတ်ကြီးရေ ဒီနေ့ စက်တင်ဘာလ(၃၀) ရက်နေ့ နေ့လည်(၁) နာ ရီ(၅) မိနစ်မှာ အကယ်ဒမီများရှင်မို့မို့မြင့်အောင်ရဲ့ မိခင်ကြီးဆုံးပါးသွားတယ်လို့ သိရပါတယ်။
အသက်(၉၉) နှစ်မှာ လူကြီးရောဂါနဲ့ဆုံးပါးသွားတာဖြစ်ပြီး အခုလို ကိုဗစ်ကာလကြီးမှာ အနုပညာမောင်နှမဖြစ်သူ မမို့ရဲ့အမေနေ က်ဆုံးခရီးကို လိုက်ပါမပို့ဆောင်နိုင်တဲ့အပေါ် ရန်အောင်ကတော့ ဝမ်းနည်းကြောင်းစကား ဆိုခဲ့ပါတယ်။
ချစ်ရတဲ့အစ်မ မမို့(မို့မို့မြင့်အောင်)ရဲ့မွေးမိခင်ကြီး ယနေ့ နေ့လ ည်(၁) နာရီ(၅)မိနစ်မှာ လူကြီးရောဂါနှင့်ဆုံးပါးသွားတဲ့အတွက် မိသားစုနဲ့ထပ်တူဝမ်းနည်းကြေကွဲရပါတယ်။ကျွန်တော့်ကို ချစ်တဲ့၊ ကျွန်တော်က ချစ်တဲ့ မာမီ့ရဲ့ နောက်ဆုံးခရီးကို လိုက်မပို့ရ မျက်နှာလေးကိုမကြည့်လိုက်ရလို့ ပိုပြီး ခံစားကြေကွဲရပါတယ်မာမီရေ။
ကျွန်တော့်အိမ်နဲ့နီးပါတယ် လမ်းထိပ်တင်၊ ဒါပေမယ့် Covid ကြောင့် ဘယ်မှမသွား/မလာရတော့ ဝတ္တရားမကျေသလိုခံစားရပြန်တယ် အသက်(၉၉) နှစ် ရှိပြီဖြစ်တဲ့ မာမီရေ ဒီ(၉၉) နှစ်လုံး သုံးလာတဲ့ ခန္ဓာကိုယ် အဟောင်းကိုစွန့်ပြီး ကောင်းရာဘုံဘဝသစ်မှာ ခန္ဓာသစ်နဲ့ သုခချမ်းသာပြည့်စုံရရှိပါစေခင်ဗျာဆိုပြီး ဝမ်းနည်း ကြေကွဲကြောင်း စကားဆိုခဲ့ပါတယ်။
အခုလို ကိုဗစ်ကာလမှာ လူစုလူဝေးလုပ်ခြင်းကို ခွင့်မပြုထားတာမို့ အရမ်းရင်းနှီးသလို အိမ်ချင်းလည်း နီးနေပေမယ့် လိုက်ပါပို့ဆောင်ခွင့်မရတဲ့အပေါ် ရန်အောင်ကတော့ ဝမ်းနည်းစကားဆိုခဲ့တာပါ။ အနုပညာရှင်တော်တော်များများလည်း မမို့ရဲ့မိခင်ကြီးအတွက် ဝ မ်းနည်းစိတ်မကောင်း ဖြစ်ခဲ့ရသလို ကောင်းရာမွန်ရာ ရောက်စေဖို့ ဆုတောင်းပေးခဲ့ကြပါတယ်။ Source – Yan Aung
(Visited 10 times, 1 visits today)