ခက္ခဲေနတဲ့လူရႊင္ေတာ္ေတြကိုယ္စား အလွူလာခံေပးတဲ့ ဒိန္းေဒါင္ကိုလွဴလိုက္တဲ့ မင္းသားေနတိုး

ခက္ခဲေနတဲ့လူရႊင္ေတာ္ေတြကိုယ္စား ေနတိုးဆီက အလွူခံေပးခဲ့တဲ့ ဒိန္းေဒါင္

ျမန္မာနိုင္ငံမွာ ကိုဗစ္ေရာဂါပ်ံ႕ႏွံ့လာၿပီးေနာက္ပိုင္း ကာကြယ္ေရးအတြက္ အလုပ္ေတြ ရပ္နားခဲ့ၾကတဲ့အထဲမွာ လက္ရွိအခ်ိန္ထိ အလုပ္ေတြျပန္စခြင့္မရေသးတာကေတာ့ ႐ုပ္ရွင္ေလာကနဲ႔ သဘင္ေလာကသားေတြပါ။

အႏုပညာအလုပ္ကလြဲလို့ ဘာမွမလုပ္တတ္သူေတြအတြက္ ပိုမိုအခက္ေတြ႕ေစခဲ့သလို ႐ုပ္ရွင္ေလာကရဲ့ေအာက္ေျခအလႊာတခ်ိဳ့ကလူေတြလည္း ေဈးေရာင္းသူေရာင္း၊ ကယ္ရီဆြဲသူဆြဲနဲ႔ ၾကဳံရာက်ပန္းလုပ္ရင္း ဝမ္းေရးအတြက္ ေျဖရွင္းေနၾကရတဲ့အခ်ိန္လို့ ဆိုရမွာပါ။

႐ုပ္ရွင္ေလာကသားေတြ အတြက္ ျမန္မာနိုင္ငံ႐ုပ္ရွင္ အစည္းအ႐ုံးက တတ္နိုင္သေလာက္ ေထာက္ပံ့ကူညီေပးေနသလို သဘင္ေလာကသားေတြအတြက္လည္း ဖိုးခ်စ္ကေတာ့ ပိုသူလွူ လိုသူကူ အစီအစဥ္ကေန ႀကိဳးစားၿပီး လွူဒါန္းေပးေနတာကေတာ့ တကယ္ကို ေက်နပ္အားရစရာပါ။

ဒါ့အျပင္ တတ္နိုင္သူတခ်ိဳ့ကတည္း ေလာကသားေတြအတြက္ ကူညီေပးလ်က္ရွိပါတယ္။ဒီေန႔မွာလည္း ၾကဳံရာက်ပန္းလုပ္ကိုင္စားေသာက္ေနရတဲ့ ဟာသလူရႊင္ေတာ္ေတြအတြက္ ေနတိုးကေတာ့ ဒိန္းေဒါင္ဆီကတဆင့္ လွူဒါန္းေပးခဲ့ပါတယ္။

ေနတိုးကေတာ့ ကိုဗစ္ကာလအတြင္းမွာ အစိုးရေထာက္ပံ့ေရးအစီအစဥ္ေတြ၊ ရခိုင္ျပည္နယ္အေရးကိစၥေတြ၊ စားဝတ္ေနေရး ခက္ခဲေနတဲ့မိသားစုေတြ၊ လူရႊင္ေတာ္ေတြ၊ သဘင္ပညာရွင္ေတြ စတဲ့အလွူအ သီးသီးမွာ တစ္တပ္တစ္အား ပါဝင္ခဲ့သူပါ။

ဒီတစ္ေခါက္မွာလည္း ဒိန္းေဒါင္ဆီကေနတဆင့္ လူရႊင္ေတာ္ေတြအဆင္မေျပဘူးဆိုတဲ့ အသံၾကားတာနဲ႔ ခ်က္ခ်င္း သူကိုယ္တိုင္ဆယ္သိန္းမတည္ၿပီး လွူဒါန္းေပးခဲ့တဲ့အေၾကာင္း ဒိန္းေဒါင္က သူ႔ရဲ့လူမွုကြန္ရက္စာမ်က္ႏွာမွာ မၽွေဝေပးခဲ့ပါတယ္။

ကိုဗစ္ကာလကို အေကာင္းဆုံးေက်ာ္လႊားနိုင္ဖို့ ေငြအားနဲ႔တတ္အားသေရြ႕ကူညီေပးေနတဲ့ ေနတိုးကေတာ့ တကယ္ကို စံျပအႏုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီးေရ Source :Nay Toe

unicode . . .

ခက်ခဲနေတဲ့လူရွှင်တော်တွေကိုယ်စား နေတိုးဆီက အလှူခံပေးခဲ့တဲ့ ဒိန်းဒေါင်

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပျံ့နှံ့လာပြီးနောက်ပိုင်း ကာကွယ်ရေးအတွက် အလုပ်တွေ ရပ်နားခဲ့ကြတဲ့အထဲမှာ လက်ရှိအချိန်ထိ အ လုပ်တွေပြန်စခွင့်မရသေးတာကတော့ ရုပ်ရှင်လောကနဲ့ သဘင်လောကသားတွေပါ။

အနုပညာအလုပ်ကလွဲလို့ ဘာမှမလုပ်တတ်သူတွေအတွက် ပိုမိုအခက်တွေ့စေခဲ့သလို ရုပ်ရှင်လောကရဲ့အောက်ခြေအလွှာတချို့ကလူတွေလည်း ဈေးရောင်းသူရောင်း၊ ကယ်ရီဆွဲသူဆွဲနဲ့ ကြုံရာ ကျပန်းလုပ်ရင်း ဝမ်းရေးအတွက် ဖြေရှင်းနေကြရတဲ့အချိန်လို့ ဆိုရမှာပါ။

ရုပ်ရှင်လောကသားတွေ အတွက် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက တတ်နိုင်သလောက် ထောက်ပံ့ကူညီပေးနေသလို သဘင်လော ကသားတွေအတွက်လည်း ဖိုးချစ်ကတော့ ပိုသူလှူ လိုသူကူ အစီ အစဉ်ကနေ ကြိုးစားပြီး လှူဒါန်း ပေးနေတာကတော့ တကယ်ကို ကျေနပ်အားရစရာပါ။

ဒါ့အပြင် တတ်နိုင်သူတချို့ကတည်း လောကသားတွေအတွက် ကူ ညီပေးလျက်ရှိပါတယ်။ဒီနေ့မှာလည်း ကြုံရာ ကျပန်းလုပ်ကိုင်စားသောက်နေရတဲ့ ဟာသ လူရွှင်တော်တွေ အတွက် နေတိုးကတော့ ဒိန်းဒေါင်ဆီကတဆင့် လှူဒါန်းပေးခဲ့ပါတယ်။

နေတိုးကတော့ ကိုဗစ်ကာလအတွင်းမှာ အစိုးရထောက်ပံ့ရေးအစီ အစဉ်တွေ၊ ရခိုင်ပြည်နယ်အရေးကိစ္စတွေ၊ စားဝတ်နေရေး ခက်ခဲနေတဲ့မိသားစုတွေ၊ လူရွှင်တော်တွေ၊ သဘင်ပညာရှင်တွေ စတဲ့အ လှူအ သီးသီးမှာ တစ်တပ်တစ်အား ပါဝင်ခဲ့သူပါ။

ဒီတစ်ခေါက်မှာလည်း ဒိန်းဒေါင်ဆီကနေတဆင့် လူရွှင်တော်တွေအဆင်မပြေဘူးဆိုတဲ့ အသံကြားတာနဲ့ ချက်ချင်း သူကိုယ်တိုင်ဆယ်သိန်းမတည်ပြီး လှူဒါန်းပေးခဲ့တဲ့အကြောင်း ဒိန်းဒေါင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေပေးခဲ့ပါတယ်။

ကိုဗစ်ကာလကို အကောင်းဆုံးကျော်လွှားနိုင်ဖို့ ငွေအားနဲ့တတ် အားသရွေ့ကူညီပေးနေတဲ့ နေတိုးကတော့ တကယ်ကို စံပြအနု ပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်နော် ပရိသတ်ကြီးရေ Source :Nay Toe

(Visited 3 times, 1 visits today)