unicode . . .
နီပေါနိုင်ငံ မြေပြိုမှု လူခုနှစ်ဦးသေဆုံးကာ ၂၄ ဦး ပျောက်ဆုံး
နီပေါနိုင်ငံ ၊ဆင်ဒူပါချော့ခ်ခရိုင်၌ ယမန့်ညပိုင်းက မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူခုနှစ်ဦး သေဆုံးခဲ့ပြီး ၂၄ ဦးထက်မနည်း ပျောက် ဆုံးခဲ့ကြောင်း သိရသည်။မြေပြိုမှုကြောင့် ဘီခါကာအရပ်တွင် အိ မ် ၁၀ လုံးနှင့် နာပူဂျီဧရိယာတွင် အိမ်ခုနှစ်လုံး အပျက်အစီးများ အောက် ရောက်ရှိသွားခဲ့သည်။
ဘီခါကာအရပ်က အခင်းဖြစ်ရာ နေရာက အလောင်းခြောက်လောင်း တွေ့ရှိခဲ့ပြီး နာပူဂျီအရပ်မှာ နောက် ထပ် အလောင်းတစ်လောင်းတွေ့ရှိခဲ့ပါတယ်။ နာပူဂျီအရပ်မှာ လူ ၁၉ ဦးနှင့် ဘီခါကာဧရိယာမှာ လူငါးဦး ပျောက် ဆုံးနေပါတယ်ဟု ရဲအရာရှိ နာဝါရပ်ဂျ်နူပိန်းက ပြောသည်။လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံများနှင့်ပူးပေါင်း၍ ပျောက်ဆုံးနေသူများအား ရှာဖွေလျက်ရှိသည်။ ဖြစ် စဉ်အသေးစိတ်ကို မသိရသေးကြောင်း နာဝါရပ်ဂျ်နူပိန်းက ဆို သည်။
ဆင်ဒူပါချော့ခ်ခရိုင်တွင် သဘာဝဘေးအန္တရာယ်များ ဆက်လက်ဖြစ်ပွားခဲ့သည်။ သြဂုတ်လအတွင်း လီဒီ ကျေးရွာ၌ မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ရာ နေအိမ် ၁၇ လုံး ပျက်စီးခဲ့ပြီး ၃၇ လုံး ထိခိုက်ခဲ့ရသ ည်။ ထို့အပြင် ရွာသား ၃၉ ဦး သေဆုံးခဲ့ပြီး မိသားစု ၁၃၅ စု အိုး အိမ် စွန့်ခွာခဲ့ရသည်။source:Myitphyar Irra
(Visited 6 times, 1 visits today)