အမာခံပရိသတ်များနဲ့အတူတူ ရခိုင်ပြည်နယ်အတွင်း စစ်တွေဆေးရုံကြီးကို သိန်း (၅၀)ကို လှူဒါန်းခဲ့တဲ့ ဒေါင်း









unicode . . .

အမာခံပရိသတ်များနဲ့အတူတူ ရခိုင်ပြည်နယ်အတွင်း Covid -19 ထိန်းချုပ်ကုသရေးအတွက် စစ်တွေဆေးရုံကြီးကို သိန်း (၅၀)ကို လှူဒါန်းခဲ့တဲ့ ဒေါင်း

မင်းသားချော ဒေါင်းကတော့ ခန့်ညားတဲ့ ရုပ်ရည်သွင်ပြင်ကို ပိုင် ဆိုင်ထားရုံသာမက အနေတည်ပြီး အေးချမ်းတဲ့ စိတ်နှလုံးသားကို ပိုင်ဆိုင်ထားတာမို့ လူကြီး လူငယ် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေတာပဲ ဖြစ်ပါတယ်။

ဒေါင်းကတော့ နာမည်ကြီး မင်းသားတစ်လက် ဖြစ်ပေမယ့် ဂုဏ် ပကာသနတွေထက် ပရိသတ်တွေရဲ့ စစ်မှန်တဲ့ မေတ္တာနဲ့ ပရိသတ်တွေအတွက် အကောင်းဆုံး အနုပညာအရည်အသွေးတွေကို ချပြဖို့သာ ဆန္ဒရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း ဒီဘက်ခေတ် ပရိသတ်တွေကြားမှာ ဒေါင်း ရယ်လို့ နာမည်တစ်လုံးနဲ့ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။လက်ရှိ ကိုဗစ်ကာလမှာလည်း Stay Home နေရတဲ့ ပရိသတ်တွေအတွက် စာဖတ်ခြင်း၊ ကဗျာဖတ်ပြခြင်းတို့နဲ့ အချိန်ပေးနေတာပါ။

ဒေါင်းက Covid- 19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအတွက် လည်းကောင်း၊ စားဝတ်နေရေးအခက်အခဲဖြစ်တဲ့ ပြည်သူတွေအတွက်လည်းကောင်း သူတတ်နိုင်သလောက်ကို ကူညီထော က်ပံ့ပေးနေတာလဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာလည်း ဒေါင်းက သူ့ရဲ့ အမာခံပရိသတ်များဖြစ်တဲ့ ပီးချစ်တွေနဲ့အတူတူ ရခိုင်ပြည်နယ်အတွင်း Covid -19 ထိန်းချုပ်ကုသရေးအတွက် အလှူငွေ သိန်း (၅၀) တိတိ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဒေါင်းကတော့ သူတစ်ယောက်တည်းအားနဲ့လည်း အလှူအတန်းတွေ ပြုလုပ်နေသလို ပရိသတ်တွေနဲ့လည်း စုပေါင်းဒါနတွေ ပြု လုပ်ရင်း အချိန်တွေကို အကျိုးရှိရှိ  ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ဒေါင်းနဲ့ ပီးချစ်များရဲ့ ကုသိုလ်လေးကို ဝမ်း မြောက်ဝမ်းသာစွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။Source: Yin Moe Khaing’s fb

(Visited 11 times, 1 visits today)