နာမည်ကျော်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ချစ်သူအဖြစ်ရွေးချယ်ဖြစ်ခဲ့ပုံနဲ့ သူမရဲ့အချစ်ရေးအကြောင်းပြောပြလာတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်း
unicode . . .
နာမည်ကျော်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ချစ်သူအဖြစ်ရွေးချ ယ်ဖြစ်ခဲ့ပုံနဲ့ သူမရဲ့အချစ်ရေးအကြောင်းပြောပြလာတဲ့ အေးဝတ် ရည်သောင်း
အးဝတ်ရည်သောင်းဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည် ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ယခင်ကထ က်တောင် ပိုမိုရရှိလာပါတယ်။
အခုချိန်ထိလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာအဆက်မပြတ် သရုပ်ဆောင် နေရတဲ့ မင်းသမီးချောလေးပါ။ သူမဟာ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ရွှေချည်လွှာ နဲ့ ရွှေလွန်းသံ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။
ယခုရက်ပိုင်းမှာတော့ အေးဝတ်ရည်သောင်းက သူမရဲ့ ချစ်သူ ကိုချပြလာခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း လိုက်ဖက်တဲ့စုံတွဲလေးအဖြစ် ဝိုင်းဝန်းပြောဆိုနေကြတာပါချစ်သူကို ချပြဖြစ်ခဲ့ပုံကို မအေးသောင်းက Facebook မှာ တစ်ခါမှ ချစ်သူ ပုံ ချမပြခဲ့ဖူးဘူး။
ချစ်သူ ရဲ့ မွေးနေ့မှာ Surprise လုပ်ပေးချင်လို့ စုံတွဲ ပုံလေး တင်လိုက်တာပါ။ သူကိုယ်တိုင်လည်း Surprise ဖြစ်သွားတယ်။ ယောကျ်ားတစ်ယောက်ကို ရွေးချယ်ရင် သစ္စာတရား ကို အဓိကထားပါတယ်။ အကောင်းဆုံးဖြစ်မယ့် သူကို ရွေးချယ်ခဲ့တာပါလို့ ပြောပြလာခဲ့တာဖြစ်ပါတယ်။
နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကို ချစ်သူအဖြစ်ရွေးချယ်ဖြစ်ခဲ့ပုံကိုလဲ စီးပွားရေး လုပ်ငန်းရှင်ရယ်လို့ ရွေးချယ်ခဲ့တာတော့ မဟုတ်ဘူး အမခံယူထားတာက ယောကျာ်းလေးတစ်ယောက်က ကိုယ့်ကိုနားလည်ရမယ် သစ္စာရှိရမယ် အမရဲ့ အလုပ်အပေါ်မှာ နားလည်မှုရှိရမယ် သူ့အလုပ်ကိုလည်း အမ နားလည်လို့ရတယ်ဆိုတော့ အများကြီးပါပဲ တစ်ယောက်ကို တစ်ယောက်ချစ်တာတွေရော ပေါင်းစပ်ပြီး ရွေးချယ်ဖြစ်ခဲ့တာပါလို့ ရှင်းပြသွားခဲ့တာပါ။
အေးဝတ်ရည်သောင်း ကတော့ အချိန်အတန်ကြာ ချမပြခဲ့တဲ့ ချစ်သူကို ချပြလာခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ ချီးကျူးခြင်းကိုရရှိနေခဲ့တာပါ ပရိသတ်ကြီးရေ မအေးသောင်းတစ်ယောက် ဘဝခရီးလမ်းကို အေးချမ်းသာယာစွာ လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်နော် ။ Crd