ကိုဗစ္ ကာကြယ္ေဆးကို ျမန္မာပါဝင္တဲ့ မဲေခါင္နိုင္ငံေတြအတြက္ ဦးစားေပးေရာင္းမည္ဟု တ႐ုတ္ေျပာ

ကိုဗစ္ ကာကြယ္ေဆးကို ျမန္မာပါဝင္တဲ့ မဲေခါင္နိုင္ငံေတြအတြက္ ဦးစားေပးေရာင္းမည္ဟု တ႐ုတ္ေျပာ

တ႐ုတ္နိုင္ငံက ကိုဗစ္-၁၉ ကာကြယ္ေဆးမ်ား ထုတ္လုပ္ၿပီး အသုံးျပဳပါက မဲေခါင္တိုင္းျပည္မ်ားအတြက္ ဦးစားေပးေထာက္ပံ့မည္ဟု တ႐ုတ္ဝန္ႀကီးခ်ဳပ္ လီခခ်န္က ယေန႔ ေျပာၾကားလိုက္သည္။

ဗြီဒီယိုကြန္ဖရင့္မွတစ္ဆင့္ က်င္းပသည့္ တတိယအႀကိမ္ေျမာက္ လန္ခ်န္း-မဲေခါင္ ပူးေပါင္းေဆာင္ရြက္မွု (LMC) ေခါင္းေဆာင္မ်ား၏ အစည္းအေဝး တက္ေရာက္စဥ္ ဝန္ႀကီးခ်ဳပ္ လီခခ်န္က ထိုသို့ ေျပာၾကားခဲ့ျခင္းျဖစ္ သည္။

လန္ခ်န္း-မဲေခါင္ ပူးေပါင္းေဆာင္ရြက္မွု အထူးရန္ပုံေငြအဖြဲ႕ မူေဘာင္အရ ျပည္သူမ်ား၏က်န္းမာေရး ျမႇင့္ တင္ေပးရန္ တ႐ုတ္နိုင္ငံက အထူးရန္ပုံေငြမ်ား ထူေထာင္မည္ျဖစ္ၿပီး မဲေခါင္တိုင္းျပည္မ်ားသို့ ကပ္ေရာဂါတိုက္ ဖ်က္ေရး ပစၥည္းကိရိယာမ်ားႏွင့္ နည္းပညာပံ့ပိုးမွု ဆက္လက္ျပဳလုပ္မည္ဟု ၄င္းက ဆိုသည္။

ကမၻာ့နိုင္ငံမ်ား၏ ကပ္ေရာဂါ တိုက္ဖ်က္မွုတြင္ စည္းလုံးညီညြတ္မွုႏွင့္ ပူးေပါင္းေဆာင္ရြက္မွု၏ အေရးပါမွု ႏွင့္ပတ္သက္၍ တ႐ုတ္နိုင္ငံက ကမၻာ့က်န္းမာေရး အဖြဲ႕အစည္း၏ ေဆာင္ရြက္မွုကိုပံ့ပိုးရန္ မဲေခါင္တိုင္းျပည္မ်ား ႏွင့္ လက္တြဲ ေဆာင္ရြက္လိုေသာ ဆႏၵရွိပါေၾကာင္း လီခခ်န္းက ေျပာသည္။

၂၀၁၄ ခုႏွစ္တြင္ တ႐ုတ္နိုင္ငံကစတင္ခဲ့သည့္ လန္ခ်န္း-မဲေခါင္ ပူးေပါင္းေဆာင္ရြက္မွု (LMC) အဖြဲ႕က တ႐ုတ္၊ ကေမၻာဒီးယား၊ ျမန္မာ၊ လာအို၊ ထိုင္းႏွင့္ ဗီယက္နမ္နိုင္ငံတို့ျဖင့္ ဖြဲ႕စည္းထားသည္။လန္ခ်န္းျမစ္မွာ တ႐ုတ္နိုင္ငံ အေနာက္ေတာင္ပိုင္း က်င္ဟိုင္း-တိဘက္ကုန္းျပင္ျမင့္ေဒသတြင္ အစျပဳစီး ဆင္းသည္။

ပင္လယ္တြင္းသို့ မေရာက္ရွိမီ ငါးနိုင္ငံကို ျဖတ္သန္းစီးဆင္းသည့္ အဆိုပါျမစ္ကို မဲေခါင္ျမစ္ဟု ေခၚဆို ၾကသည္။ကိုးကား။ဆင္ဟြာ People Media

unicode . . .

ကိုဗစ် ကာကွယ်ဆေးကို မြန်မာပါဝင်တဲ့ မဲခေါင်နိုင်ငံတွေအတွက် ဦးစားပေးရောင်းမည်ဟု တရုတ်ပြော

တရုတ်နိုင်ငံက ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထုတ်လုပ်ပြီး အ သုံးပြုပါက မဲခေါင်တိုင်းပြည်များအတွက် ဦးစားပေးထောက်ပံ့မည်ဟု တရုတ်ဝန်ကြီးချုပ် လီခချန်က ယနေ့ ပြောကြားလိုက်သည်။

ဗွီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပသည့် တတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ခေါင်းဆောင်များ၏ အစည်းအဝေး တက်ရောက်စဉ် ဝန်ကြီးချုပ် လီခချန်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ် သည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေအဖွဲ့ မူဘောင်အရ ပြည်သူများ၏ကျန်းမာရေး မြှင့် တင်ပေးရန် တရုတ်နိုင်ငံက အထူးရန်ပုံငွေများ ထူထောင်မည်ဖြစ်ပြီး မဲခေါင်တိုင်ပြည်များသို့ ကပ်ရောဂါတိုက် ဖျက်ရေး ပစ္စည်းကိရိယာများနှင့် နည်းပညာပံ့ပိုးမှု ဆက်လက်ပြုလုပ်မည်ဟု ၎င်းက ဆိုသည်။

ကမ္ဘာ့နိုင်ငံများ၏ ကပ်ရောဂါ တိုက်ဖျက်မှုတွင် စည်းလုံးညီ ညွ တ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှု နှင့်ပတ်သက်၍ တ ရုတ်နိုင်ငံက ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း၏ ဆောင်ရွက်မှုကိုပံ့ပိုးရန် မဲခေါင်တိုင်းပြည်များ နှင့် လက်တွဲ ဆောင်ရွက်လိုသော ဆန္ဒရှိပါကြောင်း လီခချန်းက ပြောသည်။

၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံက စတင်ခဲ့သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) အဖွဲ့က တရုတ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြင့် ဖွဲ့စည်းထားသည်။လန်ချန်းမြစ်မှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကျင်ဟိုင်း-တိဘက်ကုန်းပြင်မြင့်ဒေသတွင် အစပြုစီး ဆင်းသည်။

ပင်လယ်တွင်းသို့ မရောက်ရှိမီ ငါးနိုင်ငံကို ဖြတ်သန်းစီးဆင်းသည့် အဆိုပါမြစ်ကို မဲခေါင်မြစ်ဟု ခေါ်ဆို ကြသည်။ကိုးကား။ဆင်ဟွာ People Media

Tags: