ပညာေရးဝန္ႀကီးဌာနက အမွတ္စာရင္း ထုတ္မေပးေသးေသာ္လည္း လူမွုကြန္ရက္စာမ်က္ႏွာမ်ားတြင္ ေၾကာ္ျငာကာ ေငြေၾကးေတာင္းခံမွုမ်ား ရွိေန

ဆယ္တန္းအမွတ္စာရင္း ထုတ္ေပးမည့္ အစီအစဥ္ကို ႀကိဳတင္ေၾကညာမည္ လိုင္း‌ေပၚက လူလိမ္မ်ားကို မယုံပါႏွင့္

ယခုႏွစ္ တကၠသိုလ္ဝင္ စာေမး ပြဲ အမွတ္စာရင္း ထုတ္ေပး မည့္အစီ အစဥ္ကို ႀကိဳတင္ အသိ ေပးမည္ဟု ပညာေရးဝန္ႀကီးဌာန က ေၾကညာထားၿပီး လတ္တ ေလာတြင္ အမွတ္ စာရင္းထုတ္ ေပးျခင္းမရွိေသးေၾကာင္း ျမန္မာ နိုင္ငံစာစစ္ဦးစီးဌာန ညႊန္ၾကား ေရးမွူး ဦးမိုးျမင့္ေက်ာ္ကေျပာ သည္။

ယခင္ႏွစ္မ်ားက တကၠသိုလ္ဝင္ စာေမးပြဲအမွတ္ စာရင္းကို ေအာင္ စာရင္းထြက္ၿပီး တစ္ပတ္ အတြင္း ရန္ကုန္ႏွင့္ ေနျပည္ေတာ္ ရွိ ျမန္မာနိုင္ငံ စာစစ္ဦးစီးဌာန႐ုံး မ်ားတြင္ ထုတ္ေပးေလ့ရွိသည္။ ယခုႏွစ္တြင္ ကိုဗစ္ေၾကာင့္ အမွတ္ စာရင္းထုတ္ ေပးျခင္းကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ကိုဗစ္ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး လမ္းညႊန္ခ်က္မ်ားႏွင့္ အညီ ေဆာင္ရြက္နိုင္ရန္ ကိုဗစ္ ကာကြယ္ထိန္းခ်ဳပ္ ကုသေရးအ မ်ိဳးသားအဆင့္ ဗဟိုေကာ္မတီထံ တင္ျပမည္ျဖစ္ၿပီး ထိုေကာ္မတီက ခြင့္ျပဳမွသာ အမွတ္စာရင္း ထုတ္ ေပးျခင္း ကို ေဆာင္ရြက္မည္ျဖစ္ ေၾကာင္း ဦးမိုးျမင့္ေက်ာ္က ေျပာ သည္။

အမွတ္စာရင္းက မေပး ေသးဘူး။ ကိုဗစ္ ကာကြယ္ ထိန္းခ်ဳပ္ကုသ ေရးအမ်ိဳးသားအ ဆင့္ဗဟိုေကာ္မတီကို တင္ဦး မယ္။ ေလာေလာဆယ္ ကေတာ့ မထုတ္ေပးေသးဘူး။ ဘယ္လို ထုတ္ေပးမလဲဆိုတာ ျပည္သူေတြ သိေအာင္ ႀကိဳၿပီးေၾကညာေပးပါ လိမ့္မယ္ဟု ၎က ေျပာသည္။ ဝန္ႀကီးဌာနက အမွတ္စာ ရင္းထုတ္မေပးေသးေသာ္လည္း အမွတ္စာရင္ းၾကည့္ေပးမည္ျဖစ္ ေၾကာင္း လူမွုကြန္ရက္စာမ်က္ႏွာတြင္ ေၾကာ္ျငာကာ ေငြေၾကး ေတာင္းခံမွုမ်ား ရွိေနသည္။

မႏၲေလးတိုင္းေဒသႀကီးမွ ေက်ာင္းသား မိဘ ေဒၚေကခိုင္က အမွတ္စာရင္းၾကည့္ေပး မယ္ဆို တာ ေဖ့စ္ဘြတ္ခ္မွာေတြ႕လို့ ေမး ၾကည့္တာ။ ေဝ့မန္းနီးက တစ္ဆင့္ ေငြတစ္ေသာင္းလႊဲေပးရ မယ္ေျပာလို့။ ကိုယ္လည္း မိတ္ ေဆြေတြေမးၾကည့္ ေတာ့မွ လိမ္ ေတာင္းတာ မွန္းသိတာ ဟု ဆို သည္။ ကိုဗစ္ကူးစက္နိုင္မွု အႏၲရာယ္ေၾကာင့္ တကၠသိုလ္ဝင္ စာေမးပြဲေအာင္စာရင္းကို ၾသ ဂုတ္ ၉ ရက္က ပညာေရးဝန္ႀကီးဌာန ဝက္ဘ္ဆိုက္မ်ားတြင္ ေၾက ညာခဲ့ၿပီး ေအာင္စာရင္းေၾကညာ ၿပီးေနာက္တစ္ရက္တြင္မွေက် ာင္း အလိုက္ ေအာင္စာရင္းကို အေျခ ခံပညာ အထက္တန္းေက်ာင္း မ်ား၌ ကပ္ထားေပးခဲ့သည္။

၂၀၂၀ ျပည့္ႏွစ္တကၠသိုလ္ ဝင္စာေမးပြဲ ကို ေက်ာင္းသာ း၊ ေက်ာင္းသူ ကိုးသိန္းတစ္ေသာင္း ေက်ာ္ေျဖဆိုခဲ့ရာ ႏွစ္သိန္းကိုး ေသာင္းေက်ာ္ ေအာင္ျမင္ခဲ့ၿပီး ေအာင္ခ်က္ရာခိုင္ႏွုန္း ၃၂ ဒသမ ၀၆ ရာခိုင္ႏွုန္းရွိခဲ့သည္။Credit

unicode . . .

ဆယ်တန်းအမှတ်စာရင်း ထုတ်ပေးမည့် အစီအစဉ်ကို ကြိုတင်ကြေညာမည် လိုင်း‌ပေါ်က လူလိမ်များကို မယုံပါနှင့်

ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အမှတ်စာရင်း ထုတ်ပေး မည့်အစီ အစဉ်ကို ကြိုတင် အသိ ပေးမည်ဟု ပညာရေးဝန်ကြီးဌာန က ကြေညာထားပြီး လတ်တ လောတွင် အမှတ် စာရင်းထုတ် ပေးခြ င်းမရှိသေးကြောင်း မြန်မာ နိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးမိုးမြင့်ကျော်ကပြော သည်။

ယခင်နှစ်များက တက္ကသိုလ်ဝင် စာမေးပွဲအမှတ် စာရင်းကို အောင် စာရင်းထွက်ပြီး တစ်ပတ် အတွင်း ရန်ကုန်နှင့် နေပြည်တော် ရှိ မြန် မာနိုင်ငံ စာစစ်ဦးစီးဌာနရုံး များတွင် ထုတ်ပေးလေ့ရှိသည်။ ယခုနှစ်တွင် ကိုဗစ်ကြောင့် အမှတ် စာရင်းထုတ် ပေးခြင်းကို ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ် ရောဂါကာကွယ်ထိနးချု ပ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်နိုင်ရန် ကိုဗစ် ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံ တ င်ပြမည်ဖြစ်ပြီး ထိုကော်မတီက ခွင့်ပြုမှသာ အမှတ်စာရင်း ထုတ် ပေးခြင်း ကို ဆောင်ရွက်မည်ဖြစ် ကြောင်း ဦးမိုးမြင့်ကျော်က ပြော သည်။

အမှတ်စာရင်းက မပေး သေးဘူး။ ကိုဗစ် ကာကွယ် ထိန်းချုပ်ကုသ ရေးအမျိုးသားအ ဆင့်ဗဟိုကော်မတီကို တင်ဦး မယ်။ လော လောဆယ် ကတော့ မထုတ်ပေးသေးဘူး။ ဘယ်လို ထုတ်ပေးမလဲဆိုတာ ပြည်သူတွေ သိအောင် ကြိုပြီးကြေညာပေးပါ လိမ့်မယ်ဟု ၎င်းက ပြောသည်။ ဝန်ကြီးဌာနက အမှတ်စာ ရင်းထုတ်မပေးသေးသော်လည်း အမှတ်စာရင်း ကြည့်ပေးမည်ဖြစ် ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ကြော်ငြာကာ ငွေကြေး တောင်းခံမှုများ ရှိနေသည်။

မန္တလေးတိုင်းဒေသကြီးမှ ကျောင်းသား မိဘ ဒေါ်ကေခိုင်က အမှ တ်စာရင်းကြည့်ပေး မယ်ဆိုတာ ဖေ့စ်ဘွတ်ခ်မှာတွေ့လို့ မေးကြည့်တာ။ ဝေ့မန်းနီးက တစ်ဆင့် ငွေတစ်သောင်းလွှဲပေးရ မယ်ပြောလို့။ ကိုယ်လည်း မိတ်ဆွေတွေမေးကြည့် တော့မှ လိမ်တောင်းတာ မှန်းသိတာ ဟုဆိုသည် ။ ကိုဗစ်ကူးစက်နိုင်မှု အန္တရာယ်ကြောင့် တက္ ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို သြဂုတ် ၉ ရက်က ပညာ ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်များတွင် ကြေညာခဲ့ပြီး အောင်စာ ရ င်းကြေညာ ပြီးနောက်တစ်ရက်တွင်မှကျောင်း အလိုက် အောင်စာ ရင်းကို အခြေ ခံပညာ အထက်တန်းကျောင်း များ၌ ကပ်ထားပေးခဲ့သည်။

၂၀၂၀ ပြည့်နှစ်တက္ကသိုလ် ဝင်စာမေးပွဲ ကို ကျောင်းသား၊ ကျောင် သူ ကိုးသိန်းတစ်သောင်း ကျော်ဖြေဆိုခဲ့ရာ နှစ်သိန်းကိုး သောင်းကျော် အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၃၂ ဒသမ ၀၆ ရာ ခိုင်နှုန်းရှိခဲ့သည်။Credit