ဆင်ဆာမကျသေးတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှ မင်းသား အောင်ရဲလင်းရဲ့ ပုံကို မိုက်မိုက်ရိုင်းရိုင်းအကောင့်တွေမှာ အသုံးပြုနေတဲ့ အပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်လာခဲ့တဲ့ ဒါရိုက်တာညိုမင်းလွင်
unicode version . . .
ဆင်ဆာမကျသေးတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှ အောင်ရဲလင်း ရဲ့ အကျီချွတ်နဲ့ ပုံကို မိုက်မိုက်ရိုင်းရိုင်းအကောင့်တွေမှာ အသုံးပြုနေတဲ့ အပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်လာခဲ့တဲ့ ဒါရိုက်တာညိုမင်းလွင်
ဒါရိုက်တာ ညိုမင်းလွင်ဟာ အောင်မြင် ကျော်ကြားတဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ အပြင် သရုပ်ဆောင်ပိုင်း မှာလည်း အောင်မြင်သူ တစ်ယောက် ဖြစ်ပါတယ်။လက်ရှိမှာ ဇာတ်ကားများမှာ ပါဝင် သရုပ်ဆောင်ခြင်း သိပ်မတွေ့ရ တော့ပေမယ့် သူပါဝင်သရုပ် ဆေ င်ထားတဲ့ ဇာတ်ကားများမှာ သဘာဝကျကျ သရုပ်ဆောင်နိုင်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။
Family Life အနေနဲ့ကတော့ သမီးလေး နှစ်ယောက်ရှိပြီး ပျော် ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။ယခု ရက်ပိုင်းမှာတော့ ဒါရိုက်တာညိုမင်းလွင် ရိုက်ကူးထားပြီး ဆင်ဆာ မကျသေးတဲ့ SPA  ရုပ်ရှင် ဇာတ်ကားမှာ သရုပ် ဆောင် မင်းသားချော အောင်ရဲလင်းရဲ့ ဇာတ်ဝင်ခန်းဓာတ်ပုံတစ်ပုံ လူမှုကွန် ယက်ပေါ်မှာ ပျံ့နှံ့ သွားခဲ့တဲ့အပေါ် ညိုမင်းလွင်က ပြင်းပြင်း ထန်ထန် တုံ့ပြန်လာခဲ့တာပါ
ညိုမင်းလွင်က အောင်ရဲလင်း အကျီချွတ်နဲ့ ပုံကသာမာန်လူဆီမှာရှိနေမှာ မဟုတ်ဘူးလေ ဓာတ်ပုံတွေ ဘယ်က ထွက်လာတယ်ဆိုတာသိတယ် ကျင့်ဝတ်အရဆို မလုပ်သင့်ဘူး ပိုဆိုးတာက မိုက်မိုက် ရိုင်းရိုင်းတွေတင်တဲ့ ပို့စ်တွေမှာ ယူသုံးထားတာလို့ ပြောပြလာခဲ့တာပါ။ ဒါ့အပြင် ညိုမင်းလွင်က ဒီလိုလုပ်တာကလုံး၀ ကျင့်ဝတ်အရဆိုမလုပ်သင့်ဘူး။
ကျွန်တော်ကိုယ်တိုင် ဘယ်သူ့ဆီကထွက်တာလဲဆိုတာသိတယ်။တရားဥပဒေအရ အရေးယူတာ မျိုးလုပ်လို့ရပေမယ့် မလုပ်တော့ဘူး။နောက်ဆိုရင်တော့ ဒီလိုလူတွေနဲ့ ဆက်ဆံဖို့ တော်တော် သတိ ထား ရတော့မှာပေါ့ လို့ တုံ့ပြန် လာခဲ့တာဖြစ်ပါတယ်။
ပရိသတ်ကြီးရေ ညိုမင်းလွင်ကတော့ အောင်ရဲလင်းရဲ့ အကျီချွတ် ဓာတ်ပုံကို အလွဲသုံးစား ပြုလုပ်ထားတဲ့ အပေါ် ဒေါသထွက်နေခဲ့တာပဲဖြစ်ပါတယ်နော်။ လူမှုကွန်ယက်မှာ အထူးစိတ်ဝင်စားနေကြတာဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်။ crd : Shwe Yaung Myanmar