unicode version . . .
ချစ်သက်တမ်း ကိုးနှစ်နဲ့ငါးလ ပြည့်သွားခဲ့ပြီဖြစ်တဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာ
နားလည်မှုတွေ အပြည့်နဲ့ တည်ဆောက်ထားတဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ နှစ်ယောက်ရဲ့ ချစ်ဇာတ်လမ်းလေးဟာ ကိုးနှစ်နဲ့ငါးလ ပြည့်မြောက်ခဲ့ပါပြီ ။ ငယ်စဉ်ကတည်းက ချစ်ခဲ့ကြပြီး လက်ရှိအချိန်ထိလည်း သစ္စာရှိရှိနဲ့ လက်တွဲလာခဲ့ကြတာ တကယ်ကို အားကျစရာ ပါပဲ ။
အချိန်တွေပိုပြီး ကြာလာလေလေ အချစ်တွေပိုပြီး တိုးလာလေလေဆိုတာတော့ ငြင်းမရပါဘူး ။ အောင်မြင်မှု လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေသူ အချင်းချင်းမို့ ဝါသနာတွေကလည်း နီးစပ်ကြပါတယ် ။
အဆိုတော်နဲ့ မော်ဒယ် လေးတို့ရဲ့ ချစ်ဇာတ်လမ်းလေးဟာ ခိုင်မာတဲ့ သံယောဇဉ် ကြိုးတွေနဲ့ ချည်နှောင်ထားခဲ့လို့ အလွယ်တကူနဲ့ မပြတ်တောက် နိုင်တော့ပါဘူး။ Anniversary တိုင်းမှာလည်း ပျော်ရွှင်မှုတွေနဲ့ ဖြတ်သန်းစမြဲပါ။နှစ်ယောက်သားရဲ့ ခပ်ပြောင်ပြောင်ပုံရိပ်လေးတစ်ခုကို Relationship တစ်ခု ရေရှည် တည်မြဲဖို့ဆိုတာ စကားအတည်ကြီးတွေ သိပ်မပြောဘဲ တစ်ဦးကိုတစ်ဦး မျက်ခွက်ပြောင်နေဖို့ပဲ လိုပါတယ်။
Happy 9Yrs5mths ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ Happy Anniversary ပါ နောက်ထပ် နှစ်ပေါင်းများစွာမှာ အချစ်ပေါင်းများစွာနဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေး တည်ဆေ ာက် နိုင်ပါစေ။ source – Kyaw Htut Swe