အသည္းကြဲၿပီးသတ္ေသဖို႔လုပ္ေနတဲ့ ပရိသတ္တစ္ေယာက္အတြက္ ခြန္အားေပးခဲ့တဲ့ ပန္ကိတ္ဒါဒါ

ဒါဒါကေတာ့ သူမရဲ႕ Pancake DaDa Page ကေနတဆင့္ လူငယ္ေတြအတြက္ ခြန္အားေပးတဲ့ စာေတြေရးသားေနတဲ့ ေဖ့ဘုတ္စ္ ဆယ္လီတစ္ေယာက္ပါ ။

ဒီတစ္ခါမွာေတာ့ ညက ၁၂ နာရီေလာက္ေတာ့ရွိၿပီ။ ဒါဒါလည္း လုပ္စရာရွိတာလုပ္ၿပီး အိပ္မယ္ေပါ့။အဲ့မွာ စာတစ္ေစာင္ဝင္လာတယ္။ “သူအရမ္းခံစားေနရပါတယ္တဲ့။” အစကေတာ့ လူငယ္သဘာ၀ လာေျပာၾကတဲ့ အသည္းကြဲတယ္။ အိမ္နဲ႔အဆင္မေျပဘူး ပဲျဖစ္မွာပါ ဆိုတဲ့ အထင္နဲ႔ ကိုယ္လည္း မ်က္ႏွာသစ္ ေျခေထာက္လက္ေဆးၿပီ

တေအာင့္ၾကာေတာ့ application ေတြ Sign out လုပ္မယ္ ဆိုၿပီး ဖုန္းကိုင္လိုက္တာ…ဘုရားေရ… သူ႔ကိုယ္သူ အနာတရျဖစ္ေအာင္နဲ႔ သတ္ေသဖို့ ႀကိဳးစားတာ ၂ ေခါက္ရွိၿပီတဲ့။ ေကာင္ေလးက ႏွစ္ႏွစ္ေလာက္တြဲၿပီး အဆက္အသြယ္ မလုပ္ေတာ့လို့တဲ့ေလ။ ကိုယ္လည္း မ်က္လုံးျပဴးသြားတယ္။ လူ႔အသက္ကယ္ေကာင္းတယ္

မေကာင္းဘူးဆိုတာေတြ ခနထား။ခုခ်ိန္မွာ ဒါဒါသိတာက ဒီညီမေလး ကို တစ္ခုခု နားထဲဝင္ေအာင္ ေျပာရမယ္ ဆိုတာ ပဲ။ အဲ့အခ်ိန္ ဒါဒါ ဦးေႏွာက္ထဲ ဦးဆုံးဝင္လာတာက ေအာက္က စာေလး တစ္ပိုဒ္ပဲ။ လူတစ္ေယာက္ ကို အသန႔္ရွင္းဆုံးနဲ႔ အေကာင္းဆုံးခ်စ္ေပးတာဟာမမွားဘူး။ ဒါဟာ အမွားမဟုတ္ဘူး။ အလို႔ လည္းမဟုတ္ဘူး။

တုံးလို့လည္းမဟုတ္ဘူး။ ဒါေပမယ့္ အဲ့လူတစ္ေယာက္ေၾကာင့္ကိုယ့္အသက္ကိုေတာင္ တန္ဖိုးမထားပဲ အနာတရ လုပ္တာေတြကေတာ့ မွားတယ္။ လူတစ္ေယာက္ကိုယ့္အေပၚမေကာင္းတာလုပ္ထားတာကို ကလဲ့စားေခ်ခ်င္လား။ေပ်ာ္ရႊင္စြာ နဲ႔ ဘဝကို အဓိပၸါယ္ ရွိရွိ ေနထိုင္တာဟာ ကလဲ့စား ေခ် တာထက္ အမ်ားႀကီး ထိေရာက္ပါတယ္တဲ့။

(ဗိုလ္ႀကီးကားထဲမွာ ဒုတိယမင္းသားေျပာလိုက္တဲ့စကား) မွန္မမွန္ေတာ့မသိဘူး။ လိပ္ျပာသန႔္ၿပီး စိတ္ခ်မ္းသာတယ္ ဘဝလည္းတိုးတက္တယ္။ငါ့အေပၚလုပ္ရက္ေလျခင္း ငါ့ေမတၱာတြမျမင္ရေလးျခင္း ငါ့အခ်စ္ေတြ မျမင္ရေလျခင္း ငါအႏြံတာခံေပး၊ သည္းခံေပး၊ အခ်ိန္ေပးခဲ့တာ မသိတတ္ေလျခင္း မ်ားစြာနဲ႔ကိုယ့္ကိုယ္ကို

ႏွိပ္စက္ေနတာဟာလည္း ကိုယ့္ႏွလုံးသား အတြက္ မတရားေတာ့ဘူးေလ။ ဘယ္နာက်င္မွုမဆို တျဖည္းျဖည္းခ်င္း လႊတ္ခ်ၾကည့္ပါ။လႊတ္လိုက္လို့ တစ္ခုက်သြားရင္ ၀ဋ္ေႂကြး တစ္ခု ဆပ္လိုက္တယ္ ေပါ့။ ကိုယ့္အသက္ကိုယ္ေတာ့ တန္ဖိုးထား။ ကိုယ္ေသသြားရင္ အဲ့လူေတြက မခ်စ္လို့ လုပ္ရက္သြားပါတယ္ဆို

ကိုယ့္အသုဘက သူတို့အတြက္ ဟာသ တစ္ပုဒ္လို ပဲ ျဖစ္သြားမွာယုံဆို ျပီးနွစ္သိမ့္ေျပာဆိုခဲ႔ပါတယ္ ။ source – Pancake DADA

(unicode version) ဒါဒါကတော့ သူမရဲ့ Pancake DaDa Page ကနေတဆင့် လူငယ်တွေအတွက် ခွန်အားပေးတဲ့ စာတွေရေးသားနေတဲ့ ဖေ့ဘုတ်စ် ဆယ်လီတစ်ယောက်ပါ ။

ဒီတစ်ခါမှာတော့ ညက ၁၂ နာရီလောက်တော့ရှိပြီ။ ဒါဒါလည်း လုပ်စရာရှိတာလုပ်ပြီး အိပ်မယ်ပေါ့။အဲ့မှာ စာတစ်စောင်ဝင်လာတယ်။ “သူအရမ်းခံစားနေရပါတယ်တဲ့။” အစကတော့ လူငယ်သဘာ၀ လာပြောကြတဲ့ အသည်းကွဲတယ်။ အိမ်နဲ့အဆင်မပြေဘူး ပဲဖြစ်မှာပါ ဆိုတဲ့ အထင်နဲ့ ကိုယ်လည်း မျက်နှာသစ် ခြေထောက်လက်ဆေးပြီး

တအောင့်ကြာတော့ application တွေ Sign out လုပ်မယ် ဆိုပြီး ဖုန်းကိုင်လိုက်တာ…ဘုရားရေ… သူ့ကိုယ်သူ အနာတရဖြစ်အောင်နဲ့ သတ်သေဖို့ ကြိုးစားတာ ၂ ခေါက်ရှိပြီတဲ့။ ကောင်လေးက နှစ်နှစ်လောက်တွဲပြီး အဆက်အသွယ် မလုပ်တော့လို့တဲ့လေ။ ကိုယ်လည်း မျက်လုံးပြူးသွားတယ်။ လူ့အသက်ကယ်ကောင်းတယ်

မကောင်းဘူးဆိုတာတွေ ခနထား။ခုချိန်မှာ ဒါဒါသိတာက ဒီညီမလေး ကို တစ်ခုခု နားထဲဝင်အောင် ပြောရမယ် ဆိုတာ ပဲ။ အဲ့အချိန် ဒါဒါ ဦးနှောက်ထဲ ဦးဆုံးဝင်လာတာက အောက်က စာလေး တစ်ပိုဒ်ပဲ။ လူတစ်ယောက် ကို အသန့်ရှင်းဆုံးနဲ့ အကောင်းဆုံးချစ်ပေးတာဟာမမှားဘူး။ ဒါဟာ အမှားမဟုတ်ဘူး။ အလို့ လည်းမဟုတ်ဘူး။

တုံးလို့လည်းမဟုတ်ဘူး။ ဒါပေမယ့် အဲ့လူတစ်ယောက်ကြောင့်ကိုယ့်အသက်ကိုတောင် တန်ဖိုးမထားပဲ အနာတရ လုပ်တာတွေကတော့ မှားတယ်။ လူတစ်ယောက်ကိုယ့်အပေါ်မကောင်းတာလုပ်ထားတာကို ကလဲ့စားချေချင်လား။ပျော်ရွှင်စွာ နဲ့ ဘဝကို အဓိပ္ပါယ် ရှိရှိ နေထိုင်တာဟာ ကလဲ့စား ချေ တာထက် အများကြီး ထိရောက်ပါတယ်တဲ့။

(ဗိုလ်ကြီးကားထဲမှာ ဒုတိယမင်းသားပြောလိုက်တဲ့စကား) မှန်မမှန်တော့မသိဘူး။ လိပ်ပြာသန့်ပြီး စိတ်ချမ်းသာတယ် ဘဝလည်းတိုးတက်တယ်။ငါ့အပေါ်လုပ်ရက်လေခြင်း ငါ့မေတ္တာတွမမြင်ရလေးခြင်း ငါ့အချစ်တွေ မမြင်ရလေခြင်း ငါအနွံတာခံပေး၊ သည်းခံပေး၊ အချိန်ပေးခဲ့တာ မသိတတ်လေခြင်း များစွာနဲ့ကိုယ့်ကိုယ်ကို

နှိပ်စက်နေတာဟာလည်း ကိုယ့်နှလုံးသား အတွက် မတရားတော့ဘူးလေ။ ဘယ်နာကျင်မှုမဆို တဖြည်းဖြည်းချင်း လွှတ်ချကြည့်ပါ။လွှတ်လိုက်လို့ တစ်ခုကျသွားရင် ဝဋ်ကြွေး တစ်ခု ဆပ်လိုက်တယ် ပေါ့။ ကိုယ့်အသက်ကိုယ်တော့ တန်ဖိုးထား။ ကိုယ်သေသွားရင် အဲ့လူတွေက မချစ်လို့ လုပ်ရက်သွားပါတယ်ဆို

ကိုယ့်အသုဘက သူတို့အတွက် ဟာသ တစ်ပုဒ်လို ပဲ ဖြစ်သွားမှာယုံဆို ပြီးနှစ်သိမ့်ပြောဆိုခဲ့ပါတယ် ။ source – Pancake DADA