ကိုယ်တိုင်က ‌နေ့လားညလား မသိရ‌ပေမယ့် ဖခင်ဖြစ်သူကို လွမ်းဆွတ် တမ်းတနေတဲ့ မီးမီးခဲ
ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အ ဆိုတော် မီးမီးခဲ က တော့ ဒီကနေ့မှာ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာ ကနေ ဖခင်ဖြစ်သူကို သတိ ရ လွမ်းဆွတ် တမ်းတနေတဲ့ အကြောင်း ဖော်ပြလာ ခဲ့ပါတယ်။
မီးမီးခဲရဲ့ ဖခင်ဖြစ်သူ တေးရေး / တေးဆို စောဘွဲမှုးကတော့ မြန်မာနိုင်ငံ ဂီတလောကရဲ့ ဂီတဖခင် ကြီးလို့တောင် ပရိသတ်တွေရဲ့ တင်စားခေါ်ဝေါ် ခြင်းကို ခံရတဲ့ သူတစ်ယောက်ပါ။ ဒီနေ့  ဇူလိုင် လ (၂၄) ရက်နေ့ လေးမှာတော့
စောဘွဲ့မှုး ကွယ်လွန် သွားတာဟာ (၂၄) နှစ် ပြည့်မြောက်သွားခဲ့ပါပြီ။ မီးမီးခဲ ကတော့သူရဲ့ ဖခင်ဖြစ်သူ ကွယ်လွန်တာ (၂၄) နှစ်ပြည့်တဲ့ ဒီနေ့လေးမှာ “သူ ထားခဲ့တာ ဇူလိုင် (၂၄) မှာ(၂၄) နှစ် ပြည့်ခဲ့ ပြီလေ။
ခုထိ တရက်မှမမေ့သလို အမြဲ လွမ်းနေတုန်းပါပဲ အပါးရယ်။ ဒီအချိန်ထိ သူအသက်ရှင်နေသေးရင် သူ့ရဲ့မြေး(၁၂) ယောက်နဲ့အတူ ဘယ်လောက်ပျော်နေမှာလဲ။ တွေးကြည့်ရင်း စိတ်ကြေကွဲရတယ်။
သမီး လေးနာမည်ကို Narnia Bwe Mu Paw လို့ပေးထားတယ်။ သတိရခြင်း အမှတ်တရ ပေါ့လေ။ ထာဝရ ငြိမ်သက်ခြင်း နဲ့ အဖ ရင်ခွင်တော်မှာ အိပ်စက်သွားတဲ့အဖေ တနေ့ပြန်ဆုံမယ် လေနော်။ လွမ်းတယ် ပါးပါ” လို့
ဖခင်ဖြစ်သူကိုလွမ်းဆွတ်တမ်းတနေခဲ့ကြောင်း ဖော်ပြထားခဲ့တာပါ။ CeleGabar ပရိသတ်ကြီးရေ ဒီနေ့မှာ ဂီတလောကရဲ့ ကြယ်ပွင့်ကြီးတစ်ပွင့်ဖြစ်တဲ့ စောဘွဲ့မှုး ကွယ်လွန်တာ (၂၄)နှစ်တောင် ပြည့်သွားခဲ့ပါပြီ
(Visited 1 times, 1 visits today)