“သူ႕က်မွ ႏွလုံးခြဲ လည္ပင္းခြဲရ ဗိုက္အႀကိမ္ႀကိမ္ခြဲခံရတဲ့ အခက္ခဲေတြၾကား အသိမွတ္ျပဳ မခံရေတာ့ ေလာကႀကီးမွာ ဆက္မေနခ်င္ေတာ့ဘူး ဝမ္းနည္းစြာ ရင္ဖြင့္လာတဲ့ ထက္ထက္မိုးဦး

ကိုယ့္က်မွ ႏွလုံးခြဲ လည္ပင္းခြဲရ ဗိုက္အႀကိမ္ ႀကိမ္ခြဲခံရ အခက္အခဲ အမ်ားႀကီးရွိတဲ့ ၾကားထဲ အသိအမွတ္ အျပဳမခံရေတာ့ ေလာကႀကီးမွာဆက္မေနခ်င္ ေတာ့ဘူး “လို႔ သူမရဲ႕ အခက္အခဲေတြကို ဝမ္းနည္းစြာ ရင္ဖြင့္လာတဲ့ သ႐ုပ္ေဆာင္ ထက္ထက္မိုးဦး

သ႐ုပ္ေဆာင္ ထက္ထက္မိုးဦး ကေတာ့ တခ်ိန္က ေၾကာ္ျငာ ဘုရင္မလို႔ တင္စားရ ေလာက္ေအာင္ ထင္ရွားခဲ့တဲ့ နိုင္ငံေက်ာ္မင္းသမီး တစ္လက္ျဖစ္သလို အကယ္ဒမီ ဆုေတြကိုလည္း အလီလီကို ဆြတ္ခူးနိုင္ခဲ့တဲ့ မင္းသမီး တစ္လက္မွန္း

ပရိသတ္ႀကီး သိရွိၾကမွာပါ။ ယခု အခ်ိန္မွာေတာ့ မထက္တစ္ေယာက္ ေသခ်င္ေလာက္ ေအာင္ကို စိတ္ဓာတ္က်ေနၿပီး အရာရာတိုင္းကို လက္ေလွ်ာ့လိုက္ခ်င္ၿပီလို႔ ေျပာဆိုလာခဲ့တာပါ။ ထက္ထက္မိုးဦးရဲ႕ ဖခင္ျဖစ္သူနဲ႕ သူမအတြက္

Ve Ve Company ကသိန္း ၁၀၀ ေထာက္ပံ့ေပးတဲ့ အခမ္းအနားမွာ ဒီလို ေျပာၾကားခဲ့တာ ျဖစ္ၿပီး သူမအေနနဲ႕ အခုလို ခက္ခဲေနခ်ိန္မွာ သူမတခ်ိန္က ေၾကာ္ျငာေတြနဲ႕ အတူတြဲဖက္လုပ္ကိုင္ခဲ့ဖူးတဲ့ Ve Ve က အခုလိုေထာက္ပံ့ေပးတာကို ဝမ္းသာမိတယ္လို႔လည္းဆိုပါတယ္။

မထက္က အခုလက္ရွိသူမရဲ႕က်န္းမာေရး အေျခ အေနကို “အခုဗိုက္ခြဲထားတဲ့ ဒဏ္ရာကေတာ့ မသက္သာ ေသးပါဘူး။ ေနာက္ ၂ ရက္ ၃ ရက္ေနရင္ ျပန္ျပရမွာေပါ့။ေကာင္းေကာင္း အနားမယူလို႔ လို႔ေတာ့ ဆရာမက ေျပာပါတယ္။

ခြဲစိတ္ၿပီးသြားရင္ ၂ လေလာက္ေတ့ာ နားသင့္တယ္ေပါ့။ ကိုယ္ကမနားပဲ ခ်က္ခ်င္းအလုပ္ထဲဝင္တယ္…ၿပီးေတာ့ အနာႀကီးရွိရဲ႕ သားနဲ႕လည္း လိမ့္ က်သြားတယ္ ဆိုေတာ့ အဲ့လို အတြင္းခ်ဳပ္ ရိုးေတြက မေကာင္းေသးဘူးေပါ့ ”

လို႔ဖြင့္ဟ လာခဲ့ပါတယ္။”မင္းသမီးေတြလဲ အ မ်ားႀကီးပဲ ကိုယ့္လို ႏွလုံးခြဲရတယ္ ဆိုတာမရွိဘူး။ လည္ပင္း ခြဲလိုက္ရတယ္ ဆိုတာလည္း မရွိဘူး။ က်န္တဲ့ သူေတြလည္း အမ်ားႀကီးပဲ ကိုယ့္လို ဗိုက္ကို ခဏခဏခြဲရတယ္

ဆိုတာမရွိဘူး…. ေအာ္ငါက်မွ ျဖစ္တာပဲလားေပါ့ေနာ္…. တခါတေလက်ရင္ လူ႕ဘဝႀကီးမွာဆက္ၿပီးေတာ့ မေလွ်ာက္ခ်င္ ေတာ့ဘူးလို႔ ခဏခဏပဲေတြးမိတယ္ ဒီေလာကႀကီးမွာဆက္ မ ေလွ်ာက္ခ်င္ ေတာ့ဘူးလို႔ ခဏခဏ ေတြးမိတယ္။

ပိုက္ဆံ တစ္ခုတည္း ခက္ခဲတာ မဟုတ္ပါဘူးက်န္ ူတဲ့အရာေတြ အကုန္လုံးကလည္းအမ်ားႀကီးပဲ ခက္ခဲတယ္”ဆိုၿပီးရင္ထဲက ခံစားခ်က္ေတြကို ဖြင့္ဟလာခဲ့တာပါ။ “ကိုယ္ဘယ္ေလာက္ပဲေကာင္းေနေန ဘယ္ေတာ့မွလည္း

အေကာင္း ေျပာမခံရဘူး…. တခါတေလေတာ့လည္း ဝမ္းနည္းတာေပါ့။ စိတ္ဓာတ္လည္းအ ရမ္းက်တယ္။ ငယ္တုန္းကေတာ့ မိဘနဲ႕ တူတူမေနရဘူး ဟိုလူ႕နား ေျပးကပ္လိုက္ ဒီလူ႕နားေျပးကပ္လိုက္နဲ႕ တခါတေလ အေဖ့ကိုလည္း

စိတ္မေကာင္းဘူး ငယ္ငယ္တုန္း ကေတာ့ ပစ္ ထားၿပီးေတာ့မွ အခုက်ေတာ့ အကုန္လုံးက ခါး စည္းၿပီး ကိုယ္တစ္ေယာက္ တည္းခံရတယ္ဆိုေတာ့ စိတ္မေကာင္းဘူး…ဒါမဲ့ မိဘနဲ႕သားသမီး ဆိုေတာ့ အေကာင္းဆုံးေတာ့

အေဖ့ကို မရွိတာရွိတာ အကုန္လုပ္ ေပးမယ္လို႔ ေတာ့ စိတ္အားတင္ းၿပီးေနတာပဲ…. တကယ္က်ေတာ့ စိတ္ဓာတ္က်ၿပီး လူေတာထဲလည္း မသြားခ်င္ ေလာက္ေအာင္ ျဖစ္ေနၿပီလို႔ ဆိုလာခဲ့တာပါ။

သူမအတြက္ သူမပရိသတ္ေတြကသာ အားတင္းစရာျဖစ္တာမို႔ သူမကိုဆက္ခ်စ္ ဆက္အားေပးေပးပါ လို႔လည္း ေတာင္းဆို သြားခဲ့ပါေသးတယ္။ဒါကေတာ့ ထက္ထက္မိုးဦး တစ္ေယာက္ စိတ္ ဓာတ္က်ၿပီ

းဝမ္းနည္းစြာနဲ႕ ေျပာၾကားလာတဲ့ စကားသံေတြကို ျပန္လည္တင္ဆက္ေပးခဲ့တာပဲျဖစ္ပါတယ္ေနာ္။အားလုံးပဲ မထက္ကို ခ်စ္ၾကေသးရင္ အားေပးစကားေလးေျပာေပးခဲ့ၾကဖို႔ ေမတၱာရပ္ခံခ်င္ပါတယ္ေန္ာ။ Source – Shwe Yaung Myanmar

“ကိုယ့်ကျမှ နှလုံးခွဲ လည်ပင်းခွဲရ ဗိုက်အကြိမ် ကြိမ်ခွဲခံရ အခက်အခဲ အများကြီးရှိတဲ့ ကြားထဲ အသိအမှတ် အပြုမခံရတော့ လောကကြီးမှာဆက်မနေချင် တော့ဘူး “လို့ သူမရဲ့ အခက်အခဲတွေကို ဝမ်းနည်းစွာ ရင်ဖွင့်လာတဲ့ သရုပ်ဆောင် ထက်ထက်မိုးဦး

သရုပ်ဆောင် ထက်ထက်မိုးဦး ကတော့ တချိန်က ကြော်ငြာ ဘုရင်မလို့ တင်စားရ လောက်အောင် ထင်ရှားခဲ့တဲ့ နိုင်ငံကျော်မင်းသမီး တစ်လက်ဖြစ်သလို အကယ်ဒမီ ဆုတွေကိုလည်း အလီလီကို ဆွတ်ခူးနိုင်ခဲ့တဲ့ မင်းသမီး တစ်လက်မှန်း

ပရိသတ်ကြီး သိရှိကြမှာပါ။ ယခု အချိန်မှာတော့ မထက်တစ်ယောက် သေချင်လောက် အောင်ကို စိတ်ဓာတ်ကျနေပြီး အရာရာတိုင်းကို လက်လျှော့လိုက်ချင်ပြီလို့ ပြောဆိုလာခဲ့တာပါ။ ထက်ထက်မိုးဦးရဲ့ ဖခင်ဖြစ်သူနဲ့ သူမအတွက်

Ve Ve Company ကသိန်း ၁၀၀ ထောက်ပံ့ပေးတဲ့ အခမ်းအနားမှာ ဒီလို ပြောကြားခဲ့တာ ဖြစ်ပြီး သူမအနေနဲ့ အခုလို ခက်ခဲနေချိန်မှာ သူမတချိန်က ကြော်ငြာတွေနဲ့ အတူတွဲဖက်လုပ်ကိုင်ခဲ့ဖူးတဲ့ Ve Ve က အခုလိုထောက်ပံ့ပေးတာကို ဝမ်းသာမိတယ်လို့လည်းဆိုပါတယ်။

မထက်က အခုလက်ရှိသူမရဲ့ကျန်းမာရေး အခြေ အနေကို “အခုဗိုက်ခွဲထားတဲ့ ဒဏ်ရာကတော့ မသက်သာ သေးပါဘူး။ နောက် ၂ ရက် ၃ ရက်နေရင် ပြန်ပြရမှာပေါ့။ကောင်းကောင်း အနားမယူလို့ လို့တော့ ဆရာမက ပြောပါတယ်။

ခွဲစိတ်ပြီးသွားရင် ၂ လလောက်တေ့ာ နားသင့်တယ်ပေါ့။ ကိုယ်ကမနားပဲ ချက်ချင်းအလုပ်ထဲဝင်တယ်…ပြီးတော့ အနာကြီးရှိရဲ့ သားနဲ့လည်း လိမ့် ကျသွားတယ် ဆိုတော့ အဲ့လို အတွင်းချုပ် ရိုးတွေက မကောင်းသေးဘူးပေါ့ ”

လို့ဖွင့်ဟ လာခဲ့ပါတယ်။”မင်းသမီးတွေလဲ အ များကြီးပဲ ကိုယ့်လို နှလုံးခွဲရတယ် ဆိုတာမရှိဘူး။ လည်ပင်း ခွဲလိုက်ရတယ် ဆိုတာလည်း မရှိဘူး။ ကျန်တဲ့ သူတွေလည်း အများကြီးပဲ ကိုယ့်လို ဗိုက်ကို ခဏခဏခွဲရတယ်

ဆိုတာမရှိဘူး…. အော်ငါကျမှ ဖြစ်တာပဲလားပေါ့နော်…. တခါတလေကျရင် လူ့ဘဝကြီးမှာဆက်ပြီးတော့ မလျှောက်ချင် တော့ဘူးလို့ ခဏခဏပဲတွေးမိတယ် ဒီလောကကြီးမှာဆက် မ လျှောက်ချင် တော့ဘူးလို့ ခဏခဏ တွေးမိတယ်။

ပိုက်ဆံ တစ်ခုတည်း ခက်ခဲတာ မဟုတ်ပါဘူးကျန် ူတဲ့အရာတွေ အကုန်လုံးကလည်းအများကြီးပဲ ခက်ခဲတယ်”ဆိုပြီးရင်ထဲက ခံစားချက်တွေကို ဖွင့်ဟလာခဲ့တာပါ။ “ကိုယ်ဘယ်လောက်ပဲကောင်းနေနေ ဘယ်တော့မှလည်း

အကောင်း ပြောမခံရဘူး…. တခါတလေတော့လည်း ဝမ်းနည်းတာပေါ့။ စိတ်ဓာတ်လည်းအ ရမ်းကျတယ်။ ငယ်တုန်းကတော့ မိဘနဲ့ တူတူမနေရဘူး ဟိုလူ့နား ပြေးကပ်လိုက် ဒီလူ့နားပြေးကပ်လိုက်နဲ့ တခါတလေ အဖေ့ကိုလည်း

စိတ်မကောင်းဘူး ငယ်ငယ်တုန်း ကတော့ ပစ် ထားပြီးတော့မှ အခုကျတော့ အကုန်လုံးက ခါး စည်းပြီး ကိုယ်တစ်ယောက် တည်းခံရတယ်ဆိုတော့ စိတ်မကောင်းဘူး…ဒါမဲ့ မိဘနဲ့သားသမီး ဆိုတော့ အကောင်းဆုံးတော့

အဖေ့ကို မရှိတာရှိတာ အကုန်လုပ် ပေးမယ်လို့ တော့ စိတ်အားတင် းပြီးနေတာပဲ…. တကယ်ကျတော့ စိတ်ဓာတ်ကျပြီး လူတောထဲလည်း မသွားချင် လောက်အောင် ဖြစ်နေပြီလို့ ဆိုလာခဲ့တာပါ။

သူမအတွက် သူမပရိသတ်တွေကသာ အားတင်းစရာဖြစ်တာမို့ သူမကိုဆက်ချစ် ဆက်အားပေးပေးပါ လို့လည်း တောင်းဆို သွားခဲ့ပါသေးတယ်။ဒါကတော့ ထက်ထက်မိုးဦး တစ်ယောက် စိတ် ဓာတ်ကျပြီ

းဝမ်းနည်းစွာနဲ့ ပြောကြားလာတဲ့ စကားသံတွေကို ပြန်လည်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နော်။အားလုံးပဲ မထက်ကို ချစ်ကြသေးရင် အားပေးစကားလေးပြောပေးခဲ့ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်နေ်ာ။ Source – Shwe Yaung Myanma