တ႐ုတ္တြင္ ေရကာတာ က်ိဳးေပါက္မႈေၾကာင့္ လူ တေသာင္းခန႔္ ေရးေဘးဒုကၡေရာက္

တ႐ုတ္တြင္ ေရကာတာ က်ိဳးေပါက္မႈေၾကာင့္ လူ တေသာင္းခန႔္ ေရးေဘးဒုကၡေရာက္

တ႐ုတ္နိုင္ငံ တဝန္းမွာလည္း ေရႀကီး ေရလၽွံမွုက ပို၍ ဆိုးလာေနၿပီး နိုင္ငံအေရွ႕ပိုင္းမွာ ေရကာတာေတြ က်ိဳးေပါက္တာေၾကာင့္ လူေပါင္း ၁၀,၀၀၀ ေက်ာ္ ပိတ္မိေနပါတယ္။ Anhui ျပည္နယ္ Guzhen ၿမိဳ့တဝိုက္မွာ တနဂၤေႏြေန႔က ေရကာတာေတြကေနက်ာ္ၿပီး  ေရေတြဝင္လာပါတယ္။ တ႐ုတ္ ကြန္ျမဴနစ္ပါတီရဲ့

Guzhen ၿမိဳ့ဆိုင္ရာ အတြင္းေရးမွူး Wang Qingjum ကေတာ့ ေရႀကီး ေရလၽွံမွုက ၃ မီတာ အနက္- ၁၀ ေပေလာက္ ရွိတယ္လို့ ေျပာပါတယ္။ ဇြန္လတြင္း ေရႀကီး ေရလၽွံမွု စတင္ခ်ိန္ကစလို့ လူေပါင္း ၁၄၁ ေယာက္ထက္ မနည္း ေသဆုံး- ေပ်ာက္ဆုံးေနၿပီး အိမ္ ၁၅၀,၀၀၀ ေလာက္ ပ်က္စီးခဲ့ပါတယ္။

ဆုံးရွုံးမွုက ခန႔္မွန္းေျခ အေမရိကန္ ေဒၚလာ ၉ သန္းေလာက္ ရွိပါတယ္။ Anhui ျပည္နယ္ တဝန္းမွာ ေရႀကီးမွု သဘာဝ ေဘးဒဏ္ကို ေလ်ာ့ပါး သက္သာေစေရး အစြမ္းကုန္ ႀကိဳးစား ေဆာင္ရြက္ေနၾကပါတယ္။ ေရႀကီး ေရလၽွံမွုက သက္သာေစေရး အတြက္ ေရကာတာ တခုကို တနဂၤေႏြေန႔က ေဖာက္ခြဲၿပီး ဖြင့္ခ်လိုက္သလို

Xiangjiaba ဆည္က ေရလႊဲေပါက္ေတြကိုလည္း တနလာေနၤ့မွာ ဖြင့္ခ်လိုက္ပါၿပီ။ ၁၉၅၃ ခုႏွစ္မွာ တည္ေဆာက္ခဲ့တဲ့ Xiangjiaba ဆည္ႀကီးရဲ့ ဂိတ္ေတြ ဖြင့္ခ်တာဟာဆိုရင္ အခုတႀကိမ္နဲ႔ ဆို ၁၅ ႀကိမ္သာ ရွိခဲ့တာပါ။ မိုးသည္းထန္မွုေၾကာင့္ ပ်က္စီးဆုံးရွုံးမွုေတြ ျဖစ္ေနေပမယ့္လည္း တ႐ုတ္ အစိုးရပိုင္ Xinhua သတင္းေအဂ်င္စီကေတာ့ ၂၀၂၀ ျပည့္ႏွစ္ အတြင္း

တ႐ုတ္နိုင္ငံတြင္း ေသဆုံးမွုႏွုန္းနဲ႔ စီးပြားေရး အရ ဆုံးရွုံးရမွုက ႏွစ္စဥ္ ပ်မ္းမၽွႏွုန္းေအာက္မွာဘဲ ရွိတယ္လို့ ေဖာ္ျပထားပါတယ္။ crd-voa

(unicode version)

တရုတ်တွင် ရေကာတာ ကျိုးပေါက်မှုကြောင့် လူ တသောင်းခန့် ရေးဘေးဒုက္ခရောက်

တရုတ်နိုင်ငံ တဝန်းမှာလည်း ရေကြီး ရေလျှံမှုက ပို၍ ဆိုးလာနေပြီး နိုင်ငံအရှေ့ပိုင်းမှာ ရေကာတာတွေ ကျိုးပေါက်တာကြောင့် လူပေါင်း ၁၀,၀၀၀ ကျော် ပိတ်မိနေပါတယ်။ Anhui ပြည်နယ် Guzhen မြို့တဝိုက်မှာ တနင်္ဂနွေနေ့က ရေကာတာတွေကနေကျာ်ပြီး  ရေတွေဝင်လာပါတယ်။ တရုတ် ကွန်မြူနစ်ပါတီရဲ့

Guzhen မြို့ဆိုင်ရာ အတွင်းရေးမှူး Wang Qingjum ကတော့ ရေကြီး ရေလျှံမှုက ၃ မီတာ အနက်- ၁၀ ပေလောက် ရှိတယ်လို့ ပြောပါတယ်။ ဇွန်လတွင်း ရေကြီး ရေလျှံမှု စတင်ချိန်ကစလို့ လူပေါင်း ၁၄၁ ယောက်ထက် မနည်း သေဆုံး- ပျောက်ဆုံးနေပြီး အိမ် ၁၅၀,၀၀၀ လောက် ပျက်စီးခဲ့ပါတယ်။

ဆုံးရှုံးမှုက ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၉ သန်းလောက် ရှိပါတယ်။ Anhui ပြည်နယ် တဝန်းမှာ ရေကြီးမှု သဘာဝ ဘေးဒဏ်ကို လျော့ပါး သက်သာစေရေး အစွမ်းကုန် ကြိုးစား ဆောင်ရွက်နေကြပါတယ်။ ရေကြီး ရေလျှံမှုက သက်သာစေရေး အတွက် ရေကာတာ တခုကို တနင်္ဂနွေနေ့က ဖောက်ခွဲပြီး ဖွင့်ချလိုက်သလို

Xiangjiaba ဆည်က ရေလွှဲပေါက်တွေကိုလည်း တနလာင်္မဖွင့်ချလိုက်ပါပြီ။ ၁၉၅၃ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ Xiangjiaba ဆည်ကြီးရဲ့ ဂိတ်တွေ ဖွင့်ချတာဟာဆိုရင် အခုတကြိမ်နဲ့ ဆို ၁၅ ကြိမ်သာ ရှိခဲ့တာပါ။ မိုးသည်းထန်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်နေပေမယ့်လည်း တရုတ် အစိုးရပိုင် Xinhua သတင်းအေဂျင်စီကတော့ ၂၀၂၀ ပြည့်နှစ် အတွင်း

တရုတ်နိုင်ငံတွင်း သေဆုံးမှုနှုန်းနဲ့ စီးပွားရေး အရ ဆုံးရှုံးရမှုက နှစ်စဉ် ပျမ်းမျှနှုန်းအောက်မှာဘဲ ရှိတယ်လို့ ဖော်ပြထားပါတယ်။ crd-voa