





(unicode version) မိန်းမကိုမကျေနပ်ရာမှနေအိမ်မီးရှို့မှုဖြစ်ပွား

ကျွန်းစုမြို့နယ် မရွှေဦးကျေးရွာတွင် လင်မယား စကားများရာက မီးရှို့မှုဖြစ်ပွ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကမ်းကြီး ကျေးရွာအုပ်စု၊ မရွှေဦးကျေးရွာ၊ အထက်ပိကြပ်ရပ်တွင်

၉. ၇. ၂၀၂၀ နေ့ရက် နံနက်(၇)နာရီချိန်က ကိုအောင်နိုင်သူ (ဘ) ဦးမောင်နိုင် သည်လင်မယားစကားများ စိတ်ဆိုးရာမှ မိမိနေအိမ်အား ဓါတ်ဆီလောင်း၍ မီးရှို့ခဲ့ရာနံနက်( ၈)နာရီ

အချိန်တွင်မီးငြိမ်းခဲ့သည်ဟု သိရှိရပြီး၊ မီးလောင်မှုကြောင့်လူထိခိုက်မှု့မရှိဟု ကြားသိရပြီး ဓနိမိုး ၊ထရံကာ ပျဉ်ခင်း လူနေအိမ်တလုံး၊ တန်ဖိုးငွေကျပ် (၁၀)သိန်းခန့် ဆုံးရှုံးခဲ့သဖြင့်

လူနေအိမ်အားမီးလောင်ကျွမ်းစေခဲ့သူ ကိုအောင်နိုင်သူအား ကျွန်းစုမြို့နယ် ရဲစခန်းမှ ဥပဒေအရအရေးယူဆောင်ရွက်လျက်ရှိနေကြောင်းနေရာတကာမှ သတင်းရရှိခဲ့ပါသည်။ သတင်း ~ ဓါတ်ပုံ TNI (မြိတ်သား)