မေကြးတိုင္း ေက်ာက္ထုၿမိဳ႕၌ ေနအိမ္ေဈးဆိုင္အတြင္း ဝင္ေရာက္ လုယက္မႈျဖစ္

မေကြးတိုင္း ေက်ာက္ထုၿမိဳ႕၌ ေနအိမ္ေဈးဆိုင္အတြင္း ဝင္ေရာက္ လုယက္မႈျဖစ္

မေကြးတိုင္း ေက်ာက္ထုၿမိဳ႕ ကုံငုံရပ္ကြက္ရွိ ေန အိမ္ေဈးဆိုင္မွာ ဇူလိုင္ ၄ ရက္၊ မြန္းတည့္ပိုင္းက ဆိုင္ကယ္ စီးနင္းလာတဲ့ အမ်ိဳးသား ၂ ဦးက ဆိုင္ပိုင္ရွင္ အမ်ိဳးသမီးကို ထိုးႏွက္ၿပီး ၂ က်ပ္သား ေ႐ႊဆြဲႀကိဳးကို ျဖတ္ယူ လုယက္မႈ ျဖစ္ပြားခဲ့တယ္လို႔ ေဆာၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ျမင့္က ေျပာပါတယ္။

“အလုပ္မဲ့ ကေလးေတြက က်ေနာ့္အိမ္ေရွ႕ မ်က္ ႏွာခ်င္းဆိုင္ လက္ဖက္ရည္ဆိုင္ အလုအယက္ခံရတဲ့အိမ္နဲ႕ မ်က္ေစာင္းထိုး လက္ဖက္ရည္ ဆိုင္မွာ ထိုင္ေနပုံရတယ္။ ဒီအိမ္မွာလည္း မိသားစု သုံး ေလးဦး ရွိတယ္။ သူ႕ရဲ႕ အဘြား၊ သမီးနဲ႕ သမက္ေတြက ဆိုင္ကယ္နဲ႕ ထြက္သြားခ်ိန္မွာ ဒီကေလးႏွစ္ေယာက္က ဆိုင္ကယ္နဲ႕ ဝင္လိုက္တာ။”

လုယက္ခံရတဲ့ ေဈးဆိုင္နဲ႕ မ်က္ေစာင္းထိုးရွိ လက္ဖက္ရည္ဆိုင္ကေန ဆိုင္ကယ္နဲ႕ ထြက္လာတဲ့ လူငယ္ႏွစ္ဦးဟာ ေဈးဆိုင္ေရွ႕မွာ ဆိုင္ကယ္ရပ္ၿပီး အိမ္ထဲကို ဝင္လာကာ အိမ္ေရွ႕ေဈးဆိုင္မွာ ခင္းက်င္းထားတဲ့ ၾကက္သြန္ကို မယူဘဲ ေနအိမ္တြင္းရွိ ၾကက္သြန္ကို ယူမယ္လို႔ ေျပာဆိုပါတယ္။

အိမ္ထဲက ၾကက္သြန္ေတြက ေရစိုေနလို႔ မေကာင္ းေၾကာင္းေျပာတဲ့အခါ ခရမ္းခ်ဥ္ ၅၀ က်ပ္သား ယူမယ္ေျပာလို႔ ခရမ္းခ်ဥ္ ခ်ိန္ေနစဥ္ လည္ကုပ္ကို ကိုင္ၿပီး ေနအိမ္ မီးဖိုေဆာင္ထဲ ဆြဲေခၚလု ယက္ခဲ့တာလို႔ အသက္ ၅၀ ႏွစ္အ႐ြယ္ ဆိုင္ပိုင္ ရွင္ ေဒၚမိုးခိုင္က ေျပာပါတယ္။

“လည္ကုပ္ကို ဆုပ္ဆြဲၿပီး ေတာ့မွ မီးဖိုထဲကို ဆြဲသြားၿပီးေတာ့ ကိုယ္ေပၚကေန ကားယားခြၿပီးေတာ့ လည္ပင္းကိုညွစ္၊ မ်က္ႏွာ၊ ႏွာေခါင္းကို ထိုးေတာ့ က်မက တအားေအာ္တာ။ တစ္ေယာ က္ က ပါးစပ္ကို အုပ္ထားတာ။ သူတို႔က အေလးနဲ႕ ထုမယ္လုပ္ေတာ့ မထုခင္ေလးမွာ

အိမ္မွာ ေမြးထားတဲ့ ေခြးက က်မအေပၚ ခြစီးထားတဲ့ လူကို လုံးတယ္။ က်မဆြဲႀကိဳးကို ေဆာင့္ဆြဲယူေတာ့ လည္ပင္းေတြ ျပတ္ရွေနခဲ့တာ။ ဆိုင္ကယ္ေပၚ တက္ေျပးတာ ေက်ာက္ထုၿမိဳ႕ဘက္ကို။”

အဲဒီအမ်ိဳးသား ၂ ဦးကို ေက်ာက္ထု ၿမိဳ႕ရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၄၅၂/၃၈၂ နဲ႕ အမႈဖြင့္ကာ တရားခံ ဖမ္းဆီးနိုင္ေရး ေဆာင္႐ြက္ ေနတယ္လို႔ ေက်ာက္ထုၿမိဳ႕ရဲစခန္းမႉး ေက်ာ္ေက်ာ္မင္းလြင္က ေျပာပါတယ္။ သတင္း – ကိုလင္း(ေခ်ာက္)၊ ဓာတ္ပုံ – ဦးေက်ာ္ျမင့္  DVB TV News

မကွေးတိုင်း ကျောက်ထုမြို့၌ နေအိမ်ဈေးဆိုင်အတွင်း ဝင်ရောက် လုယက်မှုဖြစ်

မကွေးတိုင်း ကျောက်ထုမြို့ ကုံငုံရပ်ကွက်ရှိ နေ အိမ်ဈေးဆိုင်မှာ ဇူလိုင် ၄ ရက်၊ မွန်းတည့်ပိုင်းက ဆိုင်ကယ် စီးနင်းလာတဲ့ အမျိုးသား ၂ ဦးက ဆိုင်ပိုင်ရှင် အမျိုးသမီးကို ထိုးနှက်ပြီး ၂ ကျပ်သား ရွှေဆွဲကြိုးကို ဖြတ်ယူ လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ ဆောမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်က ပြောပါတယ်။

“အလုပ်မဲ့ ကလေးတွေက ကျနော့်အိမ်ရှေ့ မျက် နှာချင်းဆိုင် လက်ဖက်ရည်ဆိုင် အလုအယက်ခံရတဲ့အိမ်နဲ့ မျက်စောင်းထိုး လက်ဖက်ရည် ဆိုင်မှာ ထိုင်နေပုံရတယ်။ ဒီအိမ်မှာလည်း မိသားစု သုံး လေးဦး ရှိတယ်။ သူ့ရဲ့ အဘွား၊ သမီးနဲ့ သမက်တွေက ဆိုင်ကယ်နဲ့ ထွက်သွားချိန်မှာ ဒီကလေးနှစ်ယောက်က ဆိုင်ကယ်နဲ့ ဝင်လိုက်တာ။”

လုယက်ခံရတဲ့ ဈေးဆိုင်နဲ့ မျက်စောင်းထိုးရှိ လက်ဖက်ရည်ဆိုင်ကနေ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ လူငယ်နှစ်ဦးဟာ ဈေးဆိုင်ရှေ့မှာ ဆိုင်ကယ်ရပ်ပြီး အိမ်ထဲကို ဝင်လာကာ အိမ်ရှေ့ဈေးဆိုင်မှာ ခင်းကျင်းထားတဲ့ ကြက်သွန်ကို မယူဘဲ နေအိမ်တွင်းရှိ ကြက်သွန်ကို ယူမယ်လို့ ပြောဆိုပါတယ်။

အိမ်ထဲက ကြက်သွန်တွေက ရေစိုနေလို့ မကောင် းကြောင်းပြောတဲ့အခါ ခရမ်းချဉ် ၅၀ ကျပ်သား ယူမယ်ပြောလို့ ခရမ်းချဉ် ချိန်နေစဉ် လည်ကုပ်ကို ကိုင်ပြီး နေအိမ် မီးဖိုဆောင်ထဲ ဆွဲခေါ်လု ယက်ခဲ့တာလို့ အသက် ၅၀ နှစ်အရွယ် ဆိုင်ပိုင် ရှင် ဒေါ်မိုးခိုင်က ပြောပါတယ်။

“လည်ကုပ်ကို ဆုပ်ဆွဲပြီး တော့မှ မီးဖိုထဲကို ဆွဲသွားပြီးတော့ ကိုယ်ပေါ်ကနေ ကားယားခွပြီးတော့ လည်ပင်းကိုညှစ်၊ မျက်နှာ၊ နှာခေါင်းကို ထိုးတော့ ကျမက တအားအော်တာ။ တစ်ယော က် က ပါးစပ်ကို အုပ်ထားတာ။ သူတို့က အလေးနဲ့ ထုမယ်လုပ်တော့ မထုခင်လေးမှာ

အိမ်မှာ မွေးထားတဲ့ ခွေးက ကျမအပေါ် ခွစီးထားတဲ့ လူကို လုံးတယ်။ ကျမဆွဲကြိုးကို ဆောင့်ဆွဲယူတော့ လည်ပင်းတွေ ပြတ်ရှနေခဲ့တာ။ ဆိုင်ကယ်ပေါ် တက်ပြေးတာ ကျောက်ထုမြို့ဘက်ကို။”

အဲဒီအမျိုးသား ၂ ဦးကို ကျောက်ထု မြို့ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၄၅၂/၃၈၂ နဲ့ အမှုဖွင့်ကာ တရားခံ ဖမ်းဆီးနိုင်ရေး ဆောင်ရွက် နေတယ်လို့ ကျောက်ထုမြို့ရဲစခန်းမှူး ကျော်ကျော်မင်းလွင်က ပြောပါတယ်။ သတင်း – ကိုလင်း(ချောက်)၊ ဓာတ်ပုံ – ဦးကျော်မြင့်  DVB TV New

Tags: