ေခ်ာက္ၿမိဳ႕တြင္ ျပတ္ၾကေနေသာ ဓာတ္ႀကိဳးမ်ားမွ တစ္ဆင့္ လူ၂ ဦး ဓာတ္လိုက္ ေသဆုံး

ေခ်ာက္ၿမိဳ႕တြင္ ျပတ္ၾကေနေသာ ဓာတ္ႀကိဳးမ်ားမွ တစ္ဆင့္ လူ၂ ဦး ဓာတ္လိုက္ ေသဆုံး

ဇူလိုင္ ၃ ရက္ေန႕ ညေနပိုင္းက မေကြးတိုင္း ေဒသႀကီး ေခ်ာက္ၿမိဳ႕ အမွတ္ ၁၄ စစ္ကြင္းရပ္မွာ ဇနီးျဖစ္သူက မိုး႐ြာေနစဥ္ ေနအိမ္ဝင္းအတြင္း ေရလႊဲေျမာင္း ေဖာ္ဖို႔ရာ ေပါက္ျပားနဲ႕

ေျမႀကီးကို ေပါက္လိုက္စဥ္ ျပတ္က်ေနတဲ့ ဖုန္းေၾကးနန္း ႀကိဳးကို ေပါက္မိၿပီး ဓာတ္လိုက္၍ ေအာ္ဟစ္ ေနတာေၾကာင့္ ခင္ပြန္းျဖစ္သူ စိုးသူရေက်ာ္က ေျပးဝင္ကူညီရာမွ

လက္နဲ႕ ကိုင္မိၿပီး ဓာတ္လိုက္ ေသဆုံးခဲ့တာလို႔ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။ မိုး႐ြာၿပီး သစ္ပင္ဖိလို႔ လွ်ပ္စစ္ ဓာတ္အားလိုင္း ႀကိဳးက ဖုန္းေၾကးနန္း ႀကိဳးေပၚ လွ်ပ္စစ္ကူးေနတာလို႔ ဆိုပါတယ္။

ဇူလိုင္ ၁ ရက္ေန႕ ညေနပိုင္းကလည္း အမွတ္ ၁၀ ေအးေစတီ ရပ္ကြက္ရွိ ေခ်ာင္းရိုးငယ္ အတြင္း ၾကက္ေျပာက္လို႔ လိုက္ရွာသူက ေခ်ာင္းကူးေရ ပိုက္အား ေအာက္မွ ကုန္းျဖတ္စဥ္ ခႏၶာကိုယ္နဲ႕ ထိၿပီး ဓာတ္လိုက္ခဲ့ တာေၾကာင့္ ေခ်ာက္ၿမိဳ႕ျပည္သူေဆး႐ုံ အေရာက္မွာ ေသဆုံးသြား ခဲ့ပါတယ္။

ေရပိုက္အား ေအာက္ကို တြဲမၾကေစဖို႔ သြပ္နန္း ႀကိဳးနဲ႕ သစ္ပင္ႏွစ္ပင္ ဆိုင္းႀကိဳး ျပဳလုပ္ထားတာျဖစ္ၿပီး သြပ္နန္းႀကိဳးကို လွ်ပ္စစ္စီး ဝင္ေနတာေၾကာင့္ ဓာတ္လိုက္ခံ ခဲ့ရတာလို႔ ေဒသခံတဦးက ေျပာပါတယ္။ Crd – DVB (source – Myanmar Online News)

ချောက်မြို့တွင် ပြတ်ကြနေသော ဓာတ်ကြိုးများမှ တစ်ဆင့် လူ၂ ဦး ဓာတ်လိုက် သေဆုံး

ဇူလိုင် ၃ ရက်နေ့ ညနေပိုင်းက မကွေးတိုင်း ဒေသကြီး ချောက်မြို့ အမှတ် ၁၄ စစ်ကွင်းရပ်မှာ ဇနီးဖြစ်သူက မိုးရွာနေစဉ် နေအိမ်ဝင်းအတွင်း ရေလွှဲမြောင်း ဖော်ဖို့ရာ ပေါက်ပြားနဲ့

မြေကြီးကို ပေါက်လိုက်စဉ် ပြတ်ကျနေတဲ့ ဖုန်းကြေးနန်း ကြိုးကို ပေါက်မိပြီး ဓာတ်လိုက်၍ အော်ဟစ် နေတာကြောင့် ခင်ပွန်းဖြစ်သူ စိုးသူရကျော်က ပြေးဝင်ကူညီရာမှ

လက်နဲ့ ကိုင်မိပြီး ဓာတ်လိုက် သေဆုံးခဲ့တာလို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ မိုးရွာပြီး သစ်ပင်ဖိလို့ လျှပ်စစ် ဓာတ်အားလိုင်း ကြိုးက ဖုန်းကြေးနန်း ကြိုးပေါ် လျှပ်စစ်ကူးနေတာလို့ ဆိုပါတယ်။

ဇူလိုင် ၁ ရက်နေ့ ညနေပိုင်းကလည်း အမှတ် ၁၀ အေးစေတီ ရပ်ကွက်ရှိ ချောင်းရိုးငယ် အတွင်း ကြက်ပြောက်လို့ လိုက်ရှာသူက ချောင်းကူးရေ ပိုက်အား အောက်မှ ကုန်းဖြတ်စဉ် ခန္ဓာကိုယ်နဲ့ ထိပြီး ဓာတ်လိုက်ခဲ့ တာကြောင့် ချောက်မြို့ပြည်သူဆေးရုံ အရောက်မှာ သေဆုံးသွား ခဲ့ပါတယ်။

ရေပိုက်အား အောက်ကို တွဲမကြစေဖို့ သွပ်နန်း ကြိုးနဲ့ သစ်ပင်နှစ်ပင် ဆိုင်းကြိုး ပြုလုပ်ထားတာဖြစ်ပြီး သွပ်နန်းကြိုးကို လျှပ်စစ်စီး ဝင်နေတာကြောင့် ဓာတ်လိုက်ခံ ခဲ့ရတာလို့ ဒေသခံတဦးက ပြောပါတယ်။ Crd – DVB (source – Myanmar Online News)

Tags: