


တက္ကသိုလ်ရပ် မြရိပ်ညို (၁) လမ်းတွင် နေထိုင်တဲ့ ဒေါ်ဝိုင်းဝိုင်းဟန် ၏ သမီးမစုစုစံ အသက် ၁၁ နှစ်သည် နေအိမ်ခြံတွင်း သန့်ရှင်းရေး (တံမျက်စည်းလှဲ) လုပ်နေစဉ်မှာပဲ ပျောက်ဆုံး သွားတယ်လို့ ၎င်းရဲ့ မိသားစု အသိုင်းဝိုင်းထံမှ သိရပါတယ်။




(Unicode version) မြိတ်တွင် ၁၁ နှစ်အရွယ် အမျိုးသမီး ငယ်တစ်ဦးထပ်မံ ပျောက်ဆုံး

မြိတ်မြို့ ကလွင် ကျေးရွာအုပ်စု တက္ကသိုလ်ရပ် မြရိပ်ညို (၁) လမ်းတွင် နေထိုင်တဲ့ အသက် ၁၁ နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦး ဂျူလိုင်လ ၂ ရက်နေ့က ပျောက်ဆုံး သွားကြောင်း သိရပါတယ်။

တက္ကသိုလ်ရပ် မြရိပ်ညို (၁) လမ်းတွင် နေထိုင်တဲ့ ဒေါ်ဝိုင်းဝိုင်းဟန် ၏ သမီးမစုစုစံ အသက် ၁၁ နှစ်သည် နေအိမ်ခြံတွင်း သန့်ရှင်းရေး (တံမျက်စည်းလှဲ) လုပ်နေစဥ်မှာပဲ ပျောက်ဆုံး သွားတယ်လို့ ၎င်းရဲ့ မိသားစု အသိုင်းဝိုုင်းထံမှ သိရပါတယ်။

ကလေး ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး အုပ်ထိန်း သူမှ မြိတ်မြို့မရဲစခန်းမှာ လူပျောက် တိုင်ကြားထားပါတယ်။ မိတ်ဆွေတို့ အနေဖြင့် မစုစုစံ ကိုတွေ့ရှိပါက အောက်ဖော်ပြပါ

ဖုန်းနံပါတ် များသို့ ဆက်သွယ် အကြောင်းကြားပေးပါရန် အကူညီ တောင်းခံအပ်ပါတယ်။ ယခုတစ်ပတ်အတွင်း မြိတ်မြို့မှာ လူပျောက်မှုဟာ ၃ မှုအထိဖြစ်ပွားခဲ့ပါတယ်။

ဆက်သွယ်ရန်  ph- (09 5640 824 / 09 785 641 759) Myat Htut – Myeik

Tags: