ကေလးဝ ၿမိဳ႕နယ္၌ မိုးႀကိဳးပစ္ ခံရသျဖင့္ ေတာင္သူ ႏွစ္ဦး ေသဆုံး

ကေလးဝၿမိဳ႕နယ္၌ မိုးႀကိဳးပစ္သျဖင့္ လူႏွစ္ဦး ေသဆုံး

ကေလး ၂၀၂၀ ဇူလိုင္ – ၁ စစ္ကိုင္းတိုင္း ေဒသႀကီး ကေလးဝ ၿမိဳ႕နယ္၌ ယမန္ေန႕ ညေန ၃ နာရီခြဲခန့္က မိုးႀကိဳးပစ္ ခတ္မႈေၾကာင့္ ေတာင္သူႏွစ္ဦးေသဆုံးခဲ့ေၾကာင္း

ကေလးဝ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေဇာ္လင္းကေျပာသည္။ ကေလးဝၿမိဳ႕နယ္ ၿမိဳ႕မေက်း႐ြာ အုပ္စု ေနာင္အိုင္ ေက်း႐ြာေန ဦးခ်စ္ဖြယ္အသက္ (၅၂)ႏွစ္ ကြၽဲေက်ာင္း

ေနစဥ္ႏွင့္ၿမိဳ႕မအုပ္စု ေတာင္ေအာက္ ေက်း႐ြာေန ေဒၚမဲစိန္အသက္ (၄၄)ႏွစ္အား လယ္ခင္း ေတာသြားေနစဥ္ မိုးႀကိဳး ပစ္ခတ္မႈေၾကာင့္ ေသဆုံးသြားခဲ့ျခင္းျဖစ္သည္။

“တစ္ႀကိမ္တည္း မိုးႀကိဳးပစ္တာ ႏွစ္ေယာက္ထိမွန္ေသတာပါ”ဟု ဦးေဇာ္လင္း ကေျပာသည္။ မိုးႀကိဳးထိမွန္ ေသဆုံးခဲ့သူ ေတာင္သူႏွစ္ ဦးအား စစ္ကိုင္းတိုင္း ေဒသႀကီး

ေဘးအႏၲရာယ္ ဆိုင္ရာ စီမံခန့္ခြဲမႈ ဦးစီးဌာနမွ ၎တို႔၏ က်န္ရစ္သူ မိသားစုဝင္ မ်ားကို မိုး ႀကိဳးထိမွန္ ေသဆုံးသူ တစ္ဦးလွ်င္ က်ပ္ သုံးသိန္း ေထာက္ပံ့ ေပးသြားမည္

ျဖစ္ေၾကာင္း စစ္ကိုင္းတိုင္း ေဒသႀကီး ေဘးအႏၲ ရာယ္ ဆိုင္ရာ စီမံခန့္ခြဲမႈ ဦးစီးဌာန တိုင္းဦးစီးမႉး ဦးစဝီလီဖရန့္ ကေျပာသည္။

ယခုႏွစ္မွာ စစ္ကိုင္းတိုင္း ေဒသႀကီးတြင္ မိုးႀကိဳပစ္ခတ္မႈ ၉ႀကိမ္ ျဖစ္ေပၚခဲ့ၿပီး ေသဆုံးသူ ၅ ဦးႏွင့္ ထိခိုက္ဒဏ္ရာရသူ ၁၂ ေယာက္ရွိကာ

ကြၽဲ၊ ႏြားအေကာင္​ ၃၀ ေက်ာ္ ေသဆုံးခဲ့ေၾကာင္း သိရသည္။ ဓာတ္ပုံ – Hnin Pwint Phyu

(Unicode version) ကလေးဝ မြို့နယ်၌ မိုး ကြိုး ပစ်သဖြင့် လူနှစ်ဦး သေဆုံး


ကလေး ၂၀၂၀ ဇူလိုင် – ၁ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးဝ မြို့နယ်၌ ယမန်နေ့ ညနေ ၃ နာရီခွဲခန့်က မိုးကြိုးပစ် ခတ်မှုကြောင့် တောင်သူနှစ်ဦးသေဆုံးခဲ့ကြောင်း

ကလေးဝ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းကပြောသည်။ ကလေးဝမြို့နယ် မြို့မကျေးရွာ အုပ်စု နောင်အိုင် ကျေးရွာနေ ဦးချစ်ဖွယ်အသက် (၅၂)နှစ် ကျွဲကျောင်း

နေစဉ်နှင့်မြို့မအုပ်စု တောင်အောက် ကျေးရွာနေ ဒေါ်မဲစိန်အသက် (၄၄)နှစ်အား လယ်ခင်း တောသွားနေစဉ် မိုးကြိုး ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

“တစ်ကြိမ်တည်း မိုးကြိုးပစ်တာ နှစ်ယောက်ထိမှန်သေတာပါ”ဟု ဦးဇော်လင်း ကပြောသည်။ မိုးကြိုးထိမှန် သေဆုံးခဲ့သူ တောင်သူနှစ် ဦးအား စစ်ကိုင်းတိုင်း ဒေသကြီး

ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ၎င်းတို့၏ ကျန်ရစ်သူ မိသားစုဝင် များကို မိုး ကြိုးထိမှန် သေဆုံးသူ တစ်ဦးလျှင် ကျပ် သုံးသိန်း ထောက်ပံ့ ပေးသွားမည်

ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ဘေးအန္တ ရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန တိုင်းဦးစီးမှူး ဦးစဝီလီဖရန့် ကပြောသည်။

ယခုနှစ်မှာ စစ်ကိုင်းတိုင်း ဒေသကြီးတွင် မိုးကြိုပစ်ခတ်မှု ၉ကြိမ် ဖြစ်ပေါ်ခဲ့ပြီး သေဆုံးသူ ၅ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၁၂ ယောက်ရှိကာ

ကျွဲ၊ နွားအကောင်​ ၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ ဓာတ်ပုံ – Hnin Pwint Phyu

Tags: