ရန္ကုန္ – ဒလတံတား ေဆာက္လုပ္ေရး လုပ္ငန္းမွ ရန္ကုန္ျမစ္ တြင္းေျခေခ်ာ္ ျပဳတ္က်ခဲ့ေသာ တ႐ုတ္ နိုင္ငံသားအား ရွာေဖြေတြ႕ရွိ

ရန္ကုန္ ဒလတံတား တည္ေဆာက္ေရး ဘိုးပိုင္လုပ္ငန္း ေဆာင္႐ြက္ေနစဥ္ ရန္ကုန္ျမစ္ အတြင္းေျခေခ်ာ္ ျပဳတ္က်ေသာ တ႐ုတ္နိုင္ငံသား အား ရွာေဖြေတြ႕ရွိ

ျမန္မာ – ကိုရီးယား ခ်စ္ၾကည္ေရး ဒလတံတားတည္ေဆာက္ေရး လုပ္ငန္းခြင္ ျဖစ္သည့္ ဒလဘက္ ျခမ္းရွိ ပင္မတံတား ေရလယ္တိုင္ အတြက္ ဘိုးပိုင္ လုပ္ငန္း ေဆာင္႐ြက္ေနစဥ္ ဇြန္လ ၂၈ ရက္ေန႕ ည ၉ နာရီအခ်ိန္က ညဆိုင္းပင္မတံတား

ေရလယ္တိုင္ တည္ေဆာက္ေရး အဖြဲ႕ရဲ႕ ေခါင္း ေဆာင္ တ႐ုတ္နိုင္ငံသား တစ္ဦး ျမစ္အတြင္း ေျခေခ်ာ္၍ ျပဳတ္က်မႈ ျဖစ္ပြားခဲ့ရာ ဇြန္လ ၃၀ ရက္ေန႕ မြန္းလြဲ၂နာရီက ရွာေဖြေတြ႕ရွိ ခဲ့ေၾကာင္းသိရသည္။

ထိုကဲ့သို႔ ရွာေဖြေရး ေဆာင္႐ြက္ရာတြင္ ျမန္မာ နိုင္ငံရဲတပ္ဖြဲ႕ အမွတ္(၃) ေရေၾကာင္း ရဲကြပ္ကဲမႈ အဖြဲ႕ခြဲ (ရန္ကုန္) ေရေၾကာင္း ရဲတပ္ဖြဲ႕စုမွ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ဗိုလ္တေထာင္ ၿမိဳ႕နယ္ရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ား၊ တံတားစီမံကိန္း တည္ေဆာက္ေရး

အဖြဲ႕မွ တာဝန္ရွိသူမ်ား လိုက္ပါသည့္ Speed Boad (၂) စီး၊ ဒလၿမိဳ႕နယ္ မီးသတ္ ဦးစီးဌာနမွ ရွာေဖြေရး ေလွငယ္ (၁) စီး ၿမိဳ႕နယ္ ၾကက္ေျခနီ တပ္ဖြဲ႕မွ စက္တပ္သမၺန္ (၁)စီး တို႔ျဖင့္ ရန္ကုန္ျမစ္အတြင္း ပိုက္စိပ္တိုက္ ရွာေဖြခဲ့စဥ္

ရန္ကုန္ျမစ္တြင္း ကမာကသြယ္ စက္တပ္သမၺန္ ကူးတို႔ဆိပ္ အနီးေတြ႕ရွိခဲ့ရာ သက္ဆိုင္ရာ တာဝန္ ရွိသူမ်ားက အဆိုပါတ႐ုတ္ အမ်ိဳးသား၏ (အ ေလာင္း) အားစက္ေလွျဖင့္ ဝါးတန္း ဆိပ္ကမ္းသို႔ သယ္ယူခဲ့ၿပီး ရန္ကုန္ျပည္သူ႕ ေဆး႐ုံႀကီးသို႔ပို႔ေဆာင္ ေပးခဲ့ေၾကာင္း သိရသည္။ အံ့ႀကီးေမာင္ (ဒလ)

(Unicode version) ရန်ကုန် ဒလတံတား တည် ဆောက်ရေး ဘိုးပိုင်လုပ်ငန်း ဆောင်ရွက်နေစဉ် ရန်ကုန်မြစ် အတွင်းခြေချော် ပြုတ်ကျသော တ ရုတ်နိုင်ငံသား အား ရှာဖွေတွေ့ရှိ

မြန်မာ – ကိုရီးယား ချစ်ကြည်ရေး ဒလတံတားတည်ဆောက်ရေး လုပ်ငန်းခွင် ဖြစ်သည့် ဒလဘက် ခြမ်းရှိ ပင်မတံတား ရေလယ်တိုင် အတွက် ဘိုးပိုင် လုပ်ငန်း ဆောင်ရွက်နေစဉ် ဇွန်လ ၂၈ ရက်နေ့ ည ၉ နာရီအချိန်က ညဆိုင်းပင်မတံတား

ရေလယ်တိုင် တည်ဆောက်ရေး အဖွဲ့ရဲ့ ခေါင်း ဆောင် တရုတ်နိုင်ငံသား တစ်ဦး မြစ်အတွင်း ခြေချော်၍ ပြုတ်ကျမှု ဖြစ်ပွားခဲ့ရာ ဇွန်လ ၃၀ ရက်နေ့ မွန်းလွဲ၂နာရီက ရှာဖွေတွေ့ရှိ ခဲ့ကြောင်းသိရသည်။

ထိုကဲ့သို့ ရှာဖွေရေး ဆောင်ရွက်ရာတွင် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ အမှတ်(၃) ရေကြောင်း ရဲကွပ်ကဲမှု အဖွဲ့ခွဲ (ရန်ကုန်) ရေကြောင်း ရဲတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များ၊ ဗိုလ်တထောင် မြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ တံတားစီမံကိန်း တည်ဆောက်ရေး

အဖွဲ့မှ တာဝန်ရှိသူများ လိုက်ပါသည့် Speed Boad (၂) စီး၊ ဒလမြို့နယ် မီးသတ် ဦးစီးဌာနမှ ရှာဖွေရေး လှေငယ် (၁) စီး မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့မှ စက်တပ်သမ္ဗန် (၁)စီး တို့ဖြင့် ရန်ကုန်မြစ်အတွင်း ပိုက်စိပ်တိုက် ရှာဖွေခဲ့စဉ်

ရန်ကုန်မြစ်တွင်း ကမာကသွယ် စက်တပ်သမ္ဗန် ကူးတို့ဆိပ် အနီးတွေ့ရှိခဲ့ရာ သက်ဆိုင်ရာ တာဝန် ရှိသူများက အဆိုပါတရုတ် အမျိုးသား၏ (အ လောင်း) အားစက်လှေဖြင့် ဝါးတန်း ဆိပ်ကမ်းသို့ သယ်ယူခဲ့ပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။ အံ့ကြီးမောင် (ဒလ)

Tags: