ယာဥ္ေမာင္း လိုင္စင္ေတြကို အြန္လိုင္းကေန တစ္ဆင့္ သက္တမ္းတိုးလို႔ ရေနပါၿပီ

ယာဥ္ေမာင္း လိုင္စင္ေတြကို အြန္လိုင္းကေန တစ္ဆင့္ သက္တမ္းတိုးလို႔ ရေနပါၿပီ

ယာဥ္ေမာင္းလိုင္စင္ သက္တမ္းတိုးျခင္း ဇူလိုင္ ၆ ရက္မွစ၍ Online Booking စနစ္ က်င့္သုံးမည္

ကိုဗစ္ေရာဂါ ကူးစက္မႈ ႀကိဳတင္ ကာကြယ္နိုင္ရန္ အတြက္ ယာဥ္ေမာင္းလိုင္စင္ သက္တမ္းတိုးျခင္းလုပ္ငန္းအား ဇူလိုင္၆ ရက္မွစ Online Booking စနစ္ ေျပာင္းလဲ က်င့္သုံးသြားမည္ ျဖစ္ေၾကာင္း ကုန္းလမ္း ပို႔ေဆာင္ေရး ၫႊန္ၾကားမႈ ဦးစီးဌာနက အသိေပး ေၾကညာသည္။

အဆိုပါ ယာဥ္ေမာင္းလိုင္စင္ သက္တမ္းတိုးျခင္းလုပ္ငန္းအား ကုန္းလမ္းပို႔ေဆာင္ေရး ၫြန္ၾကားမႈဦးစီးဌာန၏ ရန္ကုန္တိုင္း ေဒသႀကီးအတြင္းရွိ ခရိုင္႐ုံးမ်ားႏွင့္ မႏၲေလးတိုင္း ေဒသႀကီးအတြင္းရွိ ခရိုင္႐ုံး မႏၲေလး(ေတာင္)၊ ခရိုင္႐ုံး( မႏၲေလးေျမာက္) တို႔၌ ဇူလိုင္၆ ရက္မွ Online Booking စနစ္ ေျပာင္းလဲက်င့္သုံး

သြားမည္ျဖစ္ရာ ယာဥ္ေမာင္းလိုင္စင္ သက္တမ္းတိုးလိုသည့္ သူမ်ားအေနျဖင့္ ဇူလိုင္ ၃ ရက္မွစ၍ online Booking စနစ္အား ေဖာ္ျပပါ ဝက္ဘ္ဆိုက္ (www.rtad.com.mm )ဝက္ဘ္ဆိုက္တြင္ အနည္းဆုံး ၁ ရက္မွ အမ်ားဆုံး ၃၀ ရက္အထိ ႀကိဳတင္ ရက္ခ်ိန္း ယူရမည္ ျဖစ္ေၾကာင္း သိရသည္။

“အခုက ယာဥ္ေမာင္းလိုင္စင္ သက္တမ္းတိုးတာရမ္းမ်ားလာတယ္။ ကိုဗစ္ျဖစ္ပြား ေနတဲ့ကာလမွာ လူစုလူေဝး မျဖစ္ေစဖို႔နဲ႕ လူေတြအမ်ားႀကီး တန္းစီေနရတာ မျဖစ္ေစဖို႔ Online Booking System ကို ဇူလိုင္ ၆ ရက္ကစၿပီး ေျပာင္းလဲက်င့္သုံးတာပါ။ ရန္ကုန္တိုင္းကညန႐ုံးေတြနဲ႕ မႏၲေလးတိုင္း ကညန ႐ုံးေတြမွာ စတင္

က်င့္သုံးမွာပါ။ ဇူလိုင္၃ ရက္ကစၿပီး Online Booking စတင္ ေလွ်ာက္ထားလို႔ ရပါပီ။ “ဟု ေနျပည္ေတာ္ ကုန္းလမ္း ပို႔ေဆာင္ေရး ၫႊန္ၾကားမႈ ဦးစီးဌာနမွ အႀကီးတန္း အရာရွိတစ္ဦးက ဇူ လိုင္ ၃၀ ရက္တြင္ ျမန္မာတိုင္းေန႕စဥ္ သို႔ေျပာ သည္။

အဆိုပါ Online Booking စနစ္အား ယာဥ္ေမာင္ လိုင္စင္ “က”၊ “က-၁” ၊ ” ခ ” ၊ ” ဃ ” ၊ ” င ” ၊ စသည့္ သက္တမ္းတိုး ယာဥ္ေမာင္းလိုင္စင္မ်ားအတြက္သာ ေဆာင္႐ြက္ ေပးမည္ျဖစ္ၿပီး “သ”၊ ” ဂ “၊ ” ဌ ” ၊ ” စ ” ၊ ” ဟ ” ၊ စသည့္ သက္တမ္းတိုးမည့္ ယာဥ္ေမာင္း လိုင္စင္မ်ား၊ နယ္ဝင္ႏွင့္ ေပ်ာက္/ပ်က္ မိတၱဴေဆာင္႐ြက္မည့္ ယာဥ္ေမာင္းလိုင္စင္မ်ားသည္

Online Booking ရယူရန္မလိုဘဲ ယခင္အတိုင္းလုပ္ငန္းေဆာင္႐ြက္ရမည္ျဖစ္သည္။ ကညနရဲ႕ လုပ္ငန္း ဝန္ေဆာင္မႈ ရပ္ဆိုင္းထားသည့္ ကာလအတြင္း သက္တမ္းကုန္ ေနသည့္ ယာဥ္ေမာင္းလိုင္စင္မ်ားအား ႏွစ္လဲသက္တမ္းတိုး လာေရာက္ ေဆာင္႐ြက္ရာတြင္ လိုင္စင္သက္တမ္းကုန္ဆုံးရက္ ၂၀၂၀ ခုႏွစ္ မတ္လ ၂၅ ရက္မွ ဧၿပီလ ၃၀ရက္အတြင္းရွိ လိုင္စင္မ်ားသည္ ဇြန္လ ၇ ရက္မွ ဇူလိုင္ ၃၁ ရက္အတြင္း အထိ၊

(ရန္ကုန္တိုင္း ေဒသႀကီး အတြင္းရွိ မွတ္ပုံတင္႐ုံး မ်ားအတြက္သာ)၊ လိုင္စင္သက္တမ္ းကုန္ဆုံးရက္ မတ္လ ၃၀ ရက္မွ ဧၿပီလ ၃၀ ရက္ အတြင္းရွိ လိုင္စင္မ်ားသည္ ဇြန္လ ၈ ရက္မွ ဇူလိုင္ ၃၁ ရက္အထိ (ျပည္နယ္တိုင္း ေဒသႀကီးရွိ မွတ္ပုံ တင္ ႐ုံးမ်ားအတြက္သာ) လိုင္စင္သက္တမ္းကုန္ဆုံးရက္ ေမလ ၁ ရက္မွ ေမလ ၃၁ ရက္ အတြင္းရွိလိုင္စင္မ်ားသည္ ဇြန္လ ၈ ရက္မွ ၾသဂုတ္လ ၃၁ ရက္အထိ၊

လိုင္စင္သက္တမ္း ကုန္ဆုံးရက္ ဇြန္လ ၁ ရက္မွ ဇြန္လ ၃၀ ရက္ အတြင္းရွိ လိုင္စင္မ်ားသည္ ဇြန္ လ ၈ ရက္မွ စက္တင္ဘာလ ၃၀ ရက္အထိ ယာဥ္ ေမာင္းလိုင္စင္မ်ားအား သက္တမ္းလြန္ ဒဏ္ေၾကးမ်ား ေျဖေလ်ာ့ေပးထားသည္။ ကုန္းလမ္း ပို႔ေဆာင္ေရး ၫႊန္ၾကားမႈ ဦးစီးဌာနမွ တစ္နိုင္ငံလုံး၌ ယာဥ္ေမာင္းလိုင္စင္ ထုတ္ေပးထားသည့္ အေရအတြက္ မွာ ၅၅ သိန္း ေက်ာ္အထိ ရွိေနရာ

ရန္ကုန္တိုင္း ေဒသႀကီးတြင္ ယာဥ္ေမာင္းလိုင္စင္ အေရအတြက္ ၉ သိန္း ၁ ေသာင္း ေက်ာ္အထိထုတ္ေပးထားၿပီး ရန္ကုန္တိုင္းတြင္ ယာဥ္မွတ္ပုံ တင္ထားသည္ ကားအစီးေရ ၆ သိန္းေက်ာ္ နီးပါးအထိရွိသည္။ ျမန္မာတိုင္းမ္

(Unicode version) ယာဉ်မောင်း လိုင်စင်တွေကို အွန်လိုင်းကနေ တစ်ဆင့် သက်တမ်းတိုးလို့ ရနေပါပြီ

ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်း ဇူလိုင် ၆ ရက်မှစ၍ Online Booking စနစ် ကျင့်သုံးမည်

ကိုဗစ်ရောဂါ ကူးစက်မှု ကြိုတင် ကာကွယ်နိုင်ရန် အတွက် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းလုပ်ငန်းအား ဇူလိုင်၆ ရက်မှစ Online Booking စနစ် ပြောင်းလဲ ကျင့်သုံးသွားမည် ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက အသိပေး ကြေညာသည်။

အဆိုပါ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းလုပ်ငန်းအား ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန၏ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ခရိုင်ရုံးများနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်ရုံး မန္တလေး(တောင်)၊ ခရိုင်ရုံး( မန္တလေးမြောက်) တို့၌ ဇူလိုင်၆ ရက်မှ Online Booking စနစ် ပြောင်းလဲကျင့်သုံး

သွားမည်ဖြစ်ရာ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးလိုသည့် သူများအနေဖြင့် ဇူလိုင် ၃ ရက်မှစ၍ online Booking စနစ်အား ဖော်ပြပါ ဝက်ဘ်ဆိုက် (www.rtad.com.mm )ဝက်ဘ်ဆိုက်တွင် အနည်းဆုံး ၁ ရက်မှ အများဆုံး ၃၀ ရက်အထိ ကြိုတင် ရက်ချိန်း ယူရမည် ဖြစ်ကြောင်း သိရသည်။

“အခုက ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးတာရမ်းများလာတယ်။ ကိုဗစ်ဖြစ်ပွား နေတဲ့ကာလမှာ လူစုလူဝေး မဖြစ်စေဖို့နဲ့ လူတွေအများကြီး တန်းစီနေရတာ မဖြစ်စေဖို့ Online Booking System ကို ဇူလိုင် ၆ ရက်ကစပြီး ပြောင်းလဲကျင့်သုံးတာပါ။ ရန်ကုန်တိုင်းကညနရုံးတွေနဲ့ မန္တလေးတိုင်း ကညန ရုံးတွေမှာ စတင်

ကျင့်သုံးမှာပါ။ ဇူလိုင်၃ ရက်ကစပြီး Online Booking စတင် လျှောက်ထားလို့ ရပါပီ။ “ဟု နေပြည်တော် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ဇူ လိုင် ၃၀ ရက်တွင် မြန်မာတိုင်းနေ့စဉ် သို့ပြော သည်။

အဆိုပါ Online Booking စနစ်အား ယာဉ်မောင် လိုင်စင် “က”၊ “က-၁” ၊ ” ခ ” ၊ ” ဃ ” ၊ ” င ” ၊ စသည့် သက်တမ်းတိုး ယာဉ်မောင်းလိုင်စင်များအတွက်သာ ဆောင်ရွက် ပေးမည်ဖြစ်ပြီး “သ”၊ ” ဂ “၊ ” ဌ ” ၊ ” စ ” ၊ ” ဟ ” ၊ စသည့် သက်တမ်းတိုးမည့် ယာဉ်မောင်း လိုင်စင်များ၊ နယ်ဝင်နှင့် ပျောက်/ပျက် မိတ္တူဆောင်ရွက်မည့် ယာဉ်မောင်းလိုင်စင်များသည်

Online Booking ရယူရန်မလိုဘဲ ယခင်အတိုင်းလုပ်ငန်းဆောင်ရွက်ရမည်ဖြစ်သည်။ ကညနရဲ့ လုပ်ငန်း ဝန်ဆောင်မှု ရပ်ဆိုင်းထားသည့် ကာလအတွင်း သက်တမ်းကုန် နေသည့် ယာဉ်မောင်းလိုင်စင်များအား နှစ်လဲသက်တမ်းတိုး လာရောက် ဆောင်ရွက်ရာတွင် လိုင်စင်သက်တမ်းကုန်ဆုံးရက် ၂၀၂၀ ခုနှစ် မတ်လ ၂၅ ရက်မှ ဧပြီလ ၃၀ရက်အတွင်းရှိ လိုင်စင်များသည် ဇွန်လ ၇ ရက်မှ ဇူလိုင် ၃၁ ရက်အတွင်း အထိ၊

(ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မှတ်ပုံတင်ရုံး များအတွက်သာ)၊ လိုင်စင်သက်တမ် းကုန်ဆုံးရက် မတ်လ ၃၀ ရက်မှ ဧပြီလ ၃၀ ရက် အတွင်းရှိ လိုင်စင်များသည် ဇွန်လ ၈ ရက်မှ ဇူလိုင် ၃၁ ရက်အထိ (ပြည်နယ်တိုင်း ဒေသကြီးရှိ မှတ်ပုံ တင် ရုံးများအတွက်သာ) လိုင်စင်သက်တမ်းကုန်ဆုံးရက် မေလ ၁ ရက်မှ မေလ ၃၁ ရက် အတွင်းရှိလိုင်စင်များသည် ဇွန်လ ၈ ရက်မှ သြဂုတ်လ ၃၁ ရက်အထိ၊

လိုင်စင်သက်တမ်း ကုန်ဆုံးရက် ဇွန်လ ၁ ရက်မှ ဇွန်လ ၃၀ ရက် အတွင်းရှိ လိုင်စင်များသည် ဇွန် လ ၈ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ယာဉ် မောင်းလိုင်စင်များအား သက်တမ်းလွန် ဒဏ်ကြေးများ ဖြေလျော့ပေးထားသည်။ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တစ်နိုင်ငံလုံး၌ ယာဉ်မောင်းလိုင်စင် ထုတ်ပေးထားသည့် အရေအတွက် မှာ ၅၅ သိန်း ကျော်အထိ ရှိနေရာ

ရန်ကုန်တိုင်း ဒေသကြီးတွင် ယာဉ်မောင်းလိုင်စင် အရေအတွက် ၉ သိန်း ၁ သောင်း ကျော်အထိထုတ်ပေးထားပြီး ရန်ကုန်တိုင်းတွင် ယာဉ်မှတ်ပုံ တင်ထားသည် ကားအစီးရေ ၆ သိန်းကျော် နီးပါးအထိရှိသည်။ မြန်မာတိုင်းမ်

Tags: