မနေ့က သိမ်ဆိပ်/ကျိုက်ကော် တံတားထိပ်ကားလမ်း မဘေးရှိ ဈေးဆိုင်ခန်းများကို ကားဝင်တိုက်မှုမှာ ရွှေထည် ပစ္စည်းများစွာ ပျောက်ဆုံးနေ
မနေ့က သိမ်ဆိပ်/ကျိုက်ကော် တံတားထိပ်ကားလမ်း မဘေးရှိ ဈေးဆိုင်ခန်းများကို ကားဝင်တိုက်မှုမှာ ရွှေထည် ပစ္စည်းများစွာ ပျောက်ဆုံးနေ
မနေ့က (26.6.2020) ရက်နေ့ နံနက်(9:00) နာရီကျော်ခန့်က သထုံမြို့ သုဝဏ္ဏဝတီမြို့သစ် သိမ်ဆိပ်-ကျိုက် ကော် တံတားထိပ် ရန်ကုန်-မော်လမြိုင်သွား ကားလမ်းမ မိုင်တိုင် အမှတ်-၁၃၈ ၆/၇ ကြား အရှိန်မထိန်းနိုင်ပဲ ဈေးဆိုင်ခန်းများ ထဲသို့ ဝင်တိုက်သွားမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
(Unicode version) မနေ့က သိမ်ဆိပ်/ကျိုက်ကော် တံတားထိပ်ကားလမ်း မဘေးရှိ စျေးဆိုင်ခန်းများကို ကားဝင်တိုက်မှုမှာ ရွှေထည် ပစ္စည်းများစွာ ပျောက်ဆုံးနေ
မနေ့က (26.6.2020) ရက်နေ့ နံနက်(9:00) နာရီကျော်ခန့်က သထုံမြို့ သုဝဏ္ဏဝတီမြို့သစ် သိမ်ဆိပ်-ကျိုက် ကော် တံတားထိပ် ရန်ကုန်-မော်လမြိုင်သွား ကားလမ်းမ မိုင်တိုင် အမှတ်-၁၃၈ ၆/၇ ကြား အရှိန်မထိန်းနိုင်ပဲ စျေးဆိုင်ခန်းများ ထဲသို့ ဝင်တိုက်သွားမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
ကားဝင်ရောက် တိုက်မိသော ဆိုင်ခန်းများမှာ မိဘ ဂုဏ်ရွှေဆိုင်/မိဘမေတ္တာ ရွှေဆိုင်/ ဦးကျော်ဦး (ကုန် စုံဆိုင်) / ဆောင်းချယ်ရီ အပ်ချုပ်ဆိုင် / ဦးလေးနိုင် စက်ဘီးဆိုင် တို့ ဖြစ်ကြောင်း သိရပါတယ်။
အဓိက ပြောချင်တာက တချို့လူတွေ Accident ဆိုရင် ကားတိုက် မီးလောင် ဆိုင်ကယ် တိုက်ပြီးဆိုရင် လူများစွာ ဝိုင်းအုံရောက်ရှိ လာတတ်ကြ တာကိုပါပဲ။ တချို့ လူတွေကျ တော့လဲ ဝိုင်းကူ ညီပါတယ်။ တချို့ ကျတော့ မကူညီပဲ လာစပ်စုကြ တာလဲများ ပါတယ်။
ဒါပေမဲ့ အဲဒီလိုဖြစ်စဉ် တွေထဲမှာ မရိုးမသား အ မြတ်ထုတ်ျင်တဲ့ သူများစွာလဲ ပါလာတတ်ပါတယ်။ အကျင့်မကောင်း ဘူးပေါ့ဗျာ။ မနေ့က သိမ်ဆိပ်စျေး ယာဉ်တိုက်မှုမှာတော့ ရွှေဆိုင်တွေ တိုက်ခံ ထိသွားပါတယ်။
ယာဉ်တိုက်မှုဖြစ်ပြီး လူတွေဝိုင်း အုံလာပြီး စပ်စုကြပါတယ်။ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့တွေ လူမှုကယ် ဆယ် ရေးအဖွဲ့တွေ ရှင်းလင်းဆောင် ရွက်ပြီး စစ်ဆေးတဲ့ အချိန်မှာ ရွှေတော်တော် မျာ းများ ပျောက်ဆုံးသွား ခဲ့ကြောင်း နောက်ဆက် တွဲသိရပါတယ်။
ပျောက်ဆုံးသွားတဲ့ ရွှေထည် ပစ္စည်းတွေက လက်စွပ်က (16) ကွင်း၊ နားကပ် (46) ရံ၊ လက် ကောက် (2) ကွင်း၊ ရွှေဆွဲကြိုး (3) ကုံး၊ ကျောက် ကြိုး (2) ကုံး ပါ သွားတယ်လို့ သိရပါတယ်။
ဆိုင်အတိုက် ခံရပါတယ်ဆိုမှ ပစ္စည်းတွေက ထပ်ပျောက်တော့ စိတ်မကောင်း ရုံမှတပါး ဘာတတ် နိုင်မှာလဲဗျာ။
သြော် … လူတွေ … လူတွေ …သူ့နေရာမှ ငါသာဆိုတဲ့ ကိုယ်ချင်းစာစိတ်လေး အမြဲတမ်း ထားနိုင်ကြပါစေဗျာ … (source- Zin Moe)