(Unicode version) အလှမယ်အဖြစ် ရပ်တည်မယ်ဆိုတဲ့ ငြိမ်းမြတ်သူကို နာမည်ကြီးရုံနဲ့ အလှမယ်လို့ ခေါင်းစဉ်မတပ်ဖို့ ဒဲ့ပြောလိုက်တဲ့ အလှမယ် အေးငြိမ်းဆွေ
ပရိသတ်ကြီးရေ အေးငြိမ်းဆွေကတော့ Miss Myanmar International ( 2015 ) ရဲ့ သရဖူကို ရရှိပိုင်ဆိုင်ခဲ့တဲ့ Miss တစ်ယောက် ပဲ ဖြစ်ပါတယ်။ အခုချိန်မှာတော့ Show ပွဲတွေကို သိပ်မလျှောက်ပေမယ့် လူမှုကွန်ရက် စာမျက်နှာမှတော့ သူမရဲ့ ပရိသတ်တွေနဲ့ အမြဲထိတွေ့ လျက်ရှိသူတစ်ယောက်ပါ။
TikTok cele တစ်ယောက် အနေနဲ့ အလှမယ်အ ဖြစ် ရပ်တည်မယ့် အပေါ် အလှမယ်တွေ အနေနဲ့ သူမတို့ရဲ့အမြင်တွေကို လတ်တလေညာမှာတိုက် ရိုက် ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ ပြောဆိုမှုတွေရှိလာခဲ့တာပါ။ Liveလေးတွေ လွှင့်ပြီး သူမရဲ့ပရိတ်သတ် တွေကို အလှအပရေးရာ ဆိုင်ရာတွေဝေမျှလျက်ရှိတဲ့
အလှမယ် အေးငြိမ်းဆွေ ကတော့ဒီနေ့မှာ “အလှမယ်” ဆိုတဲ့ ကိုယ်အင်မတန် တန်ဖိုးထားရသော၊ ဂုဏ်ယူ မြတ်နိုးမဆုံး ဖြစ်ခဲ့ရသော အရာဟာ ဒီလောက်ထိ တန်ဖိုးလျော့ကျ သွားတာလား? တခါမှ Facebook Cele၊ Tiktok Cele တွေကို မဝေဖန်ခဲ့ မတိုက်ခိုက်ခဲ့ ဘူးပါ….မနာလိုဖို့လည်း အဝေးကြီးပါ။
ဒါပေမယ့် ဒီတစ်ခါတော့ ကိုယ်တန်ဖိုး ထားရတဲ့ အရာကို ထိခိုက်လာလို့ ရင်ထဲတော်တော် မကောင်းလို့ ပြောမိတာပါ။ “အလှမယ်” ဆိုတာ ဘယ်လို လူမျိုးတွေကို သတ်မှတ်သလဲ? အလှတစ်ခု ထဲလား? ဉာဏ်ပညာ တစ်ခုထဲလား? စိတ် ထားမြင့်မြတ် ရင့်ကျက်တာ တစ်ခုထဲလား?ပေါင်းသင်း ဆက်ဆံရေး ကောင်းပြီး personality ထူးခြားတာတစ်ခုထဲလား?
သူနေထိုင်ရာ ဘဝမှာ အစွန်းထင်း မရှိအောင် စောင့်စည်း နေထိုင်တာ တစ်ခုထဲလား? မဟုတ်ဘူးအဲ့ဒါတွေ အကုန်ပေါင်းမှ “အလှမယ်” ဆိုတာ ဖြစ်လာတာပါနော်။ တွေ့ရာလူကို နာမည်ကြီးနေတာတစ်ခုထဲနဲ့၊ စိတ်ထားလေ းရိုးသားလို့ပါဆိုတာ တစ်ခုထဲနဲ့တော့ “အလှမယ်” ဆိုတဲ့
ခေါင်းစဉ် အောက်ကို လွယ်လွယ်လေး ဆွဲမထည့်ပါနဲ့ရှင် မေတ္တာရပ်ခံပါတယ် ”ဆိုပြီး အလှမယ်အနေနဲ့ ရပ်တည်နိုင်အောင် ကြိုးစားသွားမယ် ဆိုတဲ့ ငြိမ်းမြတ်သူနဲ့ ပတ်သက်ပြီး သူမအမြင်ကိုပြောပြခဲ့တာပါ။
ပရိသတ်ကြီးလည်း အေးငြိမ်းဆွေနဲ့ အမြင်တူရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။ Source: Aye Nyein Swe