“ေအာင္ဆန္းစုၾကည္” ဆိုတဲ့ဒီအမည္ကို ဘယ္သူ ေပး ခဲ့သလဲ? ဆိုတာ…

“ေအာင္ဆန္းစုၾကည္” ဆိုတဲ့ဒီအမည္ကို ဘယ္သူ ေပးသလဲ? ဆိုတာ…

၁၉၄၅ ခုႏြစ္၊ ဇြန္လ၏ တစ္ေန႕ေသာ ေန႕ရက္ ဗိုလ္ခ်ဳပ္ေနထိုင္ရာ တာဝါလိန္းလမ္း အိမ္ႀကီး၌ ခေလးငိုသံ ေလး ပ်ံ့လြင့္ေန၏။

ထိုအခ်ိန္တြင္ ဗိုလ္ခ်ဳပ္ စီးေတာ္ယာဥ္ ဝူစေလကား (RC-2874) ၿခံဝင္းအတြင္းသို႔ အပါးေတာ္ၿမဲ ဗိုလ္ထြန္းလွ ေမာင္းႏွင္၍ ဝင္လာ၏။

အိမ္အဝင္ ေလွခါးရင္းေရာက္ေသာ္ ကားရပ္၍ ေနာက္ခန္းမွ ဗိုလ္ခ်ဳပ္ ဆင္းလာၿပီး ထုံးစံအတိုင္း ေျခလွမ္းအသြက္ႏွင့္ တက္သြား၏။

ဗိုလ္ခ်ဳပ္ မ်က္ႏွာမွာမူ ခါတိုင္းလို သုန္မႈန္ ေတြးေတာေနပုံမ်ိဳး မဟုတ္၊ လိုခ်င္တာရလာ၍ ပီတိျဖစ္ေန သ ကဲ့သို႔ ရွိ၏။

အိမ္ႀကီး၏ ေအာက္ထပ္ ဝရံတာတြင္ သားေတာ္ေမာင္ ေအာင္ဆန္းဦးႏွင့္ ေအာင္ဆန္းလင္း တို႔ကို တပည့္မ်ားက ထိန္းေက်ာင္းကာ စက္ဘီးစီးလ်က္ ေဆာ့ကစား ေနၾက၏။

“ငါ့သားေတြ ကစားေနၾကတာကိုး…ေအး—-ေအး—- ကစားၾက။ ေဖေဖ သားတို႔ ညီမေလးဆီ သြားလိုက္ဦးမယ္” ဟု ဆိုကာ သားႏွစ္ေယာက္၏ ဦးေခါင္းကို ဖြဖြကေလးပုတ္ကာ အိမ္ထဲသို႔ဝင္ အေပၚထပ္သို႔ အေျပး တစ္ပိုင္း တက္သြားေလ၏။

အိပ္ခန္းအတြင္းတြင္ ေဒၚခင္ၾကည္သည္သမီးကေလးေမြးဖြားၿပီးစ ရက္ပိုင္းသာရွိေသး၍ ဦးေခါင္းကို အႏွီးပတ္ေပါင္းကာ သမီးကိုပုခက္အတြင္း သိပ္ၿပီး၍ ဗိုလ္ခ်ဳပ္ဝင္လာတာကို ျမင္ေသာ္

“ေမာင္ ဒီေန႕ ျပန္လာတာ.. ေစာတယ္ေနာ္” “ေအးကြာ ငါ့သမီးနာမည္ စဥ္းစားရလို႔ ေစာျပန္လာတာ” “ေမာင္ကလဲ သမီးက ရက္သားေလးပဲရွိေသးတာကိုေနာက္မွ ေအးေအးေဆးေဆး ေပးရင္လည္း ရရဲ႕သားနဲ႕”

(ေျပာရင္းဆိုရင္း ဗိုလ္ခ်ဳပ္၏ အေပၚဝတ္ စစ္ယူနီ ေဖာင္းကိုခြၽတ္၊ လက္စြဲအိတ္ကိုယူကာ ေျပာ၏) “ကဲ ေျပာပါဦး–သမီးအမည္က ဘာတဲ့လဲ”

“ေအာင္ဆန္းစုၾကည္”

(သမီးကေလးသည္ ပုခက္တြင္း အိပ္ေပ်ာ္ခါစ ၿပဳံးသေယာင္ရွိေနေလ၏) ယေန႕ (၁၉.၆.၂၀၂၀) တြင္ က်ေရာက္ေသာ နိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ (၇၅) ႏွစ္ျပည့္ ေမြးေန႕အမွတ္တရ

AungSanMovie ေအာင္ဆန္း႐ုပ္ရွင္

(Unicode version) “အောင်ဆန်းစုကြည်” ဆိုတဲ့ဒီအမည်ကို ဘယ်သူ ပေးသလဲ? ဆိုတာ…

၁၉၄၅ ခုနွစ်၊ ဇွန်လ၏ တစ်နေ့သော နေ့ရက် ဗိုလ်ချုပ်နေထိုင်ရာ တာဝါလိန်းလမ်း အိမ်ကြီး၌ ခလေးငိုသံ လေး ပျံ့လွင့်နေ၏။

ထိုအချိန်တွင် ဗိုလ်ချုပ် စီးတော်ယာဉ် ဝူစလေကား (RC-2874) ခြံဝင်းအတွင်းသို့ အပါးတော်မြဲ ဗိုလ်ထွန်းလှ မောင်းနှင်၍ ဝင်လာ၏။

အိမ်အဝင် လှေခါးရင်းရောက်သော် ကားရပ်၍ နောက်ခန်းမှ ဗိုလ်ချုပ် ဆင်းလာပြီး ထုံးစံအတိုင်း ခြေလှမ်းအသွက်နှင့် တက်သွား၏။

ဗိုလ်ချုပ် မျက်နှာမှာမူ ခါတိုင်းလို သုန်မှုန် တွေးတောနေပုံမျိုး မဟုတ်၊ လိုချင်တာရလာ၍ ပီတိဖြစ်နေ သ ကဲ့သို့ ရှိ၏။

အိမ်ကြီး၏ အောက်ထပ် ဝရံတာတွင် သားတော်မောင် အောင်ဆန်းဦးနှင့် အောင်ဆန်းလင်း တို့ကို တပည့်များက ထိန်းကျောင်းကာ စက်ဘီးစီးလျက် ဆော့ကစား နေကြ၏။

“ငါ့သားတွေ ကစားနေကြတာကိုး…အေး—-အေး—- ကစားကြ။ ဖေဖေ သားတို့ ညီမလေးဆီ သွားလိုက်ဦးမယ်” ဟု ဆိုကာ သားနှစ်ယောက်၏ ဦးခေါင်းကို ဖွဖွကလေးပုတ်ကာ အိမ်ထဲသို့ဝင် အပေါ်ထပ်သို့ အပြေး တစ်ပိုင်း တက်သွားလေ၏။

အိပ်ခန်းအတွင်းတွင် ဒေါ်ခင်ကြည်သည်သမီးကလေးမွေးဖွားပြီးစ ရက်ပိုင်းသာရှိသေး၍ ဦးခေါင်းကို အနှီးပတ်ပေါင်းကာ သမီးကိုပုခက်အတွင်း သိပ်ပြီး၍ ဗိုလ်ချုပ်ဝင်လာတာကို မြင်သော်

“မောင် ဒီနေ့ ပြန်လာတာ.. စောတယ်နော်” “အေးကွာ ငါ့သမီးနာမည် စဉ်းစားရလို့ စောပြန်လာတာ” “မောင်ကလဲ သမီးက ရက်သားလေးပဲရှိသေးတာကိုနောက်မှ အေးအေးဆေးဆေး ပေးရင်လည်း ရရဲ့သားနဲ့”

(ပြောရင်းဆိုရင်း ဗိုလ်ချုပ်၏ အပေါ်ဝတ် စစ်ယူနီ ဖောင်းကိုချွတ်၊ လက်စွဲအိတ်ကိုယူကာ ပြော၏) “ကဲ ပြောပါဦး–သမီးအမည်က ဘာတဲ့လဲ”

“အောင်ဆန်းစုကြည်”

(သမီးကလေးသည် ပုခက်တွင်း အိပ်ပျော်ခါစ ပြုံးသယောင်ရှိနေလေ၏) ယနေ့ (၁၉.၆.၂၀၂၀) တွင် ကျရောက်သော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၅) နှစ်ပြည့် မွေးနေ့အမှတ်တရ

AungSanMovie အောင်ဆန်းရုပ်ရှင်