ေငြ ၃ ေသာင္း ေလာက္ရွိ႐ုံနဲ႕ မြန္ျမတ္တဲ့ အလႉတစ္ခု လုပ္နိုင္တဲ့ ေနရာေလး

ေငြ ၃ ေသာင္း ေလာက္ရွိ႐ုံနဲ႕ မြန္ျမတ္တဲ့ အလႉတစ္ခု လုပ္နိုင္တဲ့ ေနရာေလး

ဒီတစ္ခါေတာ့ အားလုံးကို ကုသိုလ္လည္းရ ၊ စိတ္ခ်မ္းသာရေစမယ့္ အေၾကာင္းအရာေလးတစ္ခုေျပာျပခ်င္ပါတယ္။

အထူးသျဖင့္ ကြၽန္ေတာ္တို႔ ျမန္မာေတြဟာ အလႉေရစက္ လက္နဲ႕မကြာ ေပးကမ္း လႉဒါန္းရျခင္းကို ဝါသနာထုံတဲ့ အမ်ိဳးအႏြယ္ေတြပဲ ျဖစ္ပါတယ္။

ဒါေပမယ့္ ကိုယ္က မ်ားမ်ားစားစားလည္း မလႉနိုင္ဘူး ၊ဒါေၾကာင့္ မလႉျဖစ္တတ္တာေတြ မ်ားေနတယ္ဆိုရင္ေတာ့ အခု သတင္းေလးက သင့္အတြက္ အရမ္းကို အက်ိဳးထူးမွာပါ..။

ဒီသတင္းေလးကို Renie Photography ေဖ့ဘုတ္မွ တဆင့္ မွ်ေဝေပးလိုက္ပါတယ္။

ရန္ကုန္တိုင္း လွည္းကူးၿမိဳ႕နယ္ ထဲမွာရွိတဲ့ “ေမတၱာပရဟိတာေဂဟာ ” အလႉလည္း လုပ္ခ်င္တယ္ သိပ္ေဝးေဝးလဲ မသြားခ်င္ဘူး တကယ္လိုအပ္ ေနတဲ့ေနရာေတြ ကိုမွာလည္း လႉခ်င္တယ္ဆိုရင္ေတာ့

လွည္းကူးၿမိဳ႕နယ္ မရမ္းေခ်ာင္း ေက်း႐ြာထဲမွာရွိတဲ့ “ ေမတၱာပရဟိတ ” မသန္စြမ္း အနာႀကီး ေရာဂါသည္ ေစာင့္ေရွာက္ေရး ေဂဟာနဲ႕ မရမ္းေခ်ာင္း တိုက္နယ္ေဆး႐ုံ ေလးမွာလႉဖို႔ တိုက္တြန္းခ်င္ပါတယ္။

ဒီေဂဟာေလးနဲ႕ ေဆး႐ုံေလးက ရန္ကုန္တိုင္း ေဒသႀကီးပိုင္ နယ္ေျမထဲမွာ ရွိေပမယ့္ လမ္းခရီးအရ အလႉ ရွင္ အေရာက္နည္း တာေၾကာင့္ လိုအပ္ခ်က္ေတြမ်ားပါတယ္။

ေဂဟာမွာေတာ့ တေန႕တာ ေက်းေမြးစရိတ္နဲ႕ အဖိုးအဖြား မ်ားအတြက္ တျခားလိုအပ္ တာေလးေတြ လႉနိုင္ပါတယ္။ တကိုယ္ရည္သုံးစြဲဖို႔ လိုအပ္တာေလးေတြ လႉနိုင္တဲ့အျပင္ အလႉေငြ အေနနဲ႕လည္း ေငြတေထာင္ေလာက္က သူတို႔တေန႕တာ သုံးစြဲဖို႔အတြက္ လုံေလာက္တဲ့ ေငြေၾကးလို႔သိရပါတယ္။

ေဂဟာ အေနာက္ဘက္က လမ္းကေလး ထဲမွာေတာ့ မရမ္းေခ်ာင္း ေက်း႐ြာရွိၿပီး တိုက္နယ္ေဆး႐ုံကေလးလည္း ရွိပါတယ္။ ေဆး႐ုံးကေတာ့ လြန္ခဲ့တဲ့ ၃လေလာက္ကမွ တာဝန္က်ဆရာဝန္ရဲ႕ ေဆာင္႐ြက္မႈနဲ႕ ျပန္လည္ အသက္ဝင္လာၿပီး ဆရာဝန္၊ အလႉရွင္ ၊ ႐ြာ သူ႐ြာသားေတြရဲ႕ ႀကိဳးစားမႈနဲ႕ ေကာင္းမြန္စြာနဲ႕ လည္ ပတ္ေနပါၿပီ။

သို႔ေပမယ့္ လိုအပ္ခ်က္ ေတြရွိေနေသး တဲ့အတြက္ ေဂဟာကို လႉရင္းနဲ႕ ေဆး႐ုံေလးကိုပဲ တြဲလႉဖို႔ တခါတည္းတိုက္တြန္းခ်င္ပါတယ္။ တေန႕တာအာဟာရေကြၽးေမြးျခင္းအတြက္ ….နံနက္စာ – ၃၀၀၀၀ …..ေန႕လည္စာ – ၇၀၀၀၀ ….. ညစာ – ၅၀၀၀၀ အျပင္

အျခားအစား အေသာက္နဲ႕ ေဆးဝါးမ်ားလည္း လႉဒါ န္း နိုင္ပါတယ္။ လႉဒါန္းလိုသူေတြ အေနနဲ႕ ေမတၱာပရ ဟိတေဂဟာဥကၠဌ ျဖစ္တဲ့ဦးလွေဌး 09448009115 , 0930783339 )ေဂဟာေကာ္မတီ႐ုံး 09428603151 , 0930485422 သို႔ ဆက္သြယ္လႉဒါန္းနိုင္ပါတယ္။ Renie Photography FB

(Unicode version) ငွေ ၃ သောင်း လောက်ရှိရုံနဲ့ မွန်မြတ်တဲ့ အလှူတစ်ခု လုပ်နိုင်တဲ့ နေရာလေး

ဒီတစ်ခါတော့ အားလုံးကို ကုသိုလ်လည်းရ ၊ စိတ်ချမ်းသာရစေမယ့် အကြောင်းအရာလေးတစ်ခုပြောပြချင်ပါတယ်။

အထူးသဖြင့် ကျွန်တော်တို့ မြန်မာတွေဟာ အလှူရေစက် လက်နဲ့မကွာ ပေးကမ်း လှူဒါန်းရခြင်းကို ဝါသနာထုံတဲ့ အမျိုးအနွယ်တွေပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ကိုယ်က များများစားစားလည်း မလှူနိုင်ဘူး ၊ဒါကြောင့် မလှူဖြစ်တတ်တာတွေ များနေတယ်ဆိုရင်တော့ အခု သတင်းလေးက သင့်အတွက် အရမ်းကို အကျိုးထူးမှာပါ..။

ဒီသတင်းလေးကို Renie Photography ဖေ့ဘုတ်မှ တဆင့် မျှဝေပေးလိုက်ပါတယ်။

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ထဲမှာရှိတဲ့ “မေတ္တာပရဟိတာဂေဟာ ” အလှူလည်း လုပ်ချင်တယ် သိပ်ဝေးဝေးလဲ မသွားချင်ဘူး တကယ်လိုအပ် နေတဲ့နေရာတွေ ကိုမှာလည်း လှူချင်တယ်ဆိုရင်တော့

လှည်းကူးမြို့နယ် မရမ်းချောင်း ကျေးရွာထဲမှာရှိတဲ့ “ မေတ္တာပရဟိတ ” မသန်စွမ်း အနာကြီး ရောဂါသည် စောင့်ရှောက်ရေး ဂေဟာနဲ့ မရမ်းချောင်း တိုက်နယ်ဆေးရုံ လေးမှာလှူဖို့ တိုက်တွန်းချင်ပါတယ်။

ဒီဂေဟာလေးနဲ့ ဆေးရုံလေးက ရန်ကုန်တိုင်း ဒေသကြီးပိုင် နယ်မြေထဲမှာ ရှိပေမယ့် လမ်းခရီးအရ အလှူ ရှင် အရောက်နည်း တာကြောင့် လိုအပ်ချက်တွေများပါတယ်။

ဂေဟာမှာတော့ တနေ့တာ ကျေးမွေးစရိတ်နဲ့ အဖိုးအဖွား များအတွက် တခြားလိုအပ် တာလေးတွေ လှူနိုင်ပါတယ်။ တကိုယ်ရည်သုံးစွဲဖို့ လိုအပ်တာလေးတွေ လှူနိုင်တဲ့အပြင် အလှူငွေ အနေနဲ့လည်း ငွေတထောင်လောက်က သူတို့တနေ့တာ သုံးစွဲဖို့အတွက် လုံလောက်တဲ့ ငွေကြေးလို့သိရပါတယ်။

ဂေဟာ အနောက်ဘက်က လမ်းကလေး ထဲမှာတော့ မရမ်းချောင်း ကျေးရွာရှိပြီး တိုက်နယ်ဆေးရုံကလေးလည်း ရှိပါတယ်။ ဆေးရုံးကတော့ လွန်ခဲ့တဲ့ ၃လလောက်ကမှ တာဝန်ကျဆရာဝန်ရဲ့ ဆောင်ရွက်မှုနဲ့ ပြန်လည် အသက်ဝင်လာပြီး ဆရာဝန်၊ အလှူရှင် ၊ ရွာ သူရွာသားတွေရဲ့ ကြိုးစားမှုနဲ့ ကောင်းမွန်စွာနဲ့ လည် ပတ်နေပါပြီ။

သို့ပေမယ့် လိုအပ်ချက် တွေရှိနေသေး တဲ့အတွက် ဂေဟာကို လှူရင်းနဲ့ ဆေးရုံလေးကိုပဲ တွဲလှူဖို့ တခါတည်းတိုက်တွန်းချင်ပါတယ်။ တနေ့တာအာဟာရကျွေးမွေးခြင်းအတွက် ….နံနက်စာ – ၃၀၀၀၀ …..နေ့လည်စာ – ၇၀၀၀၀ ….. ညစာ – ၅၀၀၀၀ အပြင်

အခြားအစား အသောက်နဲ့ ဆေးဝါးများလည်း လှူဒါ န်း နိုင်ပါတယ်။ လှူဒါန်းလိုသူတွေ အနေနဲ့ မေတ္တာပရ ဟိတဂေဟာဥက္ကဌ ဖြစ်တဲ့ဦးလှဌေး 09448009115 , 0930783339 )ဂေဟာကော် မတီရုံး 09428603151 , 0930485422 သို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ Renie Photography FB

Tags: