ေက်ာက္ေတာ္ၿမိဳ႕ရွိ ရဲစခန္းမွ ရဲအရာရွိ တစ္ဦးအား အမည္မသိ အမ်ိဳးသား ၆ ဦးက ဓား၊ စေကဘာ မ်ားျဖင့္ ဝိုင္းဝန္းထိုးသတ္

ေက်ာက္ေတာ္ၿမိဳ႕ရွိ ရဲစခန္းမွ ရဲအရာရွိ တစ္ဦးအား အမည္မသိ အမ်ိဳးသား ၆ ဦးက ဓား၊ စေကဘာ မ်ားျဖင့္ ဝိုင္းဝန္းထိုးသတ္


ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕မရဲစခန္း၌ တာဝန္ထမ္းေဆာင္ေနေသာ ရဲအရာရွိ တစ္ဦးသည္ ရဲစခန္းမွ ၿမိဳ႕သစ္ရပ္ကြက္ရွိ ၎၏ေနအိမ္သို႔ ျပန္လာစဥ္ ယေန႕မြန္းလြဲ ၃ နာရီ ၄ဝ မိနစ္ခန့္တြင္ ေနအိမ္အနီးအေရာက္၌ အမည္မသိအမ်ိဳးသား ၆ ဦးခန့္က ဓားမ်ား၊ စေကာဘာ မ်ားျဖင့္ ဝိုင္းဝန္းထိုးႏွက္ခဲ့ေၾကာင္း သိရွိရသည္။

ျဖစ္စဥ္မွာ အဆိုပါရဲအရာရွိသည္ ရဲစခန္း၌ တာဝန္မႉးတာဝန္ထမ္းေဆာင္ေနစဥ္ ဇနီးျဖစ္သူမွ ကေလးေနမေကာင္းေၾကာင္း ဖုန္းဆက္အေၾကာင္းၾကားလာသျဖင့္ ၿမိဳ႕သစ္ ရပ္ကြက္ရွိ ၎၏ေနအိမ္သို႔ျပန္လာစဥ္ ေနအိမ္အနီးအေရာက္၌

အမည္မသိအမ်ိဳးသား ၆ ဦး ခန့္က ဓားမ်ား၊ စေကာဘာမ်ားျဖင့္ ဝိုင္းဝန္းထိုးႏွက္ခဲ့ေၾကာင္းႏွင့္ ၎အား လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက ေက်ာက္ေတာ္ျပည္သူ႕ေဆး႐ုံသို႔ ပို႔ေဆာင္ေဆးကုသမႈခံယူစဥ္ ရရွိဓား ဒဏ္ရာမ်ားျဖင့္ ေသဆုံးခဲ့ေၾကာင္းသိရသည္။

AA အၾကမ္းဖက္ ေသာင္းက်န္းသူ အဖြဲ႕မ်ားသည္ အရပ္သားမ်ား အသြင္ေဆာင္၍ လုံၿခဳံ ေရးတပ္ဖြဲ႕ဝင္မ်ား၏ သြားလာလႈပ္ရွားမႈမ်ားကို ေစာင့္ၾကည့္ၿပီး အလစ္အငိုက္တိုက္ခိုက္ ျခင္းမ်ား ျပဳလုပ္လ်က္ရွိရာ ဇြန္ ၁၁ ရက္တြင္ ပုဏၰားကြၽန္းၿမိဳ႕ရွိ

နယ္ေျမခံတပ္မွ တပ္မေတာ္ အရာရွိတစ္ဦးႏွင့္ စစ္ သည္တစ္ဦးကို ဓား၊ သံတုတ္မ်ားျဖင့္ ရိုက္ပုတ္ထိုးႏွက္ခဲ့သျဖင့္ အရာရွိမွာ ေဆးကုသမႈခံယူခဲ့ရၿပီး စစ္သည္အား ဖမ္းဆီးေခၚေဆာင္သြားသည့္ျဖစ္စဥ္အား သတင္း ထုတ္ျပန္ခဲ့ၿပီးျဖစ္ေၾကာင္းႏွင့္ ယခုအခါ ရဲအရာရွိတစ္ဦးအား အရပ္သားအသြင္ေဆာင္၍ ထပ္မံတိုက္ခိုက္လာျခင္း ျဖစ္ေၾကာင္း သတင္းရရွိသည္။ တပ္မေတာ္သတင္းျပန္ၾကားေရးအဖြဲ႕

ကျောက်တော်မြို့ရှိ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးအား အမည်မသိ အမျိုးသား ၆ ဦးက ဓား၊ စကေဘာ များဖြင့် ဝိုင်းဝန်းထိုးသတ်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မရဲစခန်း၌ တာဝန်ထမ်းဆောင်နေသော ရဲအရာရှိ တစ်ဦးသည် ရဲစခန်းမှ မြို့သစ်ရပ်ကွက်ရှိ ၎င်း၏ နေအိမ်သို့ ပြန်လာစဉ် ယနေ့မွန်းလွဲ ၃ နာရီ ၄ဝ မိနစ်ခန့်တွင် နေအိမ်အနီးအရောက်၌ အမည်မသိအမျိုးသား ၆ ဦးခန့်က ဓားများ၊ စကောဘာ များဖြင့် ဝိုင်းဝန်းထိုးနှက်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အဆိုပါရဲအရာရှိသည် ရဲစခန်း၌ တာဝန်မှူးတာဝန်ထမ်းဆောင်နေစဉ် ဇနီးဖြစ်သူမှ ကလေးနေမကောင်းကြောင်း ဖုန်းဆက်အကြောင်းကြားလာသဖြင့် မြို့သစ် ရပ်ကွက်ရှိ ၎င်း၏နေအိမ်သို့ပြန်လာစဉ် နေအိမ်အနီးအရောက်၌

အမည်မသိအမျိုးသား ၆ ဦး ခန့်က ဓားများ၊ စကောဘာများဖြင့် ဝိုင်းဝန်းထိုးနှက်ခဲ့ကြောင်းနှင့် ၎င်းအား လုံခြုံရေး တပ်ဖွဲ့ဝင်များကကျောက် တော်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေ းကုသမှုခံယူစဉ် ရရှိဓား ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်းသိရသည်။

AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များသည် အရပ်သားများ အသွင်ဆောင်၍ လုံခြုံ ရေးတပ်ဖွဲ့ဝင်များ၏ သွားလာလှုပ်ရှားမှုများကို စောင့်ကြည့်ပြီး အလစ်အငိုက်တိုက်ခိုက် ခြင်းများ ပြုလုပ်လျက်ရှိရာ ဇွန် ၁၁ ရက်တွင် ပုဏ္ဏားကျွန်းမြို့ရှိ

နယ်မြေခံတပ်မှ တပ်မတော် အရာရှိတစ်ဦးနှင့် စစ် သည်တစ်ဦးကို ဓား၊ သံတုတ်များဖြင့် ရိုက် ပုတ်ထိုးနှက်ခဲ့သဖြင့် အရာရှိမှာ ဆေးကုသမှုခံယူခဲ့ရပြီး စစ်သည်အား ဖမ်းဆီးခေါ် ဆောင် သွားသည့်ဖြစ်စဉ်အား သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်းနှင့် ယခုအခါ ရဲအရာရှိတစ်ဦးအား အရပ်သားအသွင်ဆောင်၍ ထပ်မံတိုက်ခိုက်လာခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။ တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့

Tags: