နယ္သာလန္ နိုင္ငံမွာ ကိုဗစ္- 19ေရာဂါ ကူးစက္မႈေၾကာင့္ ေႁမြပါ အေကာင္ေရေပါင္း တစ္ေသာင္းေက်ာ္ကို ရွင္းပစ္ရေတာ့မည္

နယ္သာလန္ နိုင္ငံမွာ ကိုဗစ္- 19ေရာဂါ ကူးစက္မႈေၾကာင့္ ေႁမြပါ အေကာင္ေရေပါင္း တစ္ေသာင္းေက်ာ္ကို ရွင္းပစ္ရေတာ့မည္

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ နယ္သာလန္နိုင္ငံမွာ ေသဆုံးမႈႏႈန္းေတြ သိသိသာသာ က်ဆင္းေနခဲ့ေပမယ့္လည္း ဗိုင္းရပ္စ္ကူးစက္မယ့္အေရး အေပၚ စိုးရိမ္မႈေတြက ရွိေနဆဲျဖစ္ပါတယ္။ ဒီအတြက္ေၾကာင့္ အၿမီးရွည္ေႁမြပါေကာင္ေရ တစ္ေသာင္းေက်ာ္ကို သတ္ျဖတ္ပစ္ဖို႔အတြက္ အစိုးရက အမိန႔္ေပးခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါ ေႁမြပါေတြကေတာ့ သားေမြးထုတ္လုပ္ဖို႔ ေမြးျမဴထားတာလို႔ သိရပါတယ္။ လက္ရွိမွာ သားေမြးထုတ္လုပ္ဖို႔အတြက္ ေမြးျမဴခံထားရတဲ့ ေႁမြပါေတြဟာ အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္ခံရမႈနဲ႕ ရင္ဆိုင္ေနရၿပီျဖစ္ၿပီး သူတို႔ရဲ႕တိုေတာင္းတဲ့ ကာလအတြင္းမွာပဲ အဆိုးဝါးဆုံးအေျခအေနေတြနဲ႕ ရင္ဆိုင္လာခဲ့ရၿပီျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကိုရိုနာဗိုင္းရပ္စ္ ၿခိမ္းေျခာက္မႈကို ေႁမြပါေတြလည္း ခံစားခဲ့ရၿပီး ဧၿပီလအတြင္းမွာ ေႁမြပါကတဆင့္ နယ္သာလန္လယ္သမားႏွစ္ဦးဟာ ဗိုင္းရပ္စ္ကူးစက္ခံခဲ့ရတယ္လို႔ သိရပါတယ္။ ဒီအတြက္ေၾကာင့္ အေကာင္ေရတစ္ေသာင္းေက်ာ္ကို သုတ္သင္ပစ္ဖို႔ အစိုးရက ၫႊန္ၾကားခ်က္ထုတ္ျပန္ခဲ့တာလည္းျဖစ္ပါတယ္။

တိရိစာၦန္ အခြင့္အေရးတက္ႂကြလႈပ္ရွားသူေတြကေတာ့ ဒီလုပ္ငန္းကို အဆုံး သတ္ဖို႔အတြက္ လယ္သမားေတြ ျပင္ဆင္ထားသင့္တယ္လို႔ သတိေပခဲ့ပါတယ္။ နယ္သာလန္နိုင္ငံကေတာ့ ကမာၻတဝွမ္းမွာ ေႁမြပါေမြး ျမဴခြင့္ျပဳထားတဲ့ နိုင္ငံေပါင္း ၂၄ နိုင္ငံထဲက တစ္နိုင္ငံလည္း ျဖစ္ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ ၿခိမ္းေျခာက္မႈေၾကာင့္ သားေမြးထုတ္လုပ္ေရာင္း ခ်မႈတစ္ခုတည္း မွာတင္ ျပႆနာ ရွိေနတာေတာ့ မဟုတ္ပါဘူး။ အေမရိကန္မွာ အသားထုတ္လုပ္တဲ့ စက္႐ုံေတြပိတ္သိမ္း ခဲ့ရၿပီးေတာ့ ဒီလို ပိတ္သိမ္းမႈနဲ႕အတူ သန္းနဲ႕ခ်ီတဲ့ ဝက္ေတြ၊ ကြၽဲ၊ ႏြားေတြနဲ႕ ၾကက္ေတြဟာလည္း သတ္ျဖတ္ခံရတာေတြ ရွိေနခဲ့ပါတယ္။

ဒါဟာ လယ္သမားေတြအတြက္ ေ႐ြးခ်ယ္စရာဘာမွ မရွိေတာ့တဲ့အေျခအေနျဖစ္ၿပီး ေမြး ျမဴထားရတဲ့ တိရစာၦန္ေတြကို သတ္ျဖတ္ခဲ့ရတာလည္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့တစ္ပတ္ကလည္း အေမရိကန္မွာ ေခြးတစ္ေကာင္ကို ဗိုင္းရပ္စ္ကူးစက္ခဲ့ၿပီး ဒါဟာ ပထမဆုံးကူးစက္မႈအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ က်ား၊ ခေၾသၤနဲ႕ ေၾကာင္ေတြဆီမွာလည္း ျမင္ေတြ႕ခဲ့ရတယ္လို႔ သိရပါတယ္။

ေရာဂါစတင္ျဖစ္ပြားရာ ဝူဟန္ၿမိဳ႕မွာဆိုရင္ အိမ္ေမြးေခြးနဲ႕ ေၾကာင္ေတြအမ်ားအျပားကို စြန႔္ပစ္ခဲ့ရမႈေတြေတာင္ ရွိခဲ့ပါတယ္။ နယ္သာလန္ကေတာ့ ကိုရိုနာဗိုင္းရပ္စ္ရိုက္ခတ္မႈေၾကာင့္ အသားထုတ္လုပ္မႈစက္႐ုံ အနည္းဆုံး ၃ ခုကို ပိတ္သိမ္းထားခဲ့ပါတယ္။

နယ္သာလန္နိုင္ငံမွာ လက္ရွိအခ်ိန္ထိ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၄၈,၀၀၀ ေက်ာ္ရွိေနၿပီး ေသဆုံးသူ ၆,၀၀၀ ေက်ာ္ရွိေနၿပီ ျဖစ္သည္။

(Unicode version) နယ်သာလန် နိုင်ငံမှာ ကိုဗစ်- 19ရောဂါ ကူးစက်မှုကြောင့် မြွေပါ အကောင်ရေပေါင်း တစ်သောင်းကျော်ကို ရှင်းပစ်ရတော့မည်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်သာလန်နိုင်ငံမှာ သေဆုံးမှုနှုန်းတွေ သိသိသာသာ ကျဆင်းနေခဲ့ပေမယ့်လည်း ဗိုင်းရပ်စ်ကူးစက်မယ့်အရေး အပေါ် စိုးရိမ်မှုတွေက ရှိနေဆဲဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အမြီးရှည်မြွေပါကောင်ရေ တစ်သောင်းကျော်ကို သတ်ဖြတ်ပစ်ဖို့အတွက် အစိုးရက အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မြွေပါတွေကတော့ သားမွေးထုတ်လုပ်ဖို့ မွေးမြူထားတာလို့ သိရပါတယ်။ လက်ရှိမှာ သားမွေးထုတ်လုပ်ဖို့အတွက် မွေးမြူခံထားရတဲ့ မြွေပါတွေဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနဲ့ ရင်ဆိုင်နေရပြီဖြစ်ပြီး သူတို့ရဲ့တိုတောင်းတဲ့ ကာလအတွင်းမှာပဲ အဆိုးဝါးဆုံးအခြေအနေတွေနဲ့ ရင်ဆိုင်လာခဲ့ရပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ် ခြိမ်းခြောက်မှုကို မြွေပါတွေလည်း ခံစားခဲ့ရပြီး ဧပြီလအတွင်းမှာ မြွေပါကတဆင့် နယ်သာလန်လယ်သမားနှစ်ဦးဟာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။ ဒီအတွက်ကြောင့် အကောင်ရေတစ်သောင်းကျော်ကို သုတ်သင်ပစ်ဖို့ အစိုးရက ညွှန်ကြားချက်ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

တိရိစ္ဆာန် အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကတော့ ဒီလုပ်ငန်းကို အဆုံး သတ်ဖို့အတွက် လယ်သမားတွေ ပြင်ဆင်ထားသင့်တယ်လို့ သတိပေခဲ့ပါတယ်။ နယ်သာလန်နိုင်ငံကတော့ ကမ္ဘာတဝှမ်းမှာ မြွေပါမွေး မြူခွင့်ပြုထားတဲ့ နိုင်ငံပေါင်း ၂၄ နိုင်ငံထဲက တစ်နိုင်ငံလည်း ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ခြိမ်းခြောက်မှုကြောင့် သားမွေးထုတ်လုပ်ရောင်း ချမှုတစ်ခုတည်း မှာတင် ပြဿနာ ရှိနေတာတော့ မဟုတ်ပါဘူး။ အမေရိကန်မှာ အသားထုတ်လုပ်တဲ့ စက်ရုံတွေပိတ်သိမ်း ခဲ့ရပြီးတော့ ဒီလို ပိတ်သိမ်းမှုနဲ့အတူ သန်းနဲ့ချီတဲ့ ဝက်တွေ၊ ကျွဲ၊ နွားတွေနဲ့ ကြက်တွေဟာလည်း သတ်ဖြတ်ခံရတာတွေ ရှိနေခဲ့ပါတယ်။

ဒါဟာ လယ်သမားတွေအတွက် ရွေးချယ်စရာဘာမှ မရှိတော့တဲ့အခြေအနေဖြစ်ပြီး မွေး မြူထားရတဲ့ တိရစ္ဆာန်တွေကို သတ်ဖြတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကလည်း အမေရိကန်မှာ ခွေးတစ်ကောင်ကို ဗိုင်းရပ်စ်ကူးစက်ခဲ့ပြီး ဒါဟာ ပထမဆုံးကူးစက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ကျား၊ ခြေင်္သနဲ့ ကြောင်တွေဆီမှာလည်း မြင်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

ရောဂါစတင်ဖြစ်ပွားရာ ဝူဟန်မြို့မှာဆိုရင် အိမ်မွေးခွေးနဲ့ ကြောင်တွေအများအပြားကို စွန့်ပစ်ခဲ့ရမှုတွေတောင် ရှိခဲ့ပါတယ်။ နယ်သာလန်ကတော့ ကိုရိုနာဗိုင်းရပ်စ်ရိုက်ခတ်မှုကြောင့် အသားထုတ်လုပ်မှုစက်ရုံ အနည်းဆုံး ၃ ခုကို ပိတ်သိမ်းထားခဲ့ပါတယ်။

နယ်သာလန်နိုင်ငံမှာ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၈,၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၆,၀၀၀ ကျော်ရှိနေပြီ ဖြစ်သည်။

Tags: