မေကြးတိုင္း ေပါက္ၿမိဳ႕နယ္တြင္ ဖားေကာက္ထြက္သူ ၁ ဦး မိုးႀကိဳးပစ္ ခံရမႈေၾကာင့္ ေသဆုံး

မေကြးတိုင္း ေပါက္ၿမိဳ႕နယ္တြင္ ဖားေကာက္ထြက္သူ ၁ ဦး မိုးႀကိဳးပစ္ ခံရမႈေၾကာင့္ ေသဆုံး

မေကြးတိုင္း၊ ေပါက္ၿမိဳ႕နယ္၊ ျမႇားပိုင္းေက်း႐ြာအုပ္စု၊ ထန္းပင္ေခ်ာင္းေက်း႐ြာ မန္က်ည္းကုန္းေတာတဲတိုက္မွာ ဇြန္လ ၈ ရက္ေန႕ ည ၉ နာရီခြဲေလာက္က မိုး႐ြာေနခ်ိန္ ဖားေကာက္ထြက္သူ

အမ်ိဳးသား ၁ ဦး မိုးႀကိဳးထိမွန္ၿပီး ေသဆုံးခဲ့တယ္လို႔ ေပါက္ၿမိဳ႕မရဲစခန္းမႉးက ေျပာပါတယ္။ “မိုး႐ြာလို႔ စာသင္ေက်ာင္းအေနာက္ဘက္ ႏွစ္ဖာလုံခန႔္အကြာမွာ ဖားေကာက္ထြက္တယ္။ မိုးႀကိဳး ႏွစ္ခ်က္ပစ္တယ္။”

အဲဒီေက်း႐ြာေန ကုလား (ခ) ဇင္မင္းေအး ၂၂ ႏွစ္ဟာ ဖားေကာက္စဥ္ မိုးႀကိဳးထိမွန္တာေၾကာင့္ ဝဲဘက္ လက္ေမာင္း၊ ကုတ္၊ ေနာက္ေက်ာမွ ေပါင္အထိ ညိုမည္းပြန္းပဲ့ အေရျပားလန္ ဒဏ္ရာေတြ ရရွိခဲ့ၿပီး ေပါက္ၿမိဳ႕ ေဆး႐ုံအေရာက္မွာ ေသဆုံးခဲ့တယ္လို႔ ဆိုပါတယ္။

မေကြးတိုင္းအတြင္း မိုးႀကိဳးထိမွန္တာေၾကာင့္ ဧၿပီမွာ ၁ ဦး၊ ေမမွာ ၂ ဦး ေသဆုံးခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူ ၁ ဦးရွိေၾကာင္း သဘာဝေဘးအႏၲရာယ္ မိုးႀကိဳးေဘးေၾကာင့္ ေသဆုံးသူ ၁ ဦးကို

သုံးသိန္းက်ပ္ ေထာက္ပံ့ေပး ခဲ့တယ္လို႔ မေကြးတိုင္း သဘာဝ ေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးျမင့္စိုးက ေျပာပါတယ္။ ကိုလင္း (ေခ်ာက္)

မကွေးတိုင်း ပေါက်မြို့နယ်တွင် ဖားကောက်ထွက်သူ ၁ ဦး မိုးကြိုးပစ် ခံရမှုကြောင့် သေဆုံး

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ မြှားပိုင်းကျေးရွာအုပ်စု၊ ထန်းပင်ချောင်းကျေးရွာ မန်ကျည်းကုန်းတောတဲတိုက်မှာ ဇွန်လ ၈ ရက်နေ့ ည ၉ နာရီခွဲလောက်က မိုးရွာနေချိန် ဖားကောက်ထွက်သူ

အမျိုးသား ၁ ဦး မိုးကြိုးထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ပေါက်မြို့မရဲစခန်းမှူးက ပြောပါတယ်။ “မိုးရွာလို့ စာသင်ကျောင်းအနောက်ဘက် နှစ်ဖာလုံခန့်အကွာမှာ ဖားကောက်ထွက်တယ်။ မိုးကြိုး နှစ်ချက်ပစ်တယ်။”

အဲဒီကျေးရွာနေ ကုလား (ခ) ဇင်မင်းအေး ၂၂ နှစ်ဟာ ဖားကောက်စဉ် မိုးကြိုးထိမှန်တာကြောင့် ဝဲဘက် လက်မောင်း၊ ကုတ်၊ နောက်ကျောမှ ပေါင်အထိ ညိုမည်းပွန်းပဲ့ အရေပြားလန် ဒဏ်ရာတွေ ရရှိခဲ့ပြီး ပေါက်မြို့ ဆေးရုံအရောက်မှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မကွေးတိုင်းအတွင်း မိုးကြိုးထိမှန်တာကြောင့် ဧပြီမှာ ၁ ဦး၊ မေမှာ ၂ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁ ဦးရှိကြောင်း သဘာဝဘေးအ န္တရာယ် မိုးကြိုးဘေးကြောင့် သေဆုံးသူ ၁ ဦးကို

သုံးသိန်းကျပ် ထောက်ပံ့ပေး ခဲ့တယ်လို့ မကွေ းတိုင်း သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောပါတယ်။ ကိုလင်း (ချောက်)

Tags: