(Unicode version) ဆမ်ဆောင်း ကုမ္ပဏီရဲ့ အမွေဆက်ခံသူကို လိမ်လည်မှုနဲ့ ဖမ်းဝရမ်း ထုတ်ဖို့ တောင်ကိုရီးယား တရားရုံးက ငြင်းဆို
ဆိုးလ်မြို့မှာ ရှိတဲ့တရားရုံးက ဆမ်ဆောင်း အီလက်ထရောနစ် ကုမ္ပဏီရဲ့ အမွေဆက်ခံသူ လီဂျဲယောင် ကို ဖမ်းဝရမ်း ထုတ်ဖို့ ငြင်းဆိုခဲ့ပါတယ်။
လိမ်လည်မှုနဲ့ စတော့ရှယ်ယာ လှည့်စားမှုတွေ လုပ်ရာမှာ တာဝန်ရှိတယ်လို့ လီကို အမှုစစ်တွေက စွပ်စွဲထားတာပါ။
အခု တရားရုံး ဆုံးဖြတ်ချက်ဟာ တောင်ကိုရီးယား စီးပွားရေး လုပ်ငန်းစုကြီးရဲ့ နောက်ကွယ်က ခေါင်း ဆောင်ကို ယာယီ သက်သာခွင့် ပေးလိုက်တာပါ။
ဒါပေမဲ့ အမှုစစ်တွေက လီဂျဲယောင်ကို ဆက်ပြီးစုံစမ်းစစ်ဆေးဦးမယ်လို့ပြောထားပါတယ်။ သူတို့မှာ သက် သေအထောက် အထားအသစ် တွေရပြီဆိုရင် နောက် ထပ်ဝရမ်း ထုတ်ဖို့ တောင်းဆိုနိုင် ပါတယ်။
ဆမ်ဆောင်းရဲ့စီးပွားရေးလုပ်ငန်းနှစ်ခုကို အငြင်းပွားဖွယ်ပေါင်းစည်းခဲ့တာနဲ့ လိမ်လည်ခဲ့ တာတွေမှာ တာ ဝန်ရှိတယ် ဆိုတဲ့ သူတို့ရဲ့စုံစမ်းစစ်ဆေးမှုနဲ့ ဆက်စပ်ပြီး
လီကို ဖမ်းဝရမ်းထုတ်ပေးဖို့ ပြီးခဲ့တဲ့တစ်ပတ်မှာ တောင်ကိုရီးယားအစိုးရအမှုစစ်တွေက တရားရုံးကိုတောင်းဆိုခဲ့ပါတယ်။
အဲဒီသဘောတူညီချက်ကြောင့် လုပ်ငန်းစုမှာ သူ့ရဲ့ထိန်းချုပ်မှုပိုကြီးလာတယ်လို့ အမှုစစ်တွေကပြောပါတယ်။ Ref ; The Fifth Wave News
Tags: