ခမ်းနားပြီးကျယ်ဝန်းတဲ့ သူ့ရဲ့ကိုယ် ပိုင်အခန်းလေးကို ထုတ်ပြလိုက်တဲ့ မင်းသားချောလေးကျော်ထက်ဇော်

ခမ်းနားပြီးကျယ်ဝန်းတဲ့ သူ့ရဲ့ကိုယ် ပိုင်အခန်းလေးကို ထုတ်ပြလိုက်တဲ့ မင်းသားချောလေးကျော်ထက်ဇော်

ပရိသတ်ကြီးရေ.. မော်လ်ဒယ်သရုပ်ဆောင်မင်းသားချောလေး ကျော်ထက်ဇော်ကတော့ MRTV-4 ရုပ်သံဇာတ်ကားတွေမှာ ပီပြင်တဲ့ သရုပ်ဆောက်ကောင်းမှုတွေနဲ့ ပရိသတ်တွေ ရဲ့ရင်ထဲ အခိုင်အမာနေရာယူထားသူပဲ ဖြစ်ပါတယ်..။

သရုပ်ဆောင်ကောင်းတဲ့အပြင် ဆွဲဆောင်မှုရှိပြီး ယောက်ျားပီသတဲ့ ဟန်ပန်ပုံရိပ်လေးတွေ ကြောင့်လည်း မိန်းကလေးပရိသတ်တွေကြား အမြဲရေပန်းစားပြီး ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူလည်း ဖြစ်ပါတယ်..။

လတ်တလောမှာ ပြသနေတဲ့ “အချစ်ဖွဲ့လေညင်း” ဇာတ်ကားမှာလည်း နှစ်ကိုယ်ခွဲသရု ပ်ဆောင်ထားကာ ပရိသတ်တွေရဲ့တခဲနက်အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိ ထား ပြန်ပြီး အောင်မြင်တဲ့ အနုပညာရှင်အဖြစ် လျှောက်လှမ်းနေပြီ ဖြစ်ပါတယ်နော်..။

မင်းသားချောလေး ကျော်ထက်ဇော်ကတော့ သူ့ရဲ့အနုပညာလှုပ်ရှားမှုလေးတွေကို အမြဲမျှ ဝေလေ့ရှိသလို အခုတစ်ခါမှာလည်း သူ့ရဲ့ကိုယ်ပိုင်အခန်းလေးတွေ ထုတ်ပြလိုက်ပြီး အခန်း လေးကို လွမ်းနေတဲ့အကြောင်းလေး ပြောလာပါတယ်နော်..။

ရှင်းလင်းသပ်ရပ်ပြီး ခမ်းနားကျယ်ဝန်းတဲ့ သူ့ရဲ့ကိုယ်ပိုင်အခန်းလေးကို မျှဝေထားတာဖြစ် ပြီး ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေနဲ့အတူ အမြဲလွမ်းနေရတဲ့ အကြောင်းလေးကိုလည်း ရေးသားပြောပြထားတာပါ..။

“မင်းကို အမြဲလွမ်းနေရတဲ့ ကိုယ့်အခန်းလေး..” ဆိုပြီး သူ့ရဲ့အခန်းလေးကို လွမ်းနေရတဲ့အ ကြော င်းလေးနဲ့ အခန်းလေးတွေကို ပြန်လည်မျှဝေထားတာ ဖြစ်တာမို့ ပရိသတ်တွေကလ ည်း သဘောကျနေကြပါတယ်နော်..။

Source & Photo Credit – Kyaw Htet Zaw’s FB Account