ၿမိတ္ေလတပ္စခန္း ဌာနခ်ဳပ္က က်င္းပတဲ့ ဌာနခ်ဳပ္မႈးဒိုင္း တပ္တြင္းဖူဆယ္ ေဘာလုံးပြဲတြင္ မိုးႀကိဳးပစ္ခံရၿပီးလူ ၅ ဦးေသဆုံး

ၿမိတ္ေလတပ္စခန္း ဌာနခ်ဳပ္က က်င္းပတဲ့ ဌာနခ်ဳပ္မႈးဒိုင္း တပ္တြင္းဖူဆယ္ ေဘာလုံးပြဲတြင္ မိုးႀကိဳးပစ္ခံရၿပီးလူ ၅ ဦးေသဆုံး

ဇြန္လ ၃ ရက္ ညေန ၅ နာရီဝန္းက်င္က တနသၤာရီ တိုင္း ၿမိတ္ၿမိဳ႕နယ္မွာရွိတဲ့ ၿမိတ္ေလတပ္စခန္းဌာနခ်ဳပ္ အမွတ္(၇၂) ေလယာဥ္အုပ္စုက က်င္းပတဲ့ ဌာနခ်ဳပ္မႈးဒိုင္း တပ္တြင္းဖူဆယ္ ေဘာလုံးၿပိဳင္ပြဲမွာ မိုးႀကိဳးပစ္လို႔ လူ ၅ ဦး ေသဆုံးၿပီး တခ်ိဳ႕ဒဏ္ရာရရွိ ခဲ့တယ္လို႔ အဆိုပါ တပ္စခန္းနဲ႕ နီးစပ္သူေတြက ေျပာပါတယ္။

ေသဆုံး သြားသူေတြဟာ တပ္မိသားစုဝင္ အမ်ိဳးသမီး ၄ ဦးနဲ႕ ကေလးငယ္ ၁ ဦးျဖစ္ၿပီး ဒဏ္ရာရရွိ သူေတြကိုေတာ့ ၿမိတ္ၿမိဳ႕နယ္မွာရွိတဲ့ အမွတ္ (၅) တပ္မေတာ္စစ္ေဆး႐ုံမွာ ေဆးကုသေပးေနတယ္လို႔ သိရပါတယ္။

ေဆး႐ုံတက္ေရာက္ကုသေနတဲ့ ကာယကံရွင္ မိသားစုဝင္ တစ္ဦးကေတာ့ မိုးႀကိဳးစက္ကြင္းမိလို႔ ဒဏ္ရာရရွိသူေတြ တပ္မေတာ္ စစ္ေဆး႐ုံမွာေတြ႕ေနရၿပီး လိုက္လံေရတြက္ရာမွာေတာ့ ၁၀ ဦးထက္မနည္း ရွိတယ္လို႔ ဖုန္းနဲ႕ျပန္လည္ ေျဖၾကားပါတယ္။

အဆိုပါျဖစ္စဥ္နဲ႕ပတ္သက္လို႔ ၿမိတ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕က တာဝန္ရွိသူ တစ္ဦးကို ေမးျမန္းရာမွာေတာ့ ျဖစ္စဥ္နဲ႕ ေသဆုံးမႈဟာ မွန္ကန္ၿပီး အတိအက်ကိဳေတာ့ တပ္ပိုင္းဆိုင္ရာ ကိစၥရပ္ျဖစ္တာေၾကာင့္ တပ္မေတာ္ ဘက္ကိုသာ ျပန္လည္ ေမးျမန္းဖို႔ကို ေျပာၾကားပါတယ္။

မိုးႀကိဳဝင္ကာစ အခ်ိန္ကာလေတြမွာ အခုလို မိုးႀကိဳးပစ္တဲ့ အႏၲရာယ္ျဖစ္ေပၚေလ့ရွိတတ္တယ္လို႔ မိုးေလဝသ ပညာရွင္ေတြက ေျပာၾကား ထားပါတယ္။ #DVB #News #ၿမိတ္ #ေလတပ္

(Unicode version) မြိတ်လေတပ်စခန်း ဌာနချုပ်က ကျင်းပတဲ့ ဌာနချုပ်မှုးဒိုင်း တပ်တွင်းဖူဆယ် ဘောလုံးပွဲတွင် မိုးကြိုးပစ်ခံရပြီးလူ ၅ ဦးသေဆုံး

ဇွန်လ ၃ ရက် ညနေ ၅ နာရီဝန်းကျင်က တနင်္သာရီ တိုင်း မြိတ်မြို့နယ်မှာရှိတဲ့ မြိတ်လေတပ်စခန်းဌာနချုပ် အမှတ်(၇၂) လေယာဉ်အုပ်စုက ကျင်းပတဲ့ ဌာနချုပ်မှုးဒိုင်း တပ်တွင်းဖူဆယ် ဘောလုံးပြိုင်ပွဲမှာ မိုးကြိုးပစ်လို့ လူ ၅ ဦး သေဆုံးပြီး တချို့ဒဏ်ရာရရှိ ခဲ့တယ်လို့ အဆိုပါ တပ်စခန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

သေဆုံး သွားသူတွေဟာ တပ်မိသားစုဝင် အမျိုးသမီး ၄ ဦးနဲ့ ကလေးငယ် ၁ ဦးဖြစ်ပြီး ဒဏ်ရာရရှိ သူတွေကိုတော့ မြိတ်မြို့နယ်မှာရှိတဲ့ အမှတ် (၅) တပ်မတော်စစ်ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့ သိရပါတယ်။

ဆေးရုံတက်ရောက်ကုသနေတဲ့ ကာယကံရှင် မိသားစုဝင် တစ်ဦးကတော့ မိုးကြိုးစက်ကွင်းမိလို့ ဒဏ်ရာရရှိသူတွေ တပ်မတော် စစ်ဆေးရုံမှာတွေ့နေရပြီး လိုက်လံရေတွက်ရာမှာတော့ ၁၀ ဦးထက်မနည်း ရှိတယ်လို့ ဖုန်းနဲ့ပြန်လည် ဖြေကြားပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်လို့ မြိတ်မြို့နယ် ရဲတပ်ဖွဲ့က တာဝန်ရှိသူ တစ်ဦးကို မေးမြန်းရာမှာတော့ ဖြစ်စဉ်နဲ့ သေဆုံးမှုဟာ မှန်ကန်ပြီး အတိအကျကိုတော့ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်ဖြစ်တာကြောင့် တပ်မတော် ဘက်ကိုသာ ပြန်လည် မေးမြန်းဖို့ကို ပြောကြားပါတယ်။

မိုးကြိုဝင်ကာစ အချိန်ကာလတွေမှာ အခုလို မိုးကြိုးပစ်တဲ့ အန္တရာယ်ဖြစ်ပေါ်လေ့ရှိတတ်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ပြောကြားထားပါတယ်။ #DVB #News #မြိတ် #လေတပ်

Tags: