ရန်ကုန်တိုင်းအစိုးရ လူစုလူဝေးဖြင့် ပွဲလုပ်သည်ဟု ပြောဆိုနေကြသည့်အပေါ် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၏ ရှင်းလင်းချက်

ရန်ကုန်တိုင်းအစိုးရ လူစုလူဝေးဖြင့် ပွဲလုပ်သည်ဟု ပြောဆိုနေကြည့်အပေါ် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၏ ရှင်းလင်းချက်

“အခုလူမှုကွန်ယက်စာမျက်နာတွေပေါ်မှာ ဖော်ပြနေတဲ့ ဒီကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန်မှာ လူစုလူဝေးမလုပ်ရဘူး ပွဲမလုပ်ရဘူးဆိုတဲ့ကိစ္စရပ်တွေကို တိုင်းဒေသကြီးအစိုးရက ချိုးဖောက်နေတယ်ဆိုပြီးတော့ ပြောဆိုနေတဲ့အခြေနေနဲ့ပါတ်သက်ပြီး အနည်းငယ်ရှင်းပြချင်ပါတယ် ကျွန်တော်တို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ဥပဒေတွေကိုလေးစားလိုက်နာပါတယ်

ကျွန်တော်တို့ကိုယ်တိုင်လည်း တည်ဆဲဥပဒေတွေအားလုံးကို တိတိကျကျလိုက်နာပြီး ဆောင်ရွက်နေတာဖြစ်ပါတယ် အခု ဗိုလ်တထောင်စေတီတော်မှာ ဆောင်ရွက်တဲ့အစီအစဉ်တွေအားလုံးဟာ ဗိုလ်တထောင်စေတီတော်ကြီး ဘက်စုံပြုပြင်မွန်းမံဘို့အတွက် ၂၀၁၈ ခုနှစ်လောက်ကစပြီးတော့ စတင်ခဲ့ပါတယ် အဲဒီဘက်စုံပြုပြင်မွန်းမံရေးကို

ကျွန်တော်ကိုယ်တိုင်ဦးစီးပြီးဆောင်ရွက်နေတာဖြစ်ပါတယ် အစိုးရအဖွဲ့ဝင်တွေလည်းပါဝင်ပါတယ် အဲဒီအပေါ်ကနေမူတည်ပြီးတော့ ဘက်စုံပြုပြင်မွန်းမံရေးဟာ ကိုဗစ်-၁၉ ရောဂါဖြစ်လာတဲ့အခြေနေမှာ ရပ်ဆိုင်းခဲ့ပါတယ် ဘာကြောင့်လည်းဆိုတော့ကိုဗစ်-၁၉ ဖြစ်လာတဲ့အတွက် ဘုရားပုထိုးတွေကိုလည်းယာယီပိတ်ထားရမယ်

လူစုလူဝေးဖြစ်စေနိုင်တဲ့ကိစ္စရပ်တွေအားလုံးကို ကန့်သတ်ချက်တွေ ထုတ်ပြန်ခဲ့တဲ့အတွက် လိုက်နာပြီး ဘက်စုံပြုပြင်မွန်းမံခြင်းရပ်ဆိုင်းခဲ့ပါတယ် ကျွန်တော်တို့ပွဲတော်တစ်ခုကျင်းပနေတာမဟုတ်ပါဘူးရွေ့ပြောင်းမှုတစ်ခုပြုလုပ်တာဖြစ်ပါတယ် ရွေ့ပြောင်းတဲ့နေရာမှာဘာသာရေးထုံးစံအရ ရွေ့ပြောင်းပါတယ် ဒီအစီအစဉ်တွေကို

ကျကျနန မသိရှိထားတဲ့ အခြေနေမျိုးမှာဒါဟာလူစုလူဝေးပွဲလမ်းလုပ်တယ်ဆိုတဲ့အခြေနေမျိုးဖြစ်ပါတယ် ဗိုလ်တထောင်စေတိမှာပြုပြင်မွန်းမံမှုတွေလုပ်တိုင်းရှင်ဥပဂုတ္တဖောင်ကို မျောခဲ့ပါတယ် ဒါလည်း ပွဲလမ်းသဘင်လုပ်တာမဟုတ်ပါဘူး ဒါလုပ်ထုံလုပ်နည်းအညီ ဘာသာရေးအရ ပြုပြင်မှုတွေ အားလုံးကိုဆောင်ရွက်ရမယ့်

ဆရာတော်တွေရဲ့ညွှန်ကြားမှုတွေနဲ့ ဆောင်ရွက်တာဖြစ်ပါတယ် ဒီဥစ္စာအပေါ်မှာ တိုင်းဒေသကြီးအစိုးရကနေ ဥပဒေချိုးဖောက်ပြီးတော့ လူစုလူဝေးပွဲလမ်းသဘင် လုပ်နေတယ်ဆိုတဲ့အခြေနေဟာ လုံးဝမှားနေပါတယ် ကျွန်တော်တို့က ပွဲလမ်းသဘင်တွေဆောင်ရွက်ဘို့အစီအစဉ် လုံးဝမရှိပါဘူး ဘုရားပေါ်မှာဆောင်ရွက်တဲ့အခြေနေကို

မမြင်တွေ့နိုင်ပေမယ့် အမတော် မြနန်းနွယ်ကျောင်းဆောင်တည်ဆောက်မှုကတော့ ဘုရားရဲ့မျက်နာချင်းဆိုင်လမ်းဖြစ်နေတဲ့အတွက် လူတွေဝိုင်းကြည့်ပြီးပွဲလမ်းသဘင်ဖြစ်နေတယ်လို့ ယူဆလာလို့ဖြစ်ပါတယ် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီပဲဆောင်ရွက်နေတာဖြစ်ပါတယ်”

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း