ငါငိုပြီးရင်နင်ငိုမှဖြစ်မယ်…ခေတ်သစ် ex ကိုလက်စားခြေနည်း သေခြာဖတ်ကြည့်ပါနော် ပြီးတော့သဘောကျရင်ရှယ်ပေးပါ

ငါငိုပြီးရင်နင်ငိုမှဖြစ်မယ်။ (ခေတ်သစ် ex ကိုလက်စားခြေနည်း)

တရုတ်ပြည်ရှန်တုန်းပြည်နယ်မှာ Zhao ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ သူ့ရည်းစားဟောင်းရဲ့အိမ်တံခါးဝမှာ ကြက်သွန်နီတစ်တန်ကို ပုံပြီးသွန်စေခဲ့သတဲ့။

တရုတ်မှာ ချစ်သူများနေ့ 3 နေ့ရှိပါတယ်။

ဖေဖဝါရီ 14 ရက်နေ့ Valentine’s Day ရယ်၊

ဇူလိုင်လထဲမှာ တရုတ်လနဲ့တွက်တဲ့ 7 ရက် 7 လနေ့ ရယ်၊

မေလ 20 ရက်နေ့ 520 ကို “I love you” လို့ အသံထွက်နဲ့ ယူတဲ့နေ့ရယ်ပါ။

ဒီနေ့မေလ 20 ရက်နေ့ မနက်အိပ်ရာနိုးတဲ့အခါမှာ သူ့ရည်းစားဟောင်းဟာ အိမ်တံခါးဝမှာ ကြက်သွန်နီတစ်တန်စာ ပုံထားတာနဲ့မတူ စာတစ်စောင်ကပ်ထားတာကို တွေ့လိုက်ရပါသတဲ့။

“ငါသုံးရက်ငိုခဲ့ရတယ်အခုနင့်အလှည့်ပဲ။” တဲ့ သူ့ရဲ့ ex လည်းငိုရမယ့်ပုံပါ။ ဘေးအိမ်တွေအပြောအရ အလွန်မွှန်ပြီး ကြက်သွန်နီပုပ်စော် အဲ့နားကအိမ်တွေတောင်မခံနိုင်ဘူးတဲ့။

အဲ့ဒီ အိမ်ယာအဆောက်အဦးမှာနေတဲ့ အမျိုးသမီးတစ်ယောက်အပြောအရတော့….. “သူ့ရည်းစားဟောင်းငိုမငိုဘူးတော့မသိဘူး။ ငါတို့တော့မွှန်ပြီး လည်ချောင်းထဲကတောင်ကျပ်တယ်” တဲ့။

တရပ်ကွက်လုံးကို ကြက်သွန်နီပုပ်နံ့ထွက်နေတော့တာပဲတဲ့။ Zhao ရဲ့ ex ကိုမေးကြည့်တဲ့အခါ “လွန်လွန်းတယ်” တစ်ခွန်းထဲပြောပါသတဲ့။

Zhao ဟာ သူ့ရဲ့ ex နဲ့ တစ်နှစ်နီးပါးတွဲနေပြီးမှ ex က အဆက်ဖြတ်သွားတာပါတဲ့။ “သူဖြတ်တော့ ငါ့မှာခံစားလိုက်ရတာ သူကတော့တစက်မှမငိုဘူး” တဲ့။ အာ့နဲ့ မေလ 20 ရက်နေ့ “I love you” နေ့မှာ ဒင်းကို မျက်ရည်ထွက်အောင်လုပ်မယ်ဆိုပြီး ကြံနေတာကြာပြီတဲ့။

“ငွေကအလကား။ လူနှစ်ယောက်မှာကြားဖီလင်တွေကတန်ဖိုးရှိတာတဲ့။ ငါတစ်ယောက်တည်းငိုတဲ့သူဖြစ်လို့ဘယ်ရပါ့မလဲ” တဲ့။ “Money is nothin. But the feelings between two people are precious. I can’t be the only obe crying.” တဲ့။

ယောက်ျားလေးတွေ နောက်နေ့မနက်နိုးလို့ အိမ်တံခါးဝမှာ ကြက်သွန်နီပုပ်တစ်တန်လောက်ပုံနေရင် ကျနော့်ကို နည်းပေးလမ်းပြဆိုပြီး ပြောကုန်ကြတော့မှာပဲ။

မိန်းကလေးတွေမှာ လက်စားချေနည်းမျိုးစုံရှိတယ်တဲ့။ မနိုင်ဘူး။ သွားမလုပ်နဲ့ငိုသွားမယ်။ Richard Myo Thant