ငယ်ငယ်ကအဖေ့ကိုစိတ်နာလို့ ဓာတ်ပုံတွဲမရိုက်ခဲ့တာ ကြီးလာမှနောင်တရမိတယ်ဆိုတဲ့ ခိုင်နှင်းဝေ…

ငယ်ငယ်ကအဖေ့ကိုစိတ်နာလို့ ဓာတ်ပုံတွဲမရိုက်ခဲ့တာ ကြီးလာမှနောင်တရမိတယ်ဆိုတဲ့ ခိုင်နှင်းဝေ…

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ လူတကာမလုပ်နိုင်တဲ့ ပရဟိတအလုပ်တွေကို စိတ်ရောကိုယ်ပါနစ်ပြီး လုပ်ဆောင်နေသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေက အားလုံးသိပြီးသားအတိုင်း Broken family ကနေ ဆင်းသက်လာသူဖြစ်ပြီး သူမလို ဘဝတူကလေးတွေ၊ မိဘက စွန့်ပစ်ခံခဲ့ရတဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်ပေးနေသူ

တစ်ယောက်ဆိုလည်း မမှားပါဘူး။ ကလေးပေါင်းများစွာကို စောင့်ရှောက်ပေးနေတဲ့ ခိုင်နှင်းဝေက သူမရဲ့ဂေဟာက ကလေးတစ်ယောက်ကို သူ့ရဲ့အဘွားနဲ့ ပေးတွေ့ခဲ့တဲ့အကြောင်းနဲ့

ပတ်သက်ပြီး ပြောလာတာကို တွေ့ရပါတယ်။ ပထမဆုံး အကြိမ် မြေးနဲ့အဘွားနဲ့ တွေ့ဆုံပေးဖြစ်ပါတယ်။ ရောဂါသည် အဘွားအတွက် ဆေးဘိုး(၂)သိန်းလဲ ကန်တော့ခဲ့ပါတယ်။

နောင်တချိန် ကလေးတွေစိတ်ထဲ အယူမှားပစ်မှားလို့ ကံကြီးထိုက်တာတွေ မဖြစ်အောင်ပါ။ ကိုယ်တိုင်လဲ အဖေနဲ့တွဲရိုက်တဲ့ ပုံလေးတပုံတောင် အမှတ်တရမကျန်ခဲ့ပဲ ငယ်တုန်းက စိတ်နာသမျှ

အခုမှနောင်တရမိတဲ့ အဖြစ်မျိုးတွေ ကလေးတွေ စိတ်ထဲမဖြစ်စေချင်တဲ့ အကြောင်းအမျိုးမျိုးတွေကြောင့်ပါရှင်။ တစ်နှစ်တစ်ခါ ကလေးမွေးနေ့တိုင်း တွေ့ခွင့်ပေးပြီး

ကန်တော့ခိုင်းဖို့လဲ စိတ်ကူးမိပါတယ်ရှင်.. ဆိုပြီး ပြောလာပါတယ်။ ခိုင်နှင်းဝေကတော့ သူမကိုယ်တိုင် ငယ်ငယ်ကအဖေ့ကိုစိတ်နာလို့ ဓာတ်ပုံတစ်ပုံတောင် တွဲမရိုက်ခဲ့တာ

ကြီးမှနောင်တရမိတဲ့အဖြစ်မျိုး မသိနားမလည်သေးတဲ့ ကလေးတွေကိုလည်း မဖြစ်စေချင်တဲ့အတွက် ကလေးတွေရဲ့ သွေးသားရင်းဆွေမျိုးတွေနဲ့ တွေ့ခွင့်ပေးဖို့ စိတ်ကူးထားတယ်လို့ ပြောလာတာပဲဖြစ်ပါတယ်။

(Visited 22 times, 1 visits today)