စိတ်နာလွန်းလို့ဒီတစ်သက်ရုပ်ရှင်လောကထဲ ဘယ်တော့မှထပ်မလာတော့ဘူးလို့ ဒဲ့ပြောလာတဲ့နဝရတ်

စိတ်နာလွန်းလို့ ဒီတစ်သက် ရုပ်ရှင်လောကထဲ ဘယ်တော့မှ ထပ်မလာတော့ဘူးလို့ ဒဲ့ပြောလာတဲ့ နဝရတ်

တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရုပ်ရှင်လောကမှာ နောက်ဆုံးအနေနဲ့ တွေ့မြင်ခဲ့ရတဲ့

နဝရတ်ဟာ သူတောင်းစားကာရိုက်တာကနေ သူဌေးသမီး ကာရိုက်တာအဆုံးထိ ဟာကွက်မရှိပဲ ပီပြင်အောင်

သရုပ်ဆောင်နိုင်တဲ့ မင်းသမီး တစ်လက် ဖြစ်ပါတယ်။ သူမဖန်တီးပြခဲ့တဲ့ အနုပညာကို

အစကေန အဆုံးထိ တာဝန်ယူမှု အပြည့်ရှိခဲ့ပြီး (၁၅)နှစ်တာ အချိန်ကာလတုန်းက

သူမရဲ့ နုငယ်ပျိုမြစ်မှုတွေနဲ့ အလှတွေကို နှစ်မြုပ်ထားကာ ပရိသတ် အသုံးတော်ခံ သရုပ်ဆောင်ပြခဲ့သူပါ။

ငွေကြေး ဓန ပြည့်စုံတဲ့ မင်းသမီးတစ်ယောက်ဖြစ်သော်လည်း ဝါသနာအရ အနုပညာလမ်းကြောင်းမှာ

ရပ်တည်နေသူဖြစ်ပြီး တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီမှာတော့ အကယ်ဒမီဆု ရရှိနိုင်ချေ

စကာတင် မင်းသမီး စာရင်းမှာ ပါဝင်ခဲ့သော်လည်း အကယ်ဒမီဆုကြီးနဲ့ လုံးဝလွဲခဲ့ရတာပဲမို့

နဝရတ် ပရိသတ်တွေ အလွန်ကို စိတ်မကောင်းဖြစ်ခဲ့ရပြီး အကောင်းဆုံး ကြိုးစားခဲ့ရတဲ့

နဝရတ်ကိုယ်တိုင်ကလည်း လက်ရှိမှာတော့ အနုပညာလောကကို သေခန်းပြတ် ထွက်သွားဖို့

တွန်းအားတစ်ခု ဖြစ်စေခဲ့တယ်လို့လည်း ဆိုရမှာပါ။ အခွင့်အရေးကြုံလာမယ် ဆိုရင်တောင်

အနုပညာ အလုပ်တွေကို လုံးဝ ပြန်မလုပ်တော့ဘူးလို့ယတိပြတ် ပြောကြားလာခဲ့တဲ့

နဝရတ်ကတော့ ပရိသတ်တွေရှေ့ ရုပ်ရှင်မင်းသမီး နဝရတ် အဖြစ် ဘယ်တော့မှ မြင်တွေ့ရတော့မျာ မဟုတ်ပါဘူး။

လက်ရှိမှာတော့ နဝရတ်ဟာ သူမရဲ့ မိဘနှစ်ပါးမှာ ဖခင်ဖြစ်သူ ဆုံးသွားခဲ့ပြီဖြစ်သော်လည်း ကျန်ရစ်သူ မိခင်ကို

ခြေဆုပ်လက်နယ် ပြုစုရင်း အချိန်ကုန်နေကာ အရမ်းကိုအေးချမ်းမှု ရှိပြီး တစ်သက်တာလုံး ဖြတ်သန်းတော့မှာ ဖြစ်သလို

ဘယ်တော့မှလည်း သူမ အိမ်ထောင်ပြုမဲ့ သတင်းကို ကြားရမှာ မဟုတ်ဘူးလို့လည်း ဆိုထားသူဖြစ်ပါတယ်။

နဝရတ် ကိုယ်တိုင်ကလည်း ချစ်တဲ့ပရိသတ်တွေကိုလည်း လွမ်းဆွတ်နေမှာ အမှန်ပါပဲ။ crd

(Visited 29 times, 1 visits today)