အဖိုးဖြတ်မရအောင်တန်ဖိုးကြီးတဲ့ နှစ်သစ်လက်ဆောင်လေးကို ဝမ်းသာအားရပြောပြလာတဲ့သားဂန်းနဲ့ဘေဘီမောင်…

အဖိုးဖြတ်မရအောင် တန်ဖိုးကြီးတဲ့ နှစ်သစ်လက်ဆောင်လေးကို ဝမ်းသာအားရပြောပြလာတဲ့ သားဂန်းနဲ့ဘေဘီမောင်…

သရုပ်ဆောင် ဘေဘီမောင်ကတော့ သူမထက်အသက်ငယ်ပေမယ့် သူမအပေါ် မေတ္တာစစ်မေတ္တာမှန်နဲ့ချစ်တဲ့ အဆိုတော်သားဂန်းနဲ့ လက်ထပ်ပြီးစီးခဲ့ပြီဖြစ်ပါတယ်။

သားဂန်းနဲ့ ဘေဘီမောင်က တစ်ယောက်နဲ့တစ်ယောက် အသက်အရွယ်ကွာခြားမှုရှိပေမယ့် နားလည်မှုအပြည့်နဲ့ မေတ္တာ တရားတွေလွှမ်းခြုံပြီး ရှေ့ဆက်နေကြတာပဲဖြစ်ပါတယ်။

စိတ်တူကိုယ်တူရှိသလို ရှေ့သွားနောက်လိုက်လည်းညီတဲ့ သားဂန်းနဲ့ ဘေဘီမောင်တို့ဟာ အိမ်ထောင်တစ်ခုကိုအတူတူတည်ထောင်ရင်း သာယာတဲ့ဘဝတစ်ခုကို ဖြတ်သန်းနေကြတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဘေဘီမောင်က သူမတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ ပျော်စရာကောင်းတဲ့ သတင်းတစ်ခုကို မျှဝေပေး လာခဲ့ပါတယ်။ ဘေဘီမောင်က

“ဘေဘီနဲ့ ကိုသားဂန်းရဲ့ နှစ်သစ်လက်ဆောင်လေးက အဖိုးဖြတ်မရအောင် တန်ဖိုးကြီးပါတယ် 🙏🏻🙏🏻🙏🏻 👶🏻👶🏻👶🏻👶🏻👶🏻👶🏻👶🏻👶🏻👶🏻 ရာထူးတိုးတော့မှာပါနော်😍” ဆိုပြီး

သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ပြောလာတာပဲဖြစ်ပါတယ်။ ဘေဘီမောင်နဲ့ သားဂန်းကတော့ (၂၀၂၂) ခုနှစ် နှစ်စမှာပဲ သူတို့ရဲ့ ပထမဦးဆုံးရင်သွေးလေးကို ပိုင်ဆိုင်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ဘေဘီမောင်နဲ့ သားဂန်းတို့ရဲ့ ဝမ်းသာစရာသတင်းအတွက် ထပ်တူဝမ်းသာနေကြမယ်လို့ ထင်ပါ တယ်နော်။

(Visited 12 times, 1 visits today)