အစီအစဉ်တင်ဆက်သူအလုပ်ကို အရမ်းရူးသွပ်ကြသူများအတွက် သူမရဲ့လုပ်သက်၁၀နှစ်တာ အတွေ့အကြုံတွေကို​ဝေမျှကာ ပညာဒါနသင်ကြားပေးသွားမယ်ဆိုတဲ့ ဆုမွန်

အစီအစဉ်တင်ဆက်သူအလုပ်ကို အရမ်းရူးသွပ်ကြသူများအတွက် သူမရဲ့လုပ်သက် ၁၀နှစ်တာ အတွေ့အကြုံတွေကို​ဝေမျှကာ ပညာဒါနသင်ကြားပေးသွားမယ်ဆိုတဲ့ ဆုမွန်

မင်္ဂလာပါ ချစ်ပရိသတ်ကြီးရေ ဆုမွန်ကတော့ မြန်မာနိုင်ငံရဲ့ အောင်မြင်တဲ့ အစီအစဉ် တင်ဆက်သူတွေထဲက တစ်ဦးပါ။ မင်းသမီးတွေနီးနီးကို ယောကျာ်းလေး ပရိသတ်တွေရဲ့ ဝန်းရံခြင်းခံရသူ တစ်ယောက်လို့ ဆိုရမှာပါ။

အစီအစဉ် တော်တော်များမှာ ပါဝင်တင်ဆက်ပြီး ချစ်စရာကောင်းတဲ့ အမူအရာလေးတွေ အမြဲပြုလုပ်တတ်သူလေးလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သူမအနေနဲ့ အစီအစဉ်တင်ဆက်သူ တစ်ဦးရဲ့ ပညာဒါန အနေနဲ့ အစီအစဉ်တင်ဆက်သူ အလုပ်ကို

အရမ်းရူးသွပ်ကြသူများအတွက် သူမရဲ့ လုပ်သက် ၁၀နှစ်တာရဲ့ အတွေ့အကြုံတွေကို​ဝေမျှကာ ပညာဒါန သင်ကြားပေးသွားမှာပါ။ ”အစီအစဉ်တင်ဆက်သူ တစ်ဦးရဲ့ ပညာဒါန ပါအစီအစဉ်တင်ဆက်သူအလုပ်ကို အရမ်း ရူးသွပ်ကြသူများအတွက်

သီးသန့်သာ 🎬အစီအစဉ်တင်ဆက်သူအဖြစ် လျှောက်လှမ်းလိုတဲ့ ညီမလေး မောင်လေးတွေ အတွက်* အခမဲ့ သင်ကြားပေးပါရစေ” ၁၀ နှစ်တာ လေ့လာ လုပ်ကိုင်ခဲ့တဲ့ TV အစီအစဉ် တင်ဆက်သူတစ်ယောက်ရဲ့ အတွေ့အကြုံတွေ

ပြန်လည်မျှဝေ ပေးသွားမှာမို့ စိတ်ဝင်စားတဲ့ ညီမလေးတွေ မောင်လေးတွေ ဘယ်သူမဆို ဝင်လျှောက်လို့ ရပါတယ်ရှင်။ နှစ်သစ်ကူး နှစ်ဦးမှာ ဆုမွန်ရဲ့ ရည်မှန်းချက်ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ အစီအစဉ်တွေ တင်ဆက်ရင်း

ကိုယ်ပိုင် Vlog လေးတွေ ဖန်တီးနိုင်မယ့်ဖန်တီးချင်တဲ့ လူငယ်လေးတွေကို ကိုယ်တိုင်ပုံဖေါ် ပေးချင်တာပါ Online Course ( Full ) ဖြစ်ပါတယ် သင်တန်းကာလက ၁ လမှ ၁ လခွဲ ကြာမှာပါ ကျေးဇူးပြုပြီး အတန်းမပျက်နိုင်တဲ့ သူလေးတွေ ဆက်သွယ်ပေးပါ ”ဆိုတဲ့စာလေးနဲ့

သတင်းကောင်းပါးလာခဲ့တာပါ။ ချစ်ပရိသတ်တွေထဲမှာလည်း အစီအစဉ်တင်ဆက်သူ အဖြစ်ဝါသနာပါရင် သွားရောက်လျှောက်ထားနိုင်ဖို့ ဝေမျှပေးလိုက်ပါတယ်နော်။ ဖတ်ရှု့ပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

(Visited 6 times, 1 visits today)