စင်္ကာပူနိုင်ငံရဲ့ နာမည်ကြီးသတင်းစာမှာ ကမ္ဘာအချောဆုံးအမျိုးသားအဖြစ် ဖော်ပြခြင်းခံခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့မင်းသားချော မော်ဒယ်ပိုင်တံခွန်

စင်္ကာပူနိုင်ငံရဲ့ နာမည်ကြီး သတင်းစာမှာ ကမ္ဘာအချောဆုံး အမျိုးသားအဖြစ်ဖော်ပြခြင်းခံခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ မင်းသားချောမော်ဒယ် ပိုင်တံခွန်

သရုပ်ဆောင်ပိုင်တံခွန်ကတော့ အမိုက်စားခန္ဓာကိုယ်နဲ့အတူ ဆွဲဆောင်မှုရှိလှတဲ့ ခန့်ညားမှုတွေကြောင့် ပြည်တွင်းပရိတ်သတ်များသာမက ပြည်ပပရိတ်သတ်များရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာ အပြည့်အဝရရှိထားတဲ့ သရုပ်ဆောင်မော်ဒယ် တစ်ယောက်ပဲဖြစ်ပါတယ်နော်။

သရုပ်ဆောင် ပိုင်တံခွန်က တော်လှန်ရေးကြီးမှာ ပြည်သူတွေနဲ့ အတူ အမှန်တရားဘက်က ပါဝင်ခဲ့ပြီး လမ်းထွက်ကာ လူထုလှုပ်ရှားမှုတွေမှာ အားတက်သရော ပါဝင်လှုပ်ရှားခဲ့တာကြောင့် ပုဒ်မ၅၀၅က၊ဖြင့် အမှုဖွင့်ထားခြင်းခံရပြီး မတရားအဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်နော်။

ပိုင်တံခွန်ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပြည်သူနဲ့အတူ တသားတည်း ရပ်တည်ကြောင်း၊ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း နိုင်ငံတကာ သိအောင် Speak Out လုပ်၊ ဆန္ဒဖော်ထုတ်ခဲ့တဲ့ အနုပညာရှင်တဦးပါ။

ပိုင်တံခွန်အား စစ်ကောင်စီမှ အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခြင်း၊ လူမှုကွန်ရက် စာမျက်နှာကို အသုံးပြု၍ ဆန့်ကျင် လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့်ဟုဆိုကာ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ပြီး၊ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရတာပဲဖြစ်ပါတယ်။

ယခုတစ်ခါမှာဆိုရင် သရုပ်ဆောင် ပိုင်တံခွန်က စင်ကာပူနိုင်ငံရဲ့ နံမည်ကြီး သတင်းစာတစ်ခုမှာ ဖော်ပြခြင်းခံရတဲ့အကြောင်းကို ပုံနှင့်တကွ၊ စာဖတ်ပရိတ်သတ်ကြီးများအတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်နော်။ TC Candler မှာပိုင်တခွန် နံပါတ်၁ရတာကို

မြန်မာပြည်ရဲ့ Current Situation ကြောင့် တချို့ကထင်နေကြတယ်။ တကယ့်ကို အသေးစိတ်တခုခြင်းစီကအစ ချောလို့ကို နံပါတ် ၁ ရသွားတာပါ။ Plastic Surgery ဆရာဝန်တွေရဲ့ rule တွေထဲမှာကို မျက်နှာကျက ကွက်တိဖြစ်နေခဲ့တာပါ။

ထပ်ပြီး ဂုဏ်ယူရပါတယ်🖤 ပိုင်တံခွန်ကို ဘာကြောင့် ကမ္ဘာအချောဆုံး အမျိုးသားဆိုပြီး သတ်မှတ်တာလဲ ဆိုတာ အခုမှနားလည်တယ် မျက်နှာကို အချိုးချကြည့်တဲ့အခါ အခြေခံ စံအချိုးတွေဖြစ်တဲ့ Symmetry တို့ Rule of Thirds တို့နဲ့ ကိုက်ညီနေတဲ့အပြင်

Golden Ratio ပါမိနေတာကြောင့်ပဲဖြစ်ပါတယ် ပြည်သူချစ် အနုပညာရှင် ပိုင်တံခွန် ပြန်လည် လွတ်မြောက်လာမယ့်နေ့ကို သူ့ရဲ့ မိသားစုဝင်တွေနဲ့အတူ ပရိသတ်များစွာက မျှော်လင့် စောင့်စားနေကြတာပဲဖြစ်ပါတယ်။

(Visited 36 times, 1 visits today)