SINGLE MOTHER အဖြစ်ရပ်တည်နေတဲ့ မေမေခင်ဇာခြည်ကျော်ကို ကိုယ်တိုင်ကြိုးစားမှုနဲ့ ရှာထားတဲ့ပိုက်ဆံနဲ့ လက်ဆောင်ဝယ်ပေးခဲ့တယ်ဆိုတဲ့ သမီးငယ်ထင်သစ္စာ..

SINGLE MOTHER အဖြစ်ရပ်တည်နေတဲ့ မေမေခင်ဇာခြည်ကျော်ကို ခရစ္စမတ်လက်ဆောင်အဖြစ် နောက်ဆုံးပေါ် IPHONE တလုံးလက်ဆောင်ပေးခဲ့တဲ့ သမီးငယ်ထင်သစ္စာ..

ပရိသတ်ကြီးရေ သရုပ်ဆောင် ခင်ဇာခြည်ကျော်ကတော့ ခင်ပွန်းနဲ့ ကွာရှင်းပြီးနောက်ပိုင်း ကလေးနှစ်ယောက်နဲ့အတူ ဘဝကို ကြိုးစားရုန်းကန်နေတဲ့ single mother တစ်ယောက် ဖြစ်ပါတယ်။ အသက်ကြီးသွားပေမယ့် နုပျိုလှပနေဆဲဖြစ်တာကြောင့်

ပရိသတ်တွေက အခုထိ အားပေးချစ်ခင်နေကြဆဲ ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေ မရှိသေးချိန်မှာတော့ ချစ်ရတဲ့ ကလေးနှစ်ယောက်နဲ့ အတူ စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ကလေးနှစ်ယောက်လုံးကလည်း မေမေ့အပေါ် သိတတ်လိမ္မာပြီး

အလုပ်တွေကို ဝိုင်းဝန်းကူညီ လုပ်ကိုင်ပေးနေတာကြောင့် ခင်ဇာခြည်ကျော်တစ်ယောက် ကြည်နူးပီတိဖြစ်နေရတာ ဖြစ်ပါတယ်။ မကြာသေးခင်က ခင်ဇာခြည်ကျော်ရဲ့ Facebook Story တွင် သမီးလေးရဲ့ သိတတ်လိမ္မာမှုတွေကို ဝေမျှရေးသားထားတာ ဖြစ်ပါတယ်။

ဒါကတော့ သမီးလေးကိုယ်တိုင် ကြိုးစားရှာဖွေထားတဲ့ ပိုက်ဆံနဲ့ ဝယ်ပေးထားတဲ့ တန်ဖိုးကြီးလက်ဆောင်လေးကိုထုတ်ကြွားလိုက်တာ ဖြစ်ပါတယ်။ ” ချစ်သမီး ထင်ထင်ကြိုးစားမှုနဲ့ အမေကို ပေးတဲ့ Christmas လက်ဆောင်” ဆိုပြီး ခင်ဇာခြည်ကျော်မှ

ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခင်ဇာခြည်ကျော်တို့ သားအမိနှစ်ယောက်ကို ချစ်ခင်အားပေးကြပါဦးနော်။

(Visited 38 times, 1 visits today)