ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ကမ္ဘာ့အချောဆုံးအမျိုးသားအဖြစ် နံပါတ်(၁)နေရာရောက်ရှိသွားတဲ့ပိုင်တံခွန်

ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် နံပါတ်(၁)နေရာရောက်ရှိသွားတဲ့ ပိုင်တံခွန်

သရုပ်ဆောင် ပိုင်တံခွန်ကတော့ တော်လှန်ရေးကြီးမှာ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကပါဝင်ပြီး လမ်းထွက်ကာ လူထုလှုပ်ရှားမှုတွေမှာ အားတက်သရော ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅က၊ဖြင့် မတရား အမှုဖွင့်ထားခြင်းခံရပြီး မတရားအဖမ်းဆီး

ထိန်းသိမ်းခံထားရပါတယ်နော်။ ပိုင်တံခွန်ကို မနေ့က ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ပုဒ်မ ၅၀၅-ကအရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံရပြီး လက်ရှိမှာ အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။

1990 မှစ၍ နှစ်စဉ်ရွေးချယ်နေကြ TC Candlerရဲ့ ကမ္ဘာ့အချောဆုံး အမျိုးသား အယောက် ၁၀၀စာရင်းမှာ မြန်မာအနုပညာရှင် ပိုင်တံခွန်က ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကမ္ဘာ့အချောဆုံး အမျိုးသားအယောက် ၁၀၀ ရဲ့နံပါတ်တစ်နေရာကနေ

ရွေးချယ်ဖော်ပြ ခံလိုက်ရပါတယ်။ ပိုင်တံခွန်က 2020 မှာလဲ ကမ္ဘာ့အချောဆုံး အယောက် ၁၀၀စာရင်း No10 နေရာမှာ ဖော်ပြခြင်းခံခဲ့ရသူပါပဲ ဖြစ်ပါတယ်၊ အခု 2021မှာဆိုရင်လည်း ထပ်မံပါဝင်လာတဲ့ မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းသော

MyanmarMaleCelebrity ပဲဖြစ်ပါတယ်နော်။ လူကသာ ထောင်ထဲမှာ ရှိနေပေမယ့်လည်း အောင်မြင်မှုကတော့ ကမ္ဘာပတ်နေတဲ့ ပိုင်တံခွန်အတွက် ဂုဏ်ပြုဝမ်းသားစကားလေးကိုလည်း ပြောခဲ့ကြပါအုံးနော်.. Credit

(Visited 14 times, 1 visits today)