သရုပ်ဆောင်ပိုင်တံခွန်ကို စစ်ကောင်စီကအမိန့်ချမှတ်လိုက်ပြီ

သရုပ်ဆောင် ပိုင်တံခွန် ကိုအကြမ်းဖက်စစ်တပ်က ထောင်(၃)နှစ်ချမှတ်

ရန်ကုန်၊ဒီဇင်ဘာ(၂၇) သရုပ်ဆောင် ပိုင်တံခွန်ကို ဒီနေ့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ထောင်တွင်း တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်ချမှတ်ခဲ့တယ်လို့

တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေဆီက သိရပါတယ်။ ဧပြီလ(၄)ရက်နေ့မှာ သရုပ်ဆောင် ပိုင်တံခွန် ကိုမြောက်ဒဂုံမြို့နယ်ရှိ နေအိမ်မှာလာရောက်ဖမ်းဆီးခဲ့ပြီး အမိန့်ချမှတ်ရမယ့်ရက်

မဟုတ်ပေမယ့် အခုလို ထောင်တွင်းအထူးတရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်ရုတ်တရက်အမိန့်ချလိုက်တာဖြစ်ပါတယ်။

ဒီနေ့မှာဘဲ စစ်ကောင်စီက မတရားဖမ်းဆီးခဲ့တဲ့ စာရေးဆရာမနဲ့ ပရဟိတသမားတစ်ဦးဖြစ်တဲ့ ဒေါ်သန်းမြင့်အောင်ကိုလည်း ပုဒ်မ ၅၀၅-က နဲ့ထောင်ဒဏ်(၃)နှစ်ချမှတ်ခဲ့ပါသေးတယ်။Crd

(Visited 13 times, 1 visits today)