ရေမွန်ကွယ်လွန်ခြင်း (၆)လပြည့်နေ့လေးမှာ ရေမွန်အရမ်းသွားချင်ခဲ့တဲ့ အကောက်တောင်ဘုရားမှာ ကောင်းမှုတွေသွားရောက်ပြုလုပ်ပေးခဲ့တဲ့ ရေမွန်ရဲ့မိခင်ကြီး

ရေမွန်ကွယ်လွန်ခြင်း(၆)လပြည့်နေ့မှာ ရေမွန်အရမ်းသွားချင်ခဲ့တဲ့ အကောက်တောင်ဘုရားမှာ ကောင်းမှုတွေသွားရောက်ပြုလုပ်ပေးခဲ့တဲ့ ရေမွန်ရဲ့ မိခင်ကြီး

ပရိသတ်ကြီးရေ မနေ့က ဒီဇင်ဘာလ (၂၃)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်တဲ့ အဆိုတော် ရေမွန် ကွယ်လွန်သွားတာ (၆)လပြည့်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။ ရေမွန်ကွယ်လွန်သွားခဲ့တာ (၆)လပြည့်သွားခဲ့ပြီဆိုပေမဲ့

ပရိတ်တွေနဲ့ ကျန်ရစ်သူတွေရဲ့ ရင်ထဲမှာတော့ မနေ့တစ်နေ့ကလိုပဲ ရေမွန်ကို သတိရတမ်းတနေကြစဲပါ။ ရေမွန်ရဲ့ (၆)လပြည့်တဲ့ လပတ်လည်နေ့လေးမှာ ရေမွန်ရဲ့ မိခင်ကြီးဖြစ်တဲ့ အဆိုတော် အန်တီခင်မြတ်မွန်ကတော့ ရေမွန်အရမ်းသွားချင်ခဲ့တဲ့

အကောက်တောင်ဘုရားကို သွားရောက်ခဲ့ပြီး ရေမွန်အတွက်ရည်စူးကာ ကောင်းမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တပညာသာရဘုန်းဘုန်းကြီး (သက်တော် ၁၀၅ နှစ်) ထံသို့လည်း ဝင်ရောက်ဖူးမျှော်လှူဒါန်းခဲ့ပြီး

ဘုန်းဘုန်းကြီးကျောင်းဝင်းထဲရှိ ရွှေတိဂုံစေတီမြတ်နှင့် ပုံတူစေတီတော် တည်ထားရန်အတွက်လည်း အလှူငွေလှူဒါန်းခြင်းတွေကို ရေမွန်အတွက် ရည်းစူးပြီးပြုလုပ်ပေးခဲ့ပါတယ်။ ရေမွန်ရဲ့ သူငယ်ချင်အရင်းကြီးဖြစ်တဲ့ သရုပ်ဆောင် အဆိုတော် မေကလည်း

ရေမွန်အတွက် လှူဒါန်းမှုမှာ သူတတ်နိုင်သလောက် အလှူငွေတွေပါဝင်လှူဒါန်းပေးခဲ့ပါသေးတယ်တဲ့။ ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ အဆိုတော်ရေမွန်ကတော့ ကောင်းရာဘုံဘဝကနေ ကောင်းမှုတွေကို သာဓုခေါ်ဆိုနေမှာပဲနော်။Crd

(Visited 18 times, 1 visits today)