အရွယ်နဲ့မလိုက်အောင် ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ဒုက္ခမျိုးစုံတွေကြောင့် စိတ်ဓာဏ်ရာရသွားကြတဲ့ သမီးလေးနှစ်ယောက်ရဲ့အကြောင်းကို ပြောပြလာတဲ့ချစ်သုဝေ

အရွယ်နဲ့မလိုက်အောင် ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ဒုက္ခမျိုးစုံတွေကြောင့် စိတ်ဓာဏ်ရာရသွားကြတဲ့ သမီးလေးနှစ်ယောက်ရဲ့အကြောင်းကိုပြောပြလာတဲ့ ချစ်သုဝေ

ပရိသတ်ကြီးရေ အဆိုတော် ချစ်သုဝေကတော့ အခုလက်ရှိ ကာလအထိ ဘေးကင်းရာမှာ တိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။ သူမနဲ့ အတူတူ သမီးလေး နှစ်ယောက်ကိုပါ တစ်ပါတည်း ခေါ်လာခဲ့တာ ဖြစ်ပါတယ်။

မကြာသေးခင်ကချစ်သုဝေရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် အခက်အခဲ ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့နေရတာကြောင့် စိတ်ဒဏ်ရာရသွားကြတဲ့ သမီးလေး နှစ်ယောက်ရဲ့အကြောင်း ရင်ဖွင့်ပြောပြလာခဲ့တာ ဖြစ်ပါတယ်။ ” ခမ်းနားတဲ့ x’mas သစ်ပင်လည်း မရှိဘူး

နွေးထွေးတဲ့ မိသားစုဆုံစည်းရခြင်းလည်းမရှိဘူး ပျော်ရွှင်ခြင်းတွေလိုက်ကောက်တော့ ဟိုတစ ဒီတစ Midnight mass လည်းမရှိဘူး.. Carol သံလွင်လွင်တွေလည်းမရှိဘူး..“အိမ်ပြန်ချင်တယ်မေမေ” …

အခါခါကြားနေပေမယ့် အဖြေမရှိဘူး…ဘေးဘီဝဲယာကြည့်တော့ ဘဝတွေ ကိုယ်စီဟာ မွကျေပျက် စီးနေရောပဲ အိမ်ပျောက် အလုပ်အကိုင်ပျောက် အခြေခံခံစားခွင့်တွေပျောက်,,,အနာဂတ်တွေမသေချာ,,ပစ္စုပန်ဟာဝေဒနာဗလဗွနဲ့….

စောင်လေးအောက်မှာအိပ်စက်ခွင့်ရနေတဲ့ သမီးလေးတွေတွေ့တော့ ရင်တွေအောင့် တင်းထားလေ မျက်ရည်ကျလေ.. ကမ္ဘာကြီးကနေပျော်စရာမဟုတ်ဘူးသမီးလေးတို့ရေ… သူတို့လေးတွေအေးနေကြမှာ..ကြောက်လန့်နေကြမှာ..

ဘယ်တော့မှ ကုစားလို့မရမယ့် စိတ်ဒဏ်ရာတွေ ရရှာကြတော့မှာ…. အတွေးတွေက လူကိုပြိုလဲစေတာပဲ…ဒါပေမယ့် မပြိုလဲဘူး အားတွေထပ်တင် ထပ်အားစိုက် ရသလိုကူရမယ်မျှဝေရမယ်…ခရီးဆက်ရမယ်..

Yes…This x’mas is Blue x’mas for me…With so much pain and grief deep inside.” ဆိုပြီး ဝမ်းနည်းစွာဖြင့် ရေးသားထားတာ ဖြစ်ပါတယ်။Crd

(Visited 14 times, 1 visits today)