လေယာဉ်နဲ့ဗုံးကြဲတာ ကိုယ်တိုင်ကြုံတွေ့နေရကြောင်း ပြောပြလာတဲ့ MRTV သတင်းကြောငြာသူ ကိုကျော်သက်လင်း

လေယာဉ်နဲ့ဗုံးကြဲတာ ကိုယ်တိုင်ကြုံတွေ့နေရကြောင်း ပြောပြလာတဲ့ MRTV သတင်းကြောငြာသူ ကိုကျော်သက်လင်း

မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေတွေက ဖေဖော်ဝါရီလကစခဲ့တဲ့ နိုင်ငံရေးမီးလောင်ကျွမ်းနေတာ အခုဆိုရင် (၁၀)လကျော် အချိန်ကြာမြင့်ခဲ့ပါပြီ။ အာဏာသိမ်းတာကို လက်မခံတဲ့ ပြည်သူတွေအားလုံးနီးပါး ပါဝင်တဲ့ဆန္ဒပြပွဲတွေ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့

ပေါ်ပေါက်လာခဲ့သလို နိုင်ငံတော်ကခန့်အပ်ထားတဲ့ အစိုးရဝန်ထမ်းတွေကလဲ CDM အနေနဲ့ပါဝင် သပိတ်မှောက်ခဲ့ကြပါတယ်။ အဲ့အထဲမှာမှ အာဏာစသိမ်းခဲ့တဲ့ အချိန်အစောပိုင်းကထဲက CDM ပြုလုပ်ခဲ့တဲ့ MRTV ရုပ်သံရဲ့ သတင်းတင်ဆက်သူ ဦးကျော်သက်လင်း တစ်ယောက်လဲပါဝင်ခဲ့ပါတယ်။

ဦးကျော်သက်လင်းက MRTV ရဲ့ ဝါရင့်အစီအစဉ်တင်ဆက်သူဖြစ်ပြီး နိုင်ငံတော်ပွဲများနှင့် အကယ်ဒမီပေးပွဲတွေမှာ အစီအစဉ်တင်ဆက်သူလည်းဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ဦးကျော်သက်လင်းဟာ လွတ်မြောက်နယ်မြေ တစ်နေရာကို ရောက်ရှိနေပြီး ပြည်သူ့ရဲဘော်ဘဝကို ခံယူထားတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကိုကျော်သက်လင်းက လွတ်မြောက်နယ်မြေမှ ရောက်ရှိနေပြီး စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်နေတာလည်းဖြစ်ပါတယ်။ ဒီနေ့မှာတော့ သူရောက်ရှိနေတဲ့ လေးကေ့ကော်မြို့မှာ စစ်ကောင်စီက ညကြီးအချိန်မတော် လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရကြောင်း အခုလိုပြောပြလာပါတယ်။

ကိုကျော်သက်လင်းက အိပ်ကြပြီလားဗျ လေယာဉ်နဲ့ ဗုံးလာကြဲတာကို အိပ်မက်မက်ကြည့်ပါ့လား အဲဒါအခုကျနော်တို့ရဲ့ လေးကေကော်မှာတကယ်ဖြစ်နေတဲ့ အရာပါပဲဆိုပြီး ပြောပြထားတာဖြစ်ပါတယ်။ ဖတ်ရှု့ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

(Visited 20 times, 1 visits today)