ပညာရေးမှာထက်မြတ်တဲ့သမီးလေးဖြစ်တာကြောင့် ဂုဏ်ယူမဆုံးဖြစ်နေရတဲ့ မေမေမျိုးစန္ဒီကျော်

ပညာရေးမှာ ထက်မြတ်တဲ့သမီးလေးဖြစ်တာကြောင့် ဂုဏ်ယူမဆုံးဖြစ်နေရတဲ့ မေမေမျိုးစန္ဒီကျော်

ဂျိုး လို့သူမကိုယ်သူမ ပြောတတ်တဲ့ မင်းသမီးချော မျိုးစန္ဒီကျော် ကတော့ မျက်လုံးအိမ်ဝိုင်းဝိုင်းလေးနဲ့ ထူးခြားလှပသူလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။

မျိုးစန္ဒီကျော်ကတော့ အိမ်ထောင်နဲ့ တရားဝင်ကွာရှင်းပြီးချိန်မှာ သမီးလေး Jewel ကို တစ်ယောက် တစ်လှည့်စီ ပြုစုစောင့်ရှောက်ရင်း အနုပညာအလုပ်တွေနဲ့ စီးပွားရေးအလုပ်တွေကို

အချိန်ပေးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ မျိုးစန္ဒီကျော်အပြင် မျိုးစန္ဒီကျော်ရဲ့ သမီးလေး Jewel ကိုပါ ချစ်ခင်ပေးကြတာပဲ ဖြစ်ပါတယ်။

မျိုးစန္ဒီကျော်ရဲ့သမီးလေး Jewel ကလည်း ချစ်စရာကောင်းရုံသာမက ပညာရေးမှာလည်း အရွယ်လေးနဲ့မလိုက်အောင် ထူးချွန်ထက်မြက်တာကြောင့် မျိုးစန္ဒီကျော်အနေနဲ့ ဂုဏ်ယူနေရကြောင်းကို

“ဘာသာရပ်တိုင်းမှာအရမ်းတော်ပြီး Teacher တွေကတောင် တကူးတကန့်ခေါ်ယူ ချီးကျူးရတဲ့ မေ့ကလေးလေးအတွက် အရမ်းကိုဂုဏ်ယူပါတယ် 😘😘😘” ဆိုပြီး

သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။ မျိုးစန္ဒီကျော်ကတော့ ပညာရေးနဲ့ပက်သတ်ရင် မေမေစိတ်ချမ်းသာရအောင် ကြိုးစားပေးတဲ့သမီးလေးကြောင့် ဂုဏ်ယူနေရတာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ချစ်စရာကောင်းပြီး စာတော်တဲ့မျိုးစန္ဒီကျော်ရဲ့သမီးလေးကို အချစ်ပိုနေကြပြီထင်ပါတယ်နော်။

(Visited 11 times, 1 visits today)