ယောကျာ်းရဖူးတယ်ဆိုပြီး စွပ်စွဲပြောဆိုနေတာကြောင့်ပေါက်ကွဲနေတဲ့ပွင့်

ယောကျာ်းရဖူးတယ်ဆိုပြီး စွပ်စွဲပြောဆိုနေတာကြောင့် ပေါက်ကွဲနေတဲ့ပွင့်

ထူးခြားတဲ့ခန္ဓာကိုယ် ပြည်ပြည့်ဝဝလေးကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု့ကို ရရှိထားသူကတော့ သရုပ်ဆောင်ပွင့်ပဲ ဖြစ်ပါတယ်။

ဟာသရုပ်ရှင်ဇာတ်ကားတွေမှာ အဓိကပါဝင်ပြီးတော့ ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်တဲ့ အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင် တစ်ဦးလဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အနုပညာလုပ်ငန်းတွေ ရပ်နားထားတာကြောင့် သူမဟာ အွန်လိုင်းပေါ်မှာ ဝမ်းရေးအတွက် ဈေးရောင်းချနေပါတယ်။

ပွင့်ကတော့ ဒီကနေ့မှာ ပရိသတ်တွေကို သူမရဲ့အိမ်ထောင်ရေးနဲ့ ပတ်သတ်လို့ ထွက်ပေါ်နေတဲ့ ကောလဟလတွေနဲ့ ပတ်သတ်ပြီး အခုလိုပဲ ပြန်လည်ဖြေရှင်းခဲ့ပါတယ်နော်။

” စမီးကအပျိုလေး… ခုမှ ၁၆နှစ်ပြည့်…ပွင့်ယခုအချိန်ထိ အိမ်ထောင်မပြုခဲ့_ ယောက်ျားမယူခဲ့ဖူးပါ ပွင့်အင်တာဗျူးတွေမှာရော ပွင့်ဒီ pageမှာရော အကြိမ်ကြိမ်ရှင်းရတာ မောနေပြီ။

ပွင့်ကအနုပညာရှင်တယောက်မို့ တခြားမင်းသား မင်းသမီးများစွာနဲ့အတူ မင်္ဂလာဝတ်စုံ ရှိုးပွဲမှာ သတို့သမီးဝတ်စုံနဲ့ ရှိုးပွဲလျှောက်ပေးတုန်းက ပုံကို page(ပေ့ခ်ျ) အတုယောင် တခုက

သူ့ page နာမည်ကြီးချင်လို့ လုပ်ကြံဇာတ်လမ်းဆင်ပြီး ရေးတယ်ဆိုတာ။ ပွင့်ယခုအချိန်ထိ အိမ်ထောင်မပြုခဲ့/ယောက်ျားမယူခဲ့ဖူးပါ။ ဤမှန်သောသစ္စာစကားကြောင့် သူများသမီးပျိုကို

သွားပုပ်လေလွင့် လုပ်ကြံပြောဆိုတဲ့ page အတုယောင်နှင့်တကွ တမင်သိသိကြီးနဲ့ လုပ်ကြံပြောဆိုတဲ့ သူတွေအားလုံး ကံတူအကျိုးပေးပါစေ ” လို့ပွင့်ဟာ

သူမရဲ့ လူမှု့စာမျက်နှာပေါ်မှာ ရေးသားထားတဲ့ သတင်းလေးကို ပြန်လည်မျှဝေ တင်ဆက်ပေးလိုက်ပါတယ်။ ပရိသတ်ကြီးရေ သရုပ်ဆောင်ပွင့် ယောက်ကျားရဖူးတယ်ဆိုတဲ့ ကောလဟာလသတင်းတွေကို

ပြန်လည်ဖြေရှင်းလိုက်တဲ့ သတင်းလေးကို တင်ဆက်ပေးလိုက်တာကြောင့် ပွင့်ကိုချစ်တဲ့ ပရိသတ်တွေ ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်နော်။ ဖတ်ရှု့ပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

(Visited 28 times, 2 visits today)