မော်ဒယ်မင်းသမီးလေးတို့ရဲ့ထပ်မံဖော်ထုတ်ခံလိုက်ရတဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း

မော်ဒယ်မင်းသမီးလေးတို့ရဲ့ ထပ်မံဖော်ထုတ်ခံလိုက်ရတဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း

နိုင်ငံကျော် မင်းသားတစ်ယောက်ဖြစ်တဲ့ နေတိုးကတော့ ပရိသတ်ပြည်သူအားပေးမှု အခံရဆုံး စွယ်စုံရမင်းသား တစ်လက်ဖြစ်ပါတယ်နော်။ နေတိုးဟာ ဗီဒီယိုခေတ်ထဲက လူကြိုက်များခဲ့ရတဲ့ မင်းသားတစ်ယောက်ဖြစ်ပြီး ဗီဒီယိုဈေးကွက်ကျဆင်းပြီး

ရုပ်ရှင်ကားကြီးတွေသာ ရိုက်ကူးကြတော့တဲ့ အချိန်မှာတော့ မင်းသားချော နေတိုးဟာ မြန်မာပြည်မှာ နံပါတ်ဝမ်းလို့ ဆိုရလောက်အောင်ကို ပရိသတ်အားပေးမှုတွေကို ရရှိလာခဲ့ပြီးလျှမ်းလျှမ်းတောက် အောင်မြင် လာခဲ့သော အနုပညာရှင် တစ်ဦးပါပဲနော်။

ထို့အတူပဲ စိုင်းစိုင်းခမ်းလှိုင်ဟာလည်း ဗီစီဒီခေတ်ထဲက အနုပညာ လောကထဲကို ရောက်ရှိလာခဲ့ပြီး သီချင်းအတော်များများမှာ ပါဝင်သရုပ်ဆောင် ခဲ့ရသူတစ်ဦးဖြစ်ပြီး နောက်ပိုင်းမှာတော့ အဆိုတော်တစ်ယောက်အနေနဲ့ လူငယ်ပရိသတ်တွေကြားမှာ

ရေပန်းစားလူကြိုက်များလာခဲ့ပြီး အောင်မြင်မှုသရဖူကို ဆောင်းလာနိုင်ခဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။ စိုင်းစိုင်းဟာ သူ့ရဲ့အောင်မြင်ကို ထိန်းသိမ်းနိုင်စွမ်းရှိတဲ့ သူတစ်ဦးအဖြစ်အားလုံးက သတ်မှတ်ခဲ့ကြရပြီး ဂီတရေစီးကြောင်း အပြောင်းအလဲများစွာ

ဖြစ်ပေါ်လာခဲ့ ချိန်မှာတောင်မှ ပရိသတ်အားပေးမှု အခိုင်အမာအရှိဆုံး ဖေ့ဘုတ်စ်မှာလည်း ဖန်အများအဆုံး အနုပညာရှင်အဖြစ် ကျော်ကြားမှုကို ရယူနိုင်ခဲ့ သူဖြစ်တယ်လို့ ဆိုရမှာပါနော်။ နှစ်ဦးစလုံးဟာ သူတို့ရပ်တည်ရာ အနုပညာနယ်ပယ်မှာ အောင်မြင်တွေကို

သိမ်းပိုက်ထားနိုင်ခဲ့ကြပြီး ပရိသတ်နဲ့ပြောဆိုဆက်ဆံရာမှာလည်း အပြောအဆို ကျွမ်းကျင်ပိုင်နိုင်သူတွေလည်း ဖြစ်ပါတယ်နော်။ သို့အတွက်ကြောင့် သူတို့နှစ်ဦးဟာပရိသတ်တွေရဲ့ စွဲစွဲမြဲမြဲ အားပေးမှုကို ခံယူနိုင်ခဲ့ကြပြီး ဆယ်စုနှစ်တွေတိုင်အောင် အနုပညာလောကမှာ

သရဖူဆောင်းနိုင်ခဲ့ကြသူတွေပါ။ သို့ပေမယ့်လည်း ပြည်သူတွေ စိတ်ဆင်းရဲသောက ရောက်နေကြရတဲ့ အာဏာသိမ်းခံရမှု ကာလကြီးမှာတော့နှစ်ဦးစလုံးဟာ ပရိသတ်ပြည်သူတွေ ယုံကြည်မျှော်လင့် ထားသလောက်တက်ကြွစွာ ကြိုးပမ်းပါဝင်မှုတွေ၊

Speak Out လုပ်ပေးမှုတွေကို ပြုလုပ်ပေးခဲ့ကြခြင်း မရှိကြတဲ့အတွက် ပရိသတ်အတော် များများကတော့ စိတ်တိုင်းမကျ ဖြစ်နေခဲ့ရပါတော့တယ်။ ယခုအခါမှာတော့ သူတို့နှစ်ဦးနဲ့ ပတ်သက် ယှက်နွယ်နေသော သတင်းတစ်ပုဒ်ဟာ အွန်လိုင်းထက်မှာ ပျံ့နှံ့လို့ လာနေတာကို

တွေ့မြင်ရတဲ့အတွက် ဆယ်လီဖန်များအတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။ “ပရိသတ်တွေ မသိသေးတဲ့အာဏာသိမ်းချိန်ကစပြီး စုန်းစုန်စပျောက်မြုပ်နေတဲ့ နိုင်ငံကျော် အနုပညာရှင် မိုင်တဲမင်းသား ကိုနေကိုတိုးနဲ့ အသံဝင်နေလို့

Speak out မလုပ်နိုင်တဲ့ စိုင်းစိုင်းတို့ ပါဝင်ပတ်သက်နေတဲ့ သုံးပွင့်ဆိုင် အချစ်ရေးဟာ ဖော်ထုတ်ခံလိုက်ရပါတယ်။”” မပြောရဲပါဖူး ဂူအောင်းနေတဲ့ စိုင်းစိုင်းခမ်းလှိုင်က ပက်ထရစ်ရှာ့ကို ချစ်ခွင့်ပန်ဖူးခဲ့တယ်ဆွာ မပြောရဲပါဖူး နေတိုးကို ရွဲ့ပီး

ပက်ထရစ်ရှာက စိုင်းစိုင်းခမ်းလှိုင်ကို ကြိုက်ချင်ယောင်ဆောင် ခဲ့ဖူးတယ်ဆွာ … အိုခီ… ဟုတ် ကျိုင်းဇူးပါစင့် ။ ”ဆိုပြီး ဆယ်လီစပိုင်စမော ပေ့ခ်ျကနေ ထုတ်ဖော်ပြောလာတာပဲ ဖြစ်ပါတယ်နော်။ ပရိသတ်ကြီးရေ ဖြစ်ပျက်ပြောင်းလဲမှုတွေ များလွန်းလှတဲ့

လောကကြီးမှာ အနုပညာလောက အသိုင်းအဝန်းဟာလည်း တကယ့်ကို အရှုပ်အထွေးတွေ များလွန်းတယ်ဆိုတာ အင်တာနက်ခေတ်ကြီးမှာ ပိုပြီးသိသာမြင် လာတယ်လို့ဆိုရပါမယ်နော်။ အခုလည်း နေတိုး၊စိုင်းစိုင်းနဲ့ ပက်ထရစ်ရှာတို့ရဲ့ အတိတ်ဖြစ်ရပ်လေး

ပေါ်ပေါက်လာသဖြင့် ဆယ်လီပရိသတ်ကြီးများအတွက် တင်ဆက်ပေးလိုက်ရခြင်း ဖြစ်ပါတယ်နော်။ အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပြီး မြန်မာပြည်သူပြည်သား အားလုံး လိုလားတောင့်တသော ဆန္ဒများ

အမြန်ဆုံး ပြည့်ဝနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။ ခရက်ဒစ်

(Visited 29 times, 1 visits today)