တာဝန်မယူနိုင်ပဲ မထိုက်တန်တဲ့ရာထူးနဲ့လုပ်ပိုင်ခွင့်ကို ရှက်တတ်ရင်မယူတာအကောင်းဆုံးပဲလို့ စကစကိုထိထိမိမိပြောဆိုလိုက်တဲ့ ရွှေရူပါဦး

တာဝန်မယူနိုင်ပဲ မထိုက်တန်တဲ့ရာထူးနဲ့ လုပ်ပိုင်ခွင့်ကို ရှက်တတ်ရင် မယူတာ အကောင်းဆုံးပဲလို့ စကစကို ထိထိမိမိ ပြောဆိုလိုက်တဲ့ ရွှေရူပါဦး

အာဏာသိမ်းစစ်ကောင်စီကို ယုတ်မာတဲ့အစိုးရရဲ့ စံနှုန်းနဲ့အုပ်ချုပ်နေတာကြောင့် ပြည်သူတွေရဲ့ အေးချမ်းပြီး တရားမျှတတဲ့ လွတ်လပ်မှုတွေ ဆုံးရှုံးကာ စိတ်ပျက်ရွံရှာနေပြီလို့ ဒဲ့ဝေဖန်ရှုံ့ချလိုက်တဲ့ စစ်တပ်ထောက်ခံသူ ရွှေရူပါဦး အကြောင်းပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရေ ရွှေရူပါဦးလို့​ပြောလိုက်တာနဲ့ စစ်တပ်ထောက်ခံသူတွေထဲက တစ်ဦးဆိုတာ အလိုလိုပြေးမြင်မိကြမှာပါနော်။ အမြဲ ပြည်သူတွေနဲ့ ဆန့်ကျင်ကာ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်ကို အားပေးလျက်ရှိတဲ့ ရွှေရူပါဦးကတော့

ဒီနေ့မှာ စစ်​ကောင်စီကို ပြစ်တင်ရှုံ့ချ စကားဆို လာခဲ့တာပါ။ “အေးချမ်းတဲ့ တိုင်းပြည်တစ်ခုကို မျှော်လင့်ခြင်းပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုမရှိတဲ့ နိုင်ငံဖြစ်နေတာဟာ လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရမှာသာ တာဝန်အပြည့်ရှိပါတယ်။

အာဏာပိုင်အစိုးရနဲ့ လက်အောက်ခံ ဌာနဆိုင်ရာတိုင်းမှာ တာဝန်ယူမှုနဲ့ တာဝန်ခံမှုစနစ်တွေ ပျောက်ဆုံးနေပြီး ဘောလီဘောသမားတွေများပြားလွန်းလှတာ ကိုယ်တွေ့ပါ။ တပ်မတော်ဟာ နိုင်ငံရေး အခန်းကဏ္ဍမှာ ပါဝင်ပတ်သတ်မှု အရေးကြီးသော်လည်း

တပ်မတော်နှင့် နိုင်ငံရေးဟာလားလားမှ သက်ဆိုင်မှုမရှိစေရလို့ မပြောလိုပေမယ့် ထိုက်သင့်လျှောက် ပါဝင်ပတ်သတ်မှုတွေနှင့်အတူ တပ်မတော်နဲ့နိုင်ငံရေးဟာ သီးခြားဆီရပ်တည်နေသင့်ပါတယ်

တာဝန်မယူနိုင်တဲ့အရာ တစ်ခုမှာမထိုက်တန်တဲ့ ရာထူးနဲ့ လုပ်ပိုင်ခွင့်ကို ရှက်တတ်ရင် မယူတာအကောင်းဆုံးလို့ ထင်ပါတယ်။ ပြည်သူတွေရဲ့ အေးချမ်းပြီး တရားမျှတတဲ့ လွတ်လပ်မှုတွေ ဆုံးရှုံးနေလို့ လက်ရှိအစိုးရကြီးကိုလည်း

အဖက်ဖက်က ပြည်သူတွေအားလုံးက စိတ်ပျက်နေကြပါပြီ။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ ခပ်ပဲ့ပဲ့အတွေးအခေါ်တွေရှိနေသရွေ့ တိုင်းပြည်နဲ့ ပြည်သူအကျိုးပါလို့ တွင်တွင်အော်နေလည်း ဘယ်ပြည်သူတွေကမှ အထင်ကြီးအားကိုးလေးစွာလာဖွယ်ရာ မရှိပါလေ

တည်ဆဲဥပဒေကိုပါ လိုသလို အသုံးချနေတာ​ အပြစ်မဲ့ပြည်သူတွေအပေါ် တစ်ဖက်လှည့်နဲ့စော်ကားရာ ရောက်နေတယ်ဆိုတာ သတိချပ် ဒါဆိုလျှင် လက်ရှိအစိုးရကို ပြည်သူတွေအနေနဲ့ ယုံကြည်အားကိုးနေကြလား စိတ်ပျက်ရွံရှာနေကြလားဆိုတာ

သဘောပေါက်သင့်ပြီ ယုတ်မာတဲ့ အစိုးရရဲ့ စံနှုန်းနဲ့ယှဉ် မာနခြင်းပြိုင်နေသရွေ့ ကိုယ်လည်းထိုနည်းလည်းကောင်း သူမသာ ကိုယ် အသုဘဖြစ်နေပြီး ပြည်သူတွေ နစ်နာနေကြရဦးမှာပါပဲ” ဆိုတဲ့စာတင်ကာ စစ်ကောင်စီကို ရှုံ့ချပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။ Crd

(Visited 18 times, 1 visits today)